Instagram ဟာ ဘေးတိုက်ကြီးပေါ်လာတဲ့အတွက် သုံးစွဲသူတွေရဲ့ပေါက်ကွဲသံတွေ ဆူညံနေ

0
1088

Zawgyi Version








Insta – IGTV လား






Unicode Verison

ဒီနေ့အစောပိုင်းမှာ Instagram ဟာ landscape-oriented Tinder အဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ သုံးစွဲသူတွေ ယောက်ယက်ခတ်သွားခဲ့ပြီး Twitter ပေါ်မှာ ရင်ဖွင့်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းပါပဲ။ Instagram ရဲ့ ဒေါင်လိုက်သွားတဲ့ပုံစံကနေ ပြောင်းလိုက်ခြင်းက အမှားအယွင်းတစ်ခုလုပ်မိသွားတာပါ။ ဒါပေမယ့်လည်း Instagram ရဲ့ update ကတော့ ၂၀၁၈ အတွက် အမှတ်ရစရာတစ်ခုအနေနဲ့ ဖြစ်သွားခဲ့ပါတယ်။
ကဲ ဒီတော့ ဘယ်လိုတွေပေါက်ကွဲထားသလဲဆိုတာ ကျွန်တော်တို့လေ့လာကြည့်လိုက်ရအောင်။
“ဒါက စမ်းသပ်ချက်လေးတစ်ခုဖြစ်ပါလိမ့်မယ်။ မတော်တဆ သုံးစွဲသူအများကြီးဆီကိုရောက်သွားတာဖြစ်မှာပါ။ ချက်ချင်းပြင်သင့်နေပါပြီ။ မြင်နေရသေးတယ်ဆိုရင်တော့ app ကို restart ချကြည့်လိုက်ပါ။ ပျော်ရွှင်ဖွယ် အားလပ်ရက်လေးဖြစ်ပါစေ” လို့ Twitter သုံးစွဲသူတစ်ယောက်က ရေးသားထားတာကို တွေ့မြင်ရပါတယ်။
“ကျွန်တော်တို့ – chronological timelines လေး လုပ်ပေးပါ
Insta – ဘာလဲ insta stories ကိုပြောတာလား
ကျွန်တော်တို့ – မဟုတ်ဘူးလေ chronological timelines ကိုပြောတာ
Insta – IGTV လား
ကျွန်တော်တို့ – မဟုတ်ပါဘူး chronological timelines ပါဆို
Insta – အိုး အလျားလိုက်ဆွဲချင်တာကိုး #instagramupdate ” လို့လည်း သုံးစွဲသူတစ်ယောက်က ပြောင်ထားတာကို တွေ့မြင်ရပါတယ်။
Instagram က ချစ်စရာကောင်းတယ်ဆိုတာ နောက်မှာကျန်ရစ်ခဲ့ပြီ။ အခုတော့ ဖျက်ပစ်ဖို့ပဲကျန်တော့တယ်လို့လည်း သုံးစွဲသူတစ်ယောက် ဒေါသထွက်ထွက်နဲ့ တင်ထားပါတယ်။
Update လေးတစ်ခုက ဒီလောက်အထိ ဗြောင်းဆန်သွားလိမ့်မယ်ဆိုတာ Insta လုပ်ငန်းဦးဆောင်သူတွေ မသိခဲ့လို့များလား။
ဒါပေမယ့် ကျွန်တော်တို့အားလုံး အရင်အခြေအနေကို ပြန်သွားနိုင်ပါ့မလား။ မမြင်နိုင်တဲ့ကံတရားကို ကျွန်တော်တို့ သတ်မှတ်လို့ရမှာလား။ စောင့်ကြည့်ရမယ့် ပွဲကြီးပွဲကောင်းတစ်ခုလို့လည်း ဆိုရမှာပါ။

Leave a Reply