Enterprise Knowledge Smartphone Smartphone Trending

iOS 12.1.2 တင္အျပီး အခ်ိဳ႕iPhone မ်ားတြင္ cellular data ျပဳတ္ေန – ဘယ္လိုေျဖရွင္းၾကမလဲ

Zawgyi Version

တခ်ိဳ႕ iPhone သံုးစြဲသူေတြၾကံဳေတြ႕ေနရတာကေတာ့ iOS 12.1.2 တင္အျပီးေနာက္မွာ သူတို႕ဖုန္းေတြက cellular data ျပဳတ္သြားတယ္လို႕ ညည္းညဴေနၾကပါတယ္။

iOS 12.1.1 ကေတာ့ FaceTime user interface ပုိေကာင္းလာျပီး iPhone XR အတြက္ Haptic Feedback ကို ထည့္ေပးထားပါတယ္။ သူ႕ကိုေတာ့ ဒီဇင္ဘာလအေစာပိုင္းမွာ ထုတ္ေပးခဲ့တာပါ။ တစ္ရက္အၾကာမွာပဲ iOS 12.1.2 public beta ထြက္လာခဲ့ပါတယ္။ Apple ရဲ႕ iOS 12.1.1 ရဲ႕ bug ေတြကိုရွင္းဖို႕အတြက္ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

iOS 12.1.2 ကို ဒီဇင္ဘာ၁၇ရက္ေန႕မွာ ထုတ္ေပးခဲ့တာျဖစ္ျပီးေတာ့ eSIM support အခက္အခဲေတြကိုလည္း ေျဖရွင္းေပးခဲ့ျပီးေတာ့ Turkey မွာရွိတဲ့သံုးစြဲသူေတြ ေတြ႕ၾကံဳေနရတဲ့ cellular ခ်ိတ္ဆက္မႈအခက္အခဲေတြကိုလည္း ေျဖရွင္းေပးခဲ့ပါတယ္။ iOS 12.1.2 ကို ေရးျပီးေနာက္ပိုင္းမွာ အေၾကာင္းတစ္စံုတစ္ရာေၾကာင့္ version number မေျပာင္းလဲဘဲ ထပ္ထုတ္ေပးခဲ့ပါတယ္။

ဒါေပမယ့္လည္း ကိစၥေတြက Apple ထင္ထားသလို မျဖစ္လာခဲ့ပါဘူး။ iOS 12.1.2 upgrade ေၾကာင့္ျဖစ္လာတဲ့ကိစၥေတြကို Twitter, Facebook နဲ႕ Reddit မွာ ေရးသားေနၾကတာကိုလည္း ေတြ႕ျမင္ေနရပါတယ္။ iOS 12.1.2 ဟာ cellular data ကေန လံုး၀ျပဳတ္သြားတယ္လို႕ အခ်ိဳ႕လူေတြက အခိုင္အမာေျပာဆိုေနၾကပါတယ္။ ဒါေၾကာင့္ဖုန္းနဲ႕မက္ေဆ့ခ်္ကို လံုး၀အသံုးျပဳလို႕မရဘူးျဖစ္ေနတာပါ။ သံုးစြဲသူအခ်ိဳ႕ကလည္း Wi-Fi ခ်ိတ္ဆက္လို႕ အဆင္မေျပေၾကာင္း ေျပာဆိုထားတာေတြ ေတြ႕ေနရပါတယ္။

ဒီလိုအခက္အခဲေတြနဲ႕ ရင္ဆုိင္ေနရတဲ့ iPhone ပိုင္ရွင္ေတြအတြက္ ကၽြန္ေတာ္တို႕က ေျဖရွင္းနည္းေလးတစ္ခုကို အၾကံျပဳေပးခ်င္ပါတယ္။ ပထမဆံုးတစ္ခုကေတာ့ iPhone ရဲ႕ Settings app ထဲကို၀င္ျပီးေတာ့ Cellular menu ထဲကို၀င္လုိက္ပါ။ disable Wi-Fi Calling ကို ႏွိပ္လုိက္ပါ။ ေနာက္ထပ္အၾကံျပဳခ်င္တာတစ္ခုကေတာ့ Cellular Data Options ကို သြားလိုက္ပါ။ ျပီးရင္ေတာ့ Enable LTE ကေန Data Only from Voice & Data ကို ေျပာင္းလုိက္ပါ။

ဒီနည္းလမ္းေလးေတြကေတာ့ ခဏတာေျဖရွင္းနည္းေတြျဖစ္ပါတယ္။ လူတုိင္းအတြက္လည္း အသံုးတည့္ခ်င္မွ တည့့္ပါလိမ့္မယ္။ အေကာင္းဆံုးနည္းလမ္းကေတာ့ iOS 12.1.3 ပါပဲ။

iOS 12.1.2 မတင္ရေသးတဲ့သူေတြကလည္း ဒီအတုိင္းရပ္ေနတာေကာင္းပါတယ္။ လူတုိင္းကေတာ့ ဒီအခက္အခဲနဲ႕ ေတြ႕ၾကံဳရမွာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း ေနာက္ထပ္ version တစ္ခုကိုေစာင့္လုိက္တာက ပိုေကာင္းတဲ့လုပ္ရပ္လို႕ အၾကံျပဳေပးလိုက္ပါရေစ။

Unicode Version

တချို့ iPhone သုံးစွဲသူတွေကြုံတွေ့နေရတာကတော့ iOS 12.1.2 တင်အပြီးနောက်မှာ သူတို့ဖုန်းတွေက cellular data ပြုတ်သွားတယ်လို့ ညည်းညူနေကြပါတယ်။
iOS 12.1.1 ကတော့ FaceTime user interface ပိုကောင်းလာပြီး iPhone XR အတွက် Haptic Feedback ကို ထည့်ပေးထားပါတယ်။ သူ့ကိုတော့ ဒီဇင်ဘာလအစောပိုင်းမှာ ထုတ်ပေးခဲ့တာပါ။ တစ်ရက်အကြာမှာပဲ iOS 12.1.2 public beta ထွက်လာခဲ့ပါတယ်။ Apple ရဲ့ iOS 12.1.1 ရဲ့ bug တွေကိုရှင်းဖို့အတွက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
iOS 12.1.2 ကို ဒီဇင်ဘာ၁၇ရက်နေ့မှာ ထုတ်ပေးခဲ့တာဖြစ်ပြီးတော့ eSIM support အခက်အခဲတွေကိုလည်း ဖြေရှင်းပေးခဲ့ပြီးတော့ Turkey မှာရှိတဲ့သုံးစွဲသူတွေ တွေ့ကြုံနေရတဲ့ cellular ချိတ်ဆက်မှုအခက်အခဲတွေကိုလည်း ဖြေရှင်းပေးခဲ့ပါတယ်။ iOS 12.1.2 ကို ရေးပြီးနောက်ပိုင်းမှာ အကြောင်းတစ်စုံတစ်ရာကြောင့် version number မပြောင်းလဲဘဲ ထပ်ထုတ်ပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း ကိစ္စတွေက Apple ထင်ထားသလို မဖြစ်လာခဲ့ပါဘူး။ iOS 12.1.2 upgrade ကြောင့်ဖြစ်လာတဲ့ကိစ္စတွေကို Twitter, Facebook နဲ့ Reddit မှာ ရေးသားနေကြတာကိုလည်း တွေ့မြင်နေရပါတယ်။ iOS 12.1.2 ဟာ cellular data ကနေ လုံးဝပြုတ်သွားတယ်လို့ အချို့လူတွေက အခိုင်အမာပြောဆိုနေကြပါတယ်။ ဒါကြောင့်ဖုန်းနဲ့မက်ဆေ့ချ်ကို လုံးဝအသုံးပြုလို့မရဘူးဖြစ်နေတာပါ။ သုံးစွဲသူအချို့ကလည်း Wi-Fi ချိတ်ဆက်လို့ အဆင်မပြေကြောင်း ပြောဆိုထားတာတွေ တွေ့နေရပါတယ်။
ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ iPhone ပိုင်ရှင်တွေအတွက် ကျွန်တော်တို့က ဖြေရှင်းနည်းလေးတစ်ခုကို အကြံပြုပေးချင်ပါတယ်။ ပထမဆုံးတစ်ခုကတော့ iPhone ရဲ့ Settings app ထဲကိုဝင်ပြီးတော့ Cellular menu ထဲကိုဝင်လိုက်ပါ။ disable Wi-Fi Calling ကို နှိပ်လိုက်ပါ။ နောက်ထပ်အကြံပြုချင်တာတစ်ခုကတော့ Cellular Data Options ကို သွားလိုက်ပါ။ ပြီးရင်တော့ Enable LTE ကနေ Data Only from Voice & Data ကို ပြောင်းလိုက်ပါ။
ဒီနည်းလမ်းလေးတွေကတော့ ခဏတာဖြေရှင်းနည်းတွေဖြစ်ပါတယ်။ လူတိုင်းအတွက်လည်း အသုံးတည့်ချင်မှ တည့်ပါလိမ့်မယ်။ အကောင်းဆုံးနည်းလမ်းကတော့ iOS 12.1.3 ပါပဲ။
iOS 12.1.2 မတင်ရသေးတဲ့သူတွေကလည်း ဒီအတိုင်းရပ်နေတာကောင်းပါတယ်။ လူတိုင်းကတော့ ဒီအခက်အခဲနဲ့ တွေ့ကြုံရမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း နောက်ထပ် version တစ်ခုကိုစောင့်လိုက်တာက ပိုကောင်းတဲ့လုပ်ရပ်လို့ အကြံပြုပေးလိုက်ပါရစေ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.