Posted on Leave a comment

၂၀၂၅ ခုႏွစ္မွာ ေမာင္းသူမဲ့ ကုန္တင္ သေဘၤာကို အၿပီးတည္ေဆာက္မယ့္ Rolls-Royce

ေမာင္းသူမဲ့ကားမ်ား ေခတ္စားေနခ်ိန္မွာ Rolls-Royce က အမ်ားနဲ႔ကြဲထြက္ၿပီး ေမာင္းသူမဲ့ သေဘၤာကို ဖန္တီးေနတဲ့ သတင္းမ်ား ၿပီးခဲ့တဲ့လမ်ား အတြင္းက ၾကားသိခဲ့ရပါတယ္။ ကုမၸဏီဟာ ၂၀၂၅ ခုႏွစ္မွာ ေမာင္းသူမဲ့ ကုန္တင္ သေဘၤာကို အၿပီး ဖန္တီးဖို႔ရည္ရြယ္ထားပါတယ္။ အခုေတာ့ ေမာင္းသူမဲ့ နည္းပညာ ပါတဲ့သူ႕ရဲ႕ သေဘၤာကို ပင္လယ္ျပင္မွာ ပထမဆံုး အႀကိမ္ ေအာင္ျမင္စြာ စမ္းသပ္ျပလိုက္ပါတယ္။

သူ႔ရဲ႕ ေမာင္းသူမဲ့ သေဘၤာ အမည္ဟာ Falco ျဖစ္ပါတယ္။ ေမာင္းသူမဲ့ သေဘၤာဟာ  အလိုအေလွ်ာက္ ေမာင္းႏွင္ႏုိင္သလို အေ၀းကေန ထိန္းခ်ဳပ္ႏုိင္ပါတယ္။ သေဘၤာရဲ႕ အရွည္ဟာ ၅၃.၈ မီတာ ရွိပါတယ္။ ဖင္လန္မွ Finferries နဲ႔ ပူးေပါင္းၿပီးဒီစမ္းသပ္မႈကို ျပဳလုပ္တာ ျဖစ္ပါတယ္။  ဖင္လန္ႏိုင္ငံရဲ႕ Turku မွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Parainen ကေန Nauvo ကို အသြားအျပန္ စမ္းသပ္ေမာင္းႏွင္ခဲ့တာပါ။ အသြားမွာ Falco ဟာ လူမ်ားရဲ႕ အကူအညီ မလိုဘဲ အလိုအေလွ်ာက္ ေမာင္းႏွင္ခဲ့ပါတယ္။ အျပန္ခရီးမွာေတာ့ တီထြင္သူမ်ားက သေဘၤာကို အေ၀းကေနလည္း ထိန္းခ်ဳပ္ႏုိင္တယ္ဆိုတာကို ျပသခဲ့ပါတယ္။ ေအာ္ပေရတာတစ္ဦးက မိုင္ ၃၀ အကြာကေန သေဘၤာကို ထိန္းခ်ဳပ္ေမာင္းႏွင္ခဲ့တာ ျဖစ္ပါတယ္။

သေဘၤာဟာ ကမ္းခြာ၊ ကမ္းကပ္ ျခင္းမ်ားကိုလည္း အလိုအေလွ်ာက္ ျပဳလုပ္နိုင္ပါတယ္။ သူ႔မွာ Rolls-Royce ရဲ႕ Ship Intelligence နည္းပညာ ထည့္သြင္းထားပါတယ္။ သေဘၤာ ပတ္လည္မွာ ကင္မရာနဲ႔ ဆန္ဆာမ်ားစြာ ထည့္သြင္းထားၿပီး ေမာင္းသူမဲ့ ကားမ်ားလိုပဲ သူဟာ အျခား ယာဥ္မ်ားနဲ႔ အတားအဆီးမ်ားကို ေရွာင္ကြင္းသြားႏုိင္ပါတယ္။

ကုမၸဏီရဲ႕ ေမာင္းသူမဲ့ သေဘၤာဌာနမွ အႀကီးအကဲ ျဖစ္သူ Mikael Makinen က “ အနာဂတ္မွာေမာင္းသူမဲ့ သေဘၤာေတြ တကယ္ ထြက္လာေတာ့မွာ ျဖစ္ပါတယ္။ ေမာင္းသူမဲ့ သေဘၤာ နည္းပညာရဲ႕ ေျခလွမ္းအသစ္တစ္ခုကို ဒီစမ္းသပ္မႈက တြန္းပို႔ေပးလိုက္ပါတယ္။ “ လို႔ ေျပာပါတယ္။

၂၀၂၅ ခုနှစ်မှာ မောင်းသူမဲ့ ကုန်တင် သင်္ဘောကို အပြီးတည်ဆောက်မယ့် Rolls-Royce

မောင်းသူမဲ့ကားများ ခေတ်စားနေချိန်မှာ Rolls-Royce က အများနဲ့ကွဲထွက်ပြီး မောင်းသူမဲ့ သင်္ဘောကို ဖန်တီးနေတဲ့ သတင်းများ ပြီးခဲ့တဲ့လများ အတွင်းက ကြားသိခဲ့ရပါတယ်။ ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ်မှာ မောင်းသူမဲ့ ကုန်တင် သင်္ဘောကို အပြီး ဖန်တီးဖို့ရည်ရွယ်ထားပါတယ်။ အခုတော့ မောင်းသူမဲ့ နည်းပညာ ပါတဲ့သူ့ရဲ့ သင်္ဘောကို ပင်လယ်ပြင်မှာ ပထမဆုံး အကြိမ် အောင်မြင်စွာ စမ်းသပ်ပြလိုက်ပါတယ်။

သူ့ရဲ့ မောင်းသူမဲ့ သင်္ဘော အမည်ဟာ Falco ဖြစ်ပါတယ်။ မောင်းသူမဲ့ သင်္ဘောဟာ အလိုအလျှောက် မောင်းနှင်နိုင်သလို အဝေးကနေ ထိန်းချုပ်နိုင်ပါတယ်။ သင်္ဘောရဲ့ အရှည်ဟာ ၅၃.၈ မီတာ ရှိပါတယ်။ ဖင်လန်မှ Finferries နဲ့ ပူးပေါင်းပြီးဒီစမ်းသပ်မှုကို ပြုလုပ်တာ ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံရဲ့ Turku မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Parainen ကနေ Nauvo ကို အသွားအပြန် စမ်းသပ်မောင်းနှင်ခဲ့တာပါ။ အသွားမှာ Falco ဟာ လူများရဲ့ အကူအညီ မလိုဘဲ အလိုအလျှောက် မောင်းနှင်ခဲ့ပါတယ်။ အပြန်ခရီးမှာတော့ တီထွင်သူများက သင်္ဘောကို အဝေးကနေလည်း ထိန်းချုပ်နိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ အော်ပရေတာတစ်ဦးက မိုင် ၃၀ အကွာကနေ သင်္ဘောကို ထိန်းချုပ်မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောဟာ ကမ်းခွာ၊ ကမ်းကပ် ခြင်းများကိုလည်း အလိုအလျှောက် ပြုလုပ်နိုင်ပါတယ်။ သူ့မှာ Rolls-Royce ရဲ့ Ship Intelligence နည်းပညာ ထည့်သွင်းထားပါတယ်။ သင်္ဘော ပတ်လည်မှာ ကင်မရာနဲ့ ဆန်ဆာများစွာ ထည့်သွင်းထားပြီး မောင်းသူမဲ့ ကားများလိုပဲ သူဟာ အခြား ယာဉ်များနဲ့ အတားအဆီးများကို ရှောင်ကွင်းသွားနိုင်ပါတယ်။

ကုမ္ပဏီရဲ့ မောင်းသူမဲ့ သင်္ဘောဌာနမှ အကြီးအကဲ ဖြစ်သူ Mikael Makinen က “ အနာဂတ်မှာမောင်းသူမဲ့ သင်္ဘောတွေ တကယ် ထွက်လာတော့မှာ ဖြစ်ပါတယ်။ မောင်းသူမဲ့ သင်္ဘော နည်းပညာရဲ့ ခြေလှမ်းအသစ်တစ်ခုကို ဒီစမ်းသပ်မှုက တွန်းပို့ပေးလိုက်ပါတယ်။ “ လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.