ႏိုင္ငံျခားသားမ်ား ပါ၀င္လာတဲ့ တရုတ္ အင္တာနက္ ဆယ္လီ ေစ်းကြက္

0
630

တရုတ္မွာ စမတ္ဖုန္း အသံုးျပဳသူ အေရအတြက္ဟာ ၁ ဘီလီယမ္ေက်ာ္ ရွိလာပါၿပီ။ တရုတ္ လူမႈကြန္ယက္မ်ားမွာလည္း ဆယ္လီမ်ားဟာ ေၾကာ္ညာမ်ားကေန ၀င္ေငြမ်ားစြာ ရေနၾကပါၿပီ။ ေဘဂ်င္း အေျခစိုက္ သုေတသန အဖြဲ႕အစည္း Analysus က ၂၀၁၈ ခုႏွစ္မွာ အင္တာနက္ ဆယ္လီမ်ားရဲ႕ ေၾကာ္ညာေစ်းကြက္ဟာ ေဒၚလာ ၁၄ ဘီလီယမ္အထိ ရွိလာတယ္လို႔ ေျပာပါတယ္။

Follower ေပါင္း သိန္း ဂဏန္းရွိတဲ့ ဆယ္လီမ်ားဟာ WeChat မွာ ေၾကာ္ညာ ပို႔စ္တစ္ခု တင္ရင္ ျမန္မာေငြ သိန္း ႏွစ္ေထာင္အထိ ရေနၾကပါတယ္။ တရုတ္မွာ အင္တာနက္ ဆယ္လီမ်ားဟာ ႏွစ္စဥ္တိုးတက္လာပါတယ္။ iResearch ရဲ႕ စစ္တမ္းတစ္ခု အရ တရုတ္မွာ Follower ၁၀၀ ၀၀၀ ေက်ာ္ ရွိတဲ့ အြန္လိုင္း ဆယ္လီ အေရအတြက္ဟာ ၂၀၁၆ ခုႏွစ္ကစၿပီး ၂၀၁၈ ခုႏွစ္အထိ ၅၇.၃ ရာခုိင္ႏႈန္း တိုးတက္လာတယ္လို႔ သိရပါတယ္။

အဲဒီ အတြက္ ႏုိင္ငံျခားသားမ်ားကလည္း တရုတ္ အင္တာနက္ ဆယ္လီ ေစ်းကြက္ကို ၀င္လာၾကပါတယ္။ တရုတ္ အင္တာနက္ ဆယ္လီမ်ားဟာ စီးပြားေရးလုပ္ငန္းတစ္ခုေတာင္ ျဖစ္လာပါၿပီ။ တရုတ္မွာ အင္တာနက္ ဆယ္လီမ်ားကို Wang Hong လို႔ေခၚၾကၿပီး တစ္ႏွစ္လွ်င္ ေဒၚလာ ၄၆ သန္းေက်ာ္ ေငြရွာႏုိင္ၾကပါတယ္။ လူမႈကြန္ရက္မွာ ဆယ္လီ ျဖစ္ရင္ သင့္ရဲ႕ လက္ရွိ အလုပ္မ်ားကေနေတာင္ ထြက္ႏုိင္ပါတယ္။

တရုတ္ဟာ အေမရိကန္ထက္ အြန္လိုင္းေစ်းကြက္ ပိုမိုႀကီးမားပါတယ္။ PweDiePie လို YouTube Star ဟာ ေဒၚလာ ၁၅ သန္း ၀င္ေငြရေနတဲ့ အခ်ိန္မွာ တရုတ္ အင္တာနက္ ဆယ္လီမ်ားက တစ္ႏွစ္လွ်င္ ေဒၚလာ ၄၆ သန္း ရေနပါတယ္။ တရုတ္မွ ေကာလိပ္တစ္ခုက လူမႈကြန္ရက္မွာ ဆယ္လီ ျဖစ္ဖို႔ သင္ေပးေနတဲ့ သတင္းမ်ားလည္း ယခင္က ၾကားခဲ့ရၿပီးပါၿပီ။

unicode

နိုင်ငံခြားသားများ ပါဝင်လာတဲ့ တရုတ် အင်တာနက် ဆယ်လီ ဈေးကွက်

တရုတ်မှာ စမတ်ဖုန်း အသုံးပြုသူ အရေအတွက်ဟာ ၁ ဘီလီယမ်ကျော် ရှိလာပါပြီ။ တရုတ် လူမှုကွန်ယက်များမှာလည်း ဆယ်လီများဟာ ကြော်ညာများကနေ ဝင်ငွေများစွာ ရနေကြပါပြီ။ ဘေဂျင်း အခြေစိုက် သုတေသန အဖွဲ့အစည်း Analysus က ၂၀၁၈ ခုနှစ်မှာ အင်တာနက် ဆယ်လီများရဲ့ ကြော်ညာဈေးကွက်ဟာ ဒေါ်လာ ၁၄ ဘီလီယမ်အထိ ရှိလာတယ်လို့ ပြောပါတယ်။

Follower ပေါင်း သိန်း ဂဏန်းရှိတဲ့ ဆယ်လီများဟာ WeChat မှာ ကြော်ညာ ပို့စ်တစ်ခု တင်ရင် မြန်မာငွေ သိန်း နှစ်ထောင်အထိ ရနေကြပါတယ်။ တရုတ်မှာ အင်တာနက် ဆယ်လီများဟာ နှစ်စဉ်တိုးတက်လာပါတယ်။ iResearch ရဲ့ စစ်တမ်းတစ်ခု အရ တရုတ်မှာ Follower ၁၀၀ ၀၀၀ ကျော် ရှိတဲ့ အွန်လိုင်း ဆယ်လီ အရေအတွက်ဟာ ၂၀၁၆ ခုနှစ်ကစပြီး ၂၀၁၈ ခုနှစ်အထိ ၅၇.၃ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ သိရပါတယ်။

အဲဒီ အတွက် နိုင်ငံခြားသားများကလည်း တရုတ် အင်တာနက် ဆယ်လီ ဈေးကွက်ကို ဝင်လာကြပါတယ်။ တရုတ် အင်တာနက် ဆယ်လီများဟာ စီးပွားရေးလုပ်ငန်းတစ်ခုတောင် ဖြစ်လာပါပြီ။ တရုတ်မှာ အင်တာနက် ဆယ်လီများကို Wang Hong လို့ခေါ်ကြပြီး တစ်နှစ်လျှင် ဒေါ်လာ ၄၆ သန်းကျော် ငွေရှာနိုင်ကြပါတယ်။ လူမှုကွန်ရက်မှာ ဆယ်လီ ဖြစ်ရင် သင့်ရဲ့ လက်ရှိ အလုပ်များကနေတောင် ထွက်နိုင်ပါတယ်။

တရုတ်ဟာ အမေရိကန်ထက် အွန်လိုင်းဈေးကွက် ပိုမိုကြီးမားပါတယ်။ PweDiePie လို YouTube Star ဟာ ဒေါ်လာ ၁၅ သန်း ဝင်ငွေရနေတဲ့ အချိန်မှာ တရုတ် အင်တာနက် ဆယ်လီများက တစ်နှစ်လျှင် ဒေါ်လာ ၄၆ သန်း ရနေပါတယ်။ တရုတ်မှ ကောလိပ်တစ်ခုက လူမှုကွန်ရက်မှာ ဆယ်လီ ဖြစ်ဖို့ သင်ပေးနေတဲ့ သတင်းများလည်း ယခင်က ကြားခဲ့ရပြီးပါပြီ။

Leave a Reply