Posted on Leave a comment

CFO ထိန္းသိမ္းခံရၿပီးေနာက္မွာ Huawei ကို ၀န္းရံလုိက္တဲ့ တရုတ္ ကုမၸဏီမ်ား

မၾကာခင္က ဟြာေ၀းရဲ႕ CFO ျဖစ္သူ Sabrina Meng Wanzhou  ထိန္းသိမ္းခံရၿပီးေနာက္မွာ အေမရိကန္နဲ႔ တရုတ္တို႔ရဲ႕ ကုန္သြယ္ေရး စစ္ပြဲဟာ အရွိန္ပိုျမင့္လာပါတယ္။ အခုေတာ့ တရုတ္က တန္ျပန္ တိုက္စစ္ဆင္လိုက္ပါတယ္။ Nikkei Asian Review က တရုတ္ရဲ႕ ကုမၸဏီႀကီးမ်ားဟာ ဟြာေ၀းအား ၀န္းရံလိုက္ၿပီး Apple အား ဆန္႔က်င္ၾကဖို႔ ၀န္ထမ္းမ်ားအား တိုက္တြန္းထားတယ္လို႔ ေရးသားထားပါတယ္။

ဆဘရီနာဟာ ဟြာေ၀း တည္ေထာင္သူ Ren Zhengfei ရဲ႕ သမီး ျဖစ္ၿပီး ၿပီးခဲ့တဲ့ တစ္ပတ္က ကေနဒါမွာ ထိန္းသိမ္းခံလိုက္ရတာပါ။ သူဟာ အီရန္အေပၚ ခ်မွတ္ထားတဲ့ စီးပြားေရး ပိတ္ဆို႔မႈမ်ားကို ခ်ိဳးေဖာက္တယ္လို႔ သံသယရွိတဲ့ အတြက္ အေမရိကန္က ထိန္းသိမ္းဖို႔ ေတာင္းဆိုလိုက္တာပါ။

အခုေတာ့ တရုတ္ စီးပြားေရး လုပ္ငန္းမ်ားက ဟြာေ၀းရဲ႕ စမတ္ဖုန္းနဲ႔ ကိရိယာမ်ားအား ၀ယ္ယူတဲ့ ၀န္ထမ္းမ်ားအား ဆုေၾကးမ်ား ေပးေနပါတယ္။ ဖုန္းတန္ဖိုးရဲ႕ ၁၀ ကေန ၂၀ ရာခုိင္ႏႈန္းအား ကုမၸဏီ အမ်ားစုက စိုက္ထုတ္ကုန္က်ခံေပးေနပါတယ္။ အီလက္ထေရာနစ္ ထုတ္လုပ္သူ Shanghai Youluoke Electronic and Technology  က   ၀န္ထမ္း တစ္ဦးကို ဟြာေ၀း စမတ္ဖုန္း ႏွစ္လံုးအထိ လက္ေဆာင္ေပးေနပါတယ္။ Display ထုတ္လုပ္သူ Shenzhen Yidaheng Technology က Huawei သို႔မဟုတ္ ZTE ဖုန္းမ်ားရဲ႕ ၁၈ ရာခုိင္ႏႈန္းကို က်ခံေပးေနပါတယ္။

ဆက္သြယ္ေရး ကုမၸဏီ Fuchun Technology က ၂၀၁၈ ခုႏွစ္ မကုန္ခင္မွာ ဟြာေ၀း စမတ္ဖုန္း ၀ယ္ရင္ ယြမ္ ၁၀၀ ကေန ၅၀၀ အၾကား ခ်ီးျမွင့္မယ္လုိ႔ ေၾကညာထားပါတယ္။ ႏိုင္ငံေရး အဖြဲ႕အစည္းမ်ားကလည္း ဟြာေ၀းကို ၀န္းရံေနပါတယ္။ Communist Youtch League က ကုမၸဏီမ်ားအား ဟြာေ၀းရဲ႕ ထုတ္ကုန္မ်ားကို အသံုးျပဳဖို႔ လူမႈကြန္ရက္မ်ားကေန တိုက္တြန္းေနပါတယ္။

Apple ထုတ္ကုန္မ်ားကို မသံုးဖို႔လည္း တရုတ္ ကုမၸဏီမ်ားက လႈံ႕ေဆာ္ေနပါတယ္။ ဟြာေ၀း အေျခစိုက္တဲ့ ရွန္ဇန္မွ စက္ပစၥည္းထုတ္လုပ္တဲ့ ကုမၸဏီ တစ္ခုက သူ႔၀န္ထမ္းမ်ားအား Apple Device မ်ားကို မသံုးဖို႔နဲ႔ အဲဒီ ပစၥည္းမ်ားကို ေတြ႕ရင္ မီးရိႈ႕ဖ်က္ဆီးမယ္လို႔ေတာင္ သတိေပးထားပါတယ္။ ရွန္ဇန္ အေျခစိုက္ နည္းပညာ ကုမၸဏီ Menpad ကလည္း Apple Products ၀ယ္တဲ့ ၀န္ထမ္းမ်ားအား ဒဏ္ရိုက္မယ္လို႔ သတိေပးထားပါတယ္။

CFO ထိန်းသိမ်းခံရပြီးနောက်မှာ Huawei ကို ဝန်းရံလိုက်တဲ့ တရုတ် ကုမ္ပဏီများ

မကြာခင်က ဟွာဝေးရဲ့ CFO ဖြစ်သူ Sabrina Meng Wanzhou ထိန်းသိမ်းခံရပြီးနောက်မှာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေး စစ်ပွဲဟာ အရှိန်ပိုမြင့်လာပါတယ်။ အခုတော့ တရုတ်က တန်ပြန် တိုက်စစ်ဆင်လိုက်ပါတယ်။ Nikkei Asian Review က တရုတ်ရဲ့ ကုမ္ပဏီကြီးများဟာ ဟွာဝေးအား ဝန်းရံလိုက်ပြီး Apple အား ဆန့်ကျင်ကြဖို့ ဝန်ထမ်းများအား တိုက်တွန်းထားတယ်လို့ ရေးသားထားပါတယ်။

ဆဘရီနာဟာ ဟွာဝေး တည်ထောင်သူ Ren Zhengfei ရဲ့ သမီး ဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ်က ကနေဒါမှာ ထိန်းသိမ်းခံလိုက်ရတာပါ။ သူဟာ အီရန်အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုများကို ချိုးဖောက်တယ်လို့ သံသယရှိတဲ့ အတွက် အမေရိကန်က ထိန်းသိမ်းဖို့ တောင်းဆိုလိုက်တာပါ။

အခုတော့ တရုတ် စီးပွားရေး လုပ်ငန်းများက ဟွာဝေးရဲ့ စမတ်ဖုန်းနဲ့ ကိရိယာများအား ဝယ်ယူတဲ့ ဝန်ထမ်းများအား ဆုကြေးများ ပေးနေပါတယ်။ ဖုန်းတန်ဖိုးရဲ့ ၁၀ ကနေ ၂၀ ရာခိုင်နှုန်းအား ကုမ္ပဏီ အများစုက စိုက်ထုတ်ကုန်ကျခံပေးနေပါတယ်။ အီလက်ထရောနစ် ထုတ်လုပ်သူ Shanghai Youluoke Electronic and Technology က ဝန်ထမ်း တစ်ဦးကို ဟွာဝေး စမတ်ဖုန်း နှစ်လုံးအထိ လက်ဆောင်ပေးနေပါတယ်။ Display ထုတ်လုပ်သူ Shenzhen Yidaheng Technology က Huawei သို့မဟုတ် ZTE ဖုန်းများရဲ့ ၁၈ ရာခိုင်နှုန်းကို ကျခံပေးနေပါတယ်။

ဆက်သွယ်ရေး ကုမ္ပဏီ Fuchun Technology က ၂၀၁၈ ခုနှစ် မကုန်ခင်မှာ ဟွာဝေး စမတ်ဖုန်း ဝယ်ရင် ယွမ် ၁၀၀ ကနေ ၅၀၀ အကြား ချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းများကလည်း ဟွာဝေးကို ဝန်းရံနေပါတယ်။ Communist Youtch League က ကုမ္ပဏီများအား ဟွာဝေးရဲ့ ထုတ်ကုန်များကို အသုံးပြုဖို့ လူမှုကွန်ရက်များကနေ တိုက်တွန်းနေပါတယ်။

Apple ထုတ်ကုန်များကို မသုံးဖို့လည်း တရုတ် ကုမ္ပဏီများက လှုံ့ဆော်နေပါတယ်။ ဟွာဝေး အခြေစိုက်တဲ့ ရှန်ဇန်မှ စက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုက သူ့ဝန်ထမ်းများအား Apple Device များကို မသုံးဖို့နဲ့ အဲဒီ ပစ္စည်းများကို တွေ့ရင် မီးရှို့ဖျက်ဆီးမယ်လို့တောင် သတိပေးထားပါတယ်။ ရှန်ဇန် အခြေစိုက် နည်းပညာ ကုမ္ပဏီ Menpad ကလည်း Apple Products ဝယ်တဲ့ ဝန်ထမ်းများအား ဒဏ်ရိုက်မယ်လို့ သတိပေးထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.