Posted on Leave a comment

iPhone ရဲ႕ Notification Banner ကို အေရာင္ေလးေတြထည့္ၾကမယ္

Zawgyi Version

iPhone ရဲ႕ notification system ကေတာ့ ႏွစ္ေတြၾကာလာတာနဲ႕အမွ် ပိုိုမိုေကာင္းမြန္လာတာကို ကၽြန္ေတာ္တို႕ ေတြ႕ျမင္ရပါတယ္။ ဒါေပမယ့္လည္း ကၽြန္ေတာ္တို႕ဘက္က လုပ္လို႕ရတာေလးေတြလည္း ရွိေနပါေသးတယ္။ notification ဆိုတာ အသံုး၀င္တယ္ဆိုေပမယယ့္လည္း အားလံုးက တစ္ေျပးတည္းျဖစ္ေနမယ္္ဆိုရင္ေတာ့ ဘယ္ app က ဘယ္လိုအေၾကာင္းမ်ိဳး အသိေပးခ်င္တာလည္းဆိုတာ ကၽြန္ေတာ္တို႕ခြဲျခားဖို႕ခက္ႏုိင္ပါတယ္။ ျခံဳၾကည့္လို႕မျဖစ္ႏုိင္တဲ့ကိစၥရပ္မ်ိဳးလို႕ ကၽြန္ေတာ္တို႕ေျပာရမွာေပါ့။ ဒါေၾကာင့္လည္း jailbreak tweak ေလးေတြက အျမဲတမ္းကူညီေပးဖို႕ အသင့္ရွိေနတာေပါ့။

Palette one လိုမ်ိဳး tweak ေလးေတြက iPhone ရဲ႕ stock notification နဲ႕ Today widget ကို အေျပာင္းအလဲေလး ျဖစ္ေစႏုိင္ပါတယ္။ Maxwell Dausch ဖန္တီးထားတဲ့ ဒီ free tweak ေလးက သင့္ကို widget နဲ႕ banner ေတြရဲ႕အေရာင္ကို စိတ္ၾကိဳက္စီမံႏုိင္ေစမွာပါ။ ဒီေတာ့ အမ်ားၾကီးထဲကေနျပီးေတာ့ ခြဲျခားျပီး ၾကည့္ရွဳခြင့္လည္း ရရွိေစမွာပါ။

Packix Repo ကို သြင္းလိုက္ပါ

Palette ကို မသြင္းခင္မွာ ပထမဆံုးအေနနဲ႕ package ပါ၀င္တဲ့ external repo တစ္ခုုကို ေဒါင္းလုတ္ဆြဲဖို႕လိုအပ္ပါတယ္။ ဒီလိုလုပ္ဖို႕အတြက္ဆိုရင္ေတာ့ Cydia ကို သြားျပီးေတာ့ ေအာက္ေျခနားေလးမွာရွိတဲ့ “Sources” ကိုႏွိပ္၊ ညာဘက္အေပၚနားေလးမွာရွိတဲ့ “Edit” ကိုႏွိပ္ပါ။ ျပီးရင္ေတာ့ “Add” ကို ထပ္ႏွိပ္လုိက္ပါ။

URL ေလးတက္လာျပီဆိုရင္ေတာ့ repo.packix.com ေလးကိုထည့္ျပီးေတာ့ “Add Source” ႏွိပ္လုိက္ပါ။ repo သြင္းမယ့္အခ်ိန္ေလး ေစာင့္ေပးလုိက္ပါ။ ျပီးရင္ေတာ့ “Return to Cydia” ကို ႏွိပ္လုိက္ပါ။

Palette ကို သြင္းပါ

Packix repo ရသြားျပီဆိုရင္ေတာ့ မွန္ဘီလူးေလးကိုႏွိပ္လိုက္ပါ။ “palette” လို႕ ရုိက္ထည့္လိုက္ျပီးေတာ့ က်လာတဲ့ tweak ေလးကို ေရြးေပးလိုက္ပါ။ “Modify” ကို ႏွိပ္ျပီးေတာ့ သြင္းလို႕ရပါျပီ။

မီႏူးေလးေပၚလာျပီဆိုရင္ေတာ့ “Modify” ကိုေရြးျပီး “Install” ကိုေရြးေပးလိုက္ပါ။ အဲဒီေနာက္မွာေတာ့ “Confirm” လုပ္ေပးလုိက္ပါ။ Palette ေလး iPhone ထဲကို သြင္းသြားပါလိမ့္မယ္။ ေဒါင္းလုတ္ဆြဲေနပါလိမ့္မယ္။ ခဏေစာင့္လုိက္ပါ။ အဲဒီေနာက္မွာေတာ့ “Restart SpringBoard” ကို ႏွိပ္ျပီးေတာ့ tweak သြင္းျခင္းကို အဆံုးသတ္လုိက္ပါ။

Tweak Palette

Palette ေလးအသက္၀င္လာျပီးေတာ့ အေပၚမွာေျပာထားခဲ့တဲ့အတုိင္း အေရာင္ေလးေတြကို စိတ္ၾကိဳက္သတ္မွတ္ေပးႏုိင္ပါျပီ။ ဥပမာ News နဲ႕ Weather အတြက္ဆုိရင္ အနီနဲ႕ အျပာထားတာမ်ိဳးေပ့ါ။ widgets နဲ႕ banners ကို ပိုျပီးေတာ့ ျမင္သာခ်င္တယ္ဆိုရင္လည္း ကိုယ့္စိတ္ၾကိဳက္သတ္မွတ္ေပးလို႕ရပါတယ္။

jailbreak tweak ေတြအမ်ားၾကီးရွိတဲ့အထဲကမွ Palette ေလးဟာ Settings app ကေန လွမ္းေခၚလို႕ရပါတယ္။ ေရြးျပီးတာနဲ႕ color ၊ layout ၊ lock screen notification banner ၊ widget ေတြကို စိတ္ၾကိဳက္အေရာင္ေျပာင္းလုိက္ပါ။

Palette က banner နဲ႕ widget အတြက္ စိတ္ၾကိဳက္အေရာင္ သတ္မွတ္လို႕ရပါျပီ။ transparency လုပ္ခ်င္တယ္ဆုိရင္ေတာ့ “Blur Style” ၊ text within notifications ေပၚခ်င္တယ္ဆုိရင္ေတာ့  “Label Color” ၊ “Gradient” ကေတာ့ အဆင္ေျပဆံုးပါပဲ။ “Fake Header” ကေတာ့ banner နဲ႕ widget ကို ခြဲျခားေပးမွာျဖစ္ျပီး “Underline” ကေတာ့ header နဲ႕ body ကို ပိုျပီးေတာ့ ရွင္းရွင္းလင္းလင္း ျမင္သာေစမွာပါ။

အဲဒီလိုအေျခခံလုပ္ေဆာင္ခ်က္ေလးေတြအျပင္ iPhone ရဲ႕ banner နဲ႕ widget ေလးေတြကိုလည္း “Use Custom” option ေလးနဲ႕ ကစားၾကည့္လုိက္ပါ။ ဒါေပမယ့္ သတိျပဳရမွာက “Respring” ဆိုတာေလးကို ႏွိပ္္ဖို႕ေတာ့မေမ့ပါနဲ႕ေနာ္။

Unicode Version

iPhone ရဲ့ notification system ကတော့ နှစ်တွေကြာလာတာနဲ့အမျှ ပိုမိုကောင်းမွန်လာတာကို ကျွန်တော်တို့ တွေ့မြင်ရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဘက်က လုပ်လို့ရတာလေးတွေလည်း ရှိနေပါသေးတယ်။ notification ဆိုတာ အသုံးဝင်တယ်ဆိုပေမယယ့်လည်း အားလုံးက တစ်ပြေးတည်းဖြစ်နေမယ်ဆိုရင်တော့ ဘယ် app က ဘယ်လိုအကြောင်းမျိုး အသိပေးချင်တာလည်းဆိုတာ ကျွန်တော်တို့ခွဲခြားဖို့ခက်နိုင်ပါတယ်။ ခြုံကြည့်လို့မဖြစ်နိုင်တဲ့ကိစ္စရပ်မျိုးလို့ ကျွန်တော်တို့ပြောရမှာပေါ့။ ဒါကြောင့်လည်း jailbreak tweak လေးတွေက အမြဲတမ်းကူညီပေးဖို့ အသင့်ရှိနေတာပေါ့။
Palette one လိုမျိုး tweak လေးတွေက iPhone ရဲ့ stock notification နဲ့ Today widget ကို အပြောင်းအလဲလေး ဖြစ်စေနိုင်ပါတယ်။ Maxwell Dausch ဖန်တီးထားတဲ့ ဒီ free tweak လေးက သင့်ကို widget နဲ့ banner တွေရဲ့အရောင်ကို စိတ်ကြိုက်စီမံနိုင်စေမှာပါ။ ဒီတော့ အများကြီးထဲကနေပြီးတော့ ခွဲခြားပြီး ကြည့်ရှုခွင့်လည်း ရရှိစေမှာပါ။
Packix Repo ကို သွင်းလိုက်ပါ
Palette ကို မသွင်းခင်မှာ ပထမဆုံးအနေနဲ့ package ပါဝင်တဲ့ external repo တစ်ခုကို ဒေါင်းလုတ်ဆွဲဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက်ဆိုရင်တော့ Cydia ကို သွားပြီးတော့ အောက်ခြေနားလေးမှာရှိတဲ့ “Sources” ကိုနှိပ်၊ ညာဘက်အပေါ်နားလေးမှာရှိတဲ့ “Edit” ကိုနှိပ်ပါ။ ပြီးရင်တော့ “Add” ကို ထပ်နှိပ်လိုက်ပါ။
URL လေးတက်လာပြီဆိုရင်တော့ repo.packix.com လေးကိုထည့်ပြီးတော့ “Add Source” နှိပ်လိုက်ပါ။ repo သွင်းမယ့်အချိန်လေး စောင့်ပေးလိုက်ပါ။ ပြီးရင်တော့ “Return to Cydia” ကို နှိပ်လိုက်ပါ။
Palette ကို သွင်းပါ
Packix repo ရသွားပြီဆိုရင်တော့ မှန်ဘီလူးလေးကိုနှိပ်လိုက်ပါ။ “palette” လို့ ရိုက်ထည့်လိုက်ပြီးတော့ ကျလာတဲ့ tweak လေးကို ရွေးပေးလိုက်ပါ။ “Modify” ကို နှိပ်ပြီးတော့ သွင်းလို့ရပါပြီ။
မီနူးလေးပေါ်လာပြီဆိုရင်တော့ “Modify” ကိုရွေးပြီး “Install” ကိုရွေးပေးလိုက်ပါ။ အဲဒီနောက်မှာတော့ “Confirm” လုပ်ပေးလိုက်ပါ။ Palette လေး iPhone ထဲကို သွင်းသွားပါလိမ့်မယ်။ ဒေါင်းလုတ်ဆွဲနေပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။ အဲဒီနောက်မှာတော့ “Restart SpringBoard” ကို နှိပ်ပြီးတော့ tweak သွင်းခြင်းကို အဆုံးသတ်လိုက်ပါ။
Tweak Palette
Palette လေးအသက်ဝင်လာပြီးတော့ အပေါ်မှာပြောထားခဲ့တဲ့အတိုင်း အရောင်လေးတွေကို စိတ်ကြိုက်သတ်မှတ်ပေးနိုင်ပါပြီ။ ဥပမာ News နဲ့ Weather အတွက်ဆိုရင် အနီနဲ့ အပြာထားတာမျိုးပေ့ါ။ widgets နဲ့ banners ကို ပိုပြီးတော့ မြင်သာချင်တယ်ဆိုရင်လည်း ကိုယ့်စိတ်ကြိုက်သတ်မှတ်ပေးလို့ရပါတယ်။
jailbreak tweak တွေအများကြီးရှိတဲ့အထဲကမှ Palette လေးဟာ Settings app ကနေ လှမ်းခေါ်လို့ရပါတယ်။ ရွေးပြီးတာနဲ့ color ၊ layout ၊ lock screen notification banner ၊ widget တွေကို စိတ်ကြိုက်အရောင်ပြောင်းလိုက်ပါ။
Palette က banner နဲ့ widget အတွက် စိတ်ကြိုက်အရောင် သတ်မှတ်လို့ရပါပြီ။ transparency လုပ်ချင်တယ်ဆိုရင်တော့ “Blur Style” ၊ text within notifications ပေါ်ချင်တယ်ဆိုရင်တော့ “Label Color” ၊ “Gradient” ကတော့ အဆင်ပြေဆုံးပါပဲ။ “Fake Header” ကတော့ banner နဲ့ widget ကို ခွဲခြားပေးမှာဖြစ်ပြီး “Underline” ကတော့ header နဲ့ body ကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်သာစေမှာပါ။
အဲဒီလိုအခြေခံလုပ်ဆောင်ချက်လေးတွေအပြင် iPhone ရဲ့ banner နဲ့ widget လေးတွေကိုလည်း “Use Custom” option လေးနဲ့ ကစားကြည့်လိုက်ပါ။ ဒါပေမယ့် သတိပြုရမှာက “Respring” ဆိုတာလေးကို နှိပ်ဖို့တော့မမေ့ပါနဲ့နော်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.