Gadget Trending

ပြောင်းလဲမှုတွေအကြောင်း ချပြလိုက်တဲ့ iPad mini 5 Cover ရဲ့ ပုံရိပ်လေး

Zawgyi version






Unicode version

iPad ရဲ့ရှုထောင့်ကို ပိုမိုကောင်းမွန်တဲ့တစ်နေရာအတွက် ပြင်ဆင်နေတယ်ဆိုတာ Apple ဆီကနေ ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။ iPad Pro အသစ်ကလည်း တုံ့ပြန်မှုကောင်းတွေ မြင့်တက်နေပြီးတော့ iPad mini အသစ်အတွက်လည်း မျှော်မှန်းထားမှုတွေ ရှိနေပါတယ်။ အခုအချိန်မှာတော့ ခန့်မှန်းမှုတွေက ပိုမိုအားကောင်းလာနေပါပြီ။ ဘာကြောင့်လဲဆိုတော့ iPad Mini 5 အတွက် Cover လေး ထွက်ရှိလာတဲ့အတွက်ကြောင့်ပါ။
လက်ရှိအတွက် အကောင်းဆုံးခန့်မှန်းပေးရမယ်ဆိုရင်တော့ iPad mini 5 လို့ခေါ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း iPhone အတွက်တောင်မှ နာမည်ကို အမျိုးမျိုးပြောင်းလဲခေါ်ဆိုနေတဲ့အတွက်ကြောင့် စဉ်းစားရတာတော့ နည်းနည်းအကျပ်ရိုက်ပါတယ်။ ပုံရိပ်လေးကိုကြည့်လိုက်တဲ့အခါမှာတော့ သူ့မှာ ၂၀၁၉အတွက် ၇.၉လက်မ iPad အနေနဲ့ ထွက်ပေါ်လာမယ်လို့ ကျွန်တော်တို့ခန့်မှန်းထားပါတယ်။


ပေါက်ကြားလာတဲ့ဓါတ်ပုံလေးကိုကြည့်လိုက်မယ်ဆိုရင်တော့ဖြင့် ကင်မရာစနစ်ကို အရင်ဆုံး သတိထားမိပါတယ်။ ဒေါင်လိုက်အနေအထားနဲ့ ipad mini5 ရဲ့ ကင်မရာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကတော့ iPad Pro ရဲ့ ကင်မရာဒီဇိုင်းအသစ်နဲ့ သွားတူနေပါတယ်။ ဒီကင်မရာစနစ်အရ hardware အသစ်တွေကိုလည်း တွေ့မြင်ရနိုင်ချေရှိနေပါတယ်။ iPad mini မှာ ကင်မရာစနစ်ဟာ ပထမဆုံးအကြိမ်အနေနဲ့ LED flash ပါဝင်လာမှာပါ။ အလယ်ခေါင်နားလေးမှာ အပေါက်လေးတစ်ခုတွေ့မြင်ရတဲ့အတွက်ကြောင့် မိုက်ခရိုဖုန်းကို နေရာအသစ်မှာ ပြောင်းတပ်ထားလိုက်တယ်လို့ မှတ်ချက်ပြုနိုင်ပါတယ်။
ဓါတ်ပုံရဲ့အနေအထားကြောင့် အတိအကျပြောနိုင်ဖို့ ခက်ခဲတယ်ဆိုပေမယ့်လည်း အပေါ်ပိုင်းကိုကြည့်လိုက်တဲ့အချိန်မှာ Smart Connector နဲ့ 3.5mm headphone jack ပါလောက်မယ်လို့ ယူဆထားပါတယ်။ အသေးစိတ်မမြင်ရသေးတဲ့အတွက်ကြောင့် notch လေးတွေပါမလားဆိုတာ မပြောနိုင်သေးပါဘူး။ အရှေ့ဘက်ကတော့ ဒီဇိုင်းပြောင်းလဲမှုတွေ တွေ့လာရနိုင်ပါသေးတယ်။
ဒီဇိုင်းပိုင်းအရ ဘယ်လိုပဲဖြစ်နေပါစေ iPad mini ရဲ့ မျိုးဆက်သစ်ကို ကျွန်တော်တို့ကတော့ အတော်လေးမျှော်မှန်းထားပါတယ်။ Apple ရဲ့ Liquid Retina display နဲ့ Face ID တော့ ပါလောက်မယ်မထင်ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.