
0
738




48MP 3D Camera ပါလာတဲ့ Honor View 20 ကို ကြေညာပြီ

၂၀၁၉ ခုနှစ်ရဲ့ ပထမဆုံး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကို ကြေညာလိုက်ပါပြီ။ သူကတော့ Honor View 20 ဖြစ်ပြီး မျက်နှာပြင် အပြည့် ဒီဇိုင်း အသစ်ကို အသုံးပြုထားပါတယ်။ Notch မပါဘဲ မျက်နှာပြင်အောက်မှာ အရှေ့ ကင်မရာကို မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ အလွန် Resolution မြင့်မားတဲ့ ကင်မရာ အတွဲအစပ်ကို အသုံးပြုထားပါတယ်။ ဒီဇိုင်းကလည်း အလွန် လန်းပါတယ်။

Honor View 20 ကို တရုတ်မှာ ကြေညာလိုက်တာ ဖြစ်ပြီး လာမယ့်လ ၂၂ ရက်နေ့မှာ ပဲရစ်မှာ မိတ်ဆက်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ 6/128GB ကို ယွမ် ၂၉၉၉ ( ၄၃၅ ဒေါ်လာ) ၊ 8/128GB ကို ယွမ် ၃၄၉၉ ( ၅၁၀ ဒေါ်လာ) ၊ 8/256GB ကို ယွမ် ၃၉၉၉ (၅၈၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တရုတ်မှာ ယခုလ ၂၈ ရက်မှာ ရောင်းချမှာပါ။

သူ့မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မပါပါဘူး။ သာမာန် လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ ဆော့ဖ်ဝဲ အပိုင်းမှာ Super Night View Mode, GPU Turbo 2.0 နဲ့ EIS များ ပါပါတယ်။ သူ့ကို မော်နီတာ၊ ကီးဘုတ်၊ မောက်စ်များနဲ့ တွဲဖက်ပြီး ပီစီလို သုံးနိုင်ပါတယ်။ အနီ၊ အပြာနဲ့ အနက်ရောင်များ ရွေးချယ်နိုင်ပါတယ်။ သူ့ရဲ့ Specs အသေးစိတ်ကို အောက်မှာ လေ့လာပါ။

Leave a Reply