၁၅၉ ေဒၚလာပဲ ရွိတဲ့ Mi Play ကို Xiaomi ေၾကညာ

0
1197

ေရွာင္မီက တရုတ္မွာ တန္ဖိုးနည္း Mi Play ကို ေၾကညာလိုက္ပါတယ္။ ယြမ္ ၁၀၉၉ ( ၁၅၉ ေဒၚလာ)သာ က်သင့္ပါတယ္။ အျပာ၊ အနီနဲ႔ အနက္ေရာင္မ်ား ထုတ္လုပ္ထားပါတယ္။ မ်က္ႏွာျပင္ေဘးေဘာင္မ်ားဟာ ပါးလႊာၿပီး အရြယ္ေသး Notch ထည့္သြင္းထားပါတယ္။ အေနာက္ဘက္ဟာ ေတာက္ေျပာင္တဲ့ ဒီဇိုင္း ျဖစ္ပါတယ္။

သူ႔မွာ ၅.၈၄ လက္မ 2280x1080p Display ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးက 19:9 ျဖစ္တဲ့အတြက္ မ်က္ႏွာျပင္ အရွည္ ဒီဇိုင္း ျဖစ္ပါတယ္။  အျခား အစိတ္အပိုင္းမ်ားက သိပ္မေကာင္းေပမယ့္ ေပးရတဲ့ ေစ်းထက္ တန္ပါတယ္။ 12nm Octa-core MediaTek Helio P35 Chipset ေမာင္းႏွင္ထားပါတယ္။ 4GB RAM , 64GB Storage မ်ား ပါပါတယ္။

အေနာက္မွာ AI ပါတဲ့ 12MP Main Camera နဲ႔ 2MP အပို ကင္မရာတစ္လံုး တပ္ဆင္ထားပါတယ္။ Apple iPhone X မ်ားမွာလို အေနာက္ကင္မရာမ်ားကို ေဒါင္လုိက္ တပ္ဆင္ထားပါတယ္။ အေရွ႕ဘက္မွာ 8MP Camera ထည့္ထားပါတယ္။

သာမန္ စံႏႈန္း ျဖစ္တဲ့ 10W Charging ပါတဲ့ 3000mAh Battery နဲ႔ microUSB Port ထည့္ထားပါတယ္။ ေရွာင္မီက တစ္လလွ်င္ 10GB 4G Data ကို တစ္ႏွစ္ေပးသြားမွာ ျဖစ္ပါတယ္။ တရုတ္ ျပင္ပမွာ ေရာင္းခ်မယ့္ သတင္းကို မသိရေသးပါဘူး။

၁၅၉ ဒေါ်လာပဲ ရှိတဲ့ Mi Play ကို Xiaomi ကြေညာ

ရှောင်မီက တရုတ်မှာ တန်ဖိုးနည်း Mi Play ကို ကြေညာလိုက်ပါတယ်။ ယွမ် ၁၀၉၉ ( ၁၅၉ ဒေါ်လာ)သာ ကျသင့်ပါတယ်။ အပြာ၊ အနီနဲ့ အနက်ရောင်များ ထုတ်လုပ်ထားပါတယ်။ မျက်နှာပြင်ဘေးဘောင်များဟာ ပါးလွှာပြီး အရွယ်သေး Notch ထည့်သွင်းထားပါတယ်။ အနောက်ဘက်ဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

သူ့မှာ ၅.၈၄ လက်မ 2280x1080p Display ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အချိုးက 19:9 ဖြစ်တဲ့အတွက် မျက်နှာပြင် အရှည် ဒီဇိုင်း ဖြစ်ပါတယ်။ အခြား အစိတ်အပိုင်းများက သိပ်မကောင်းပေမယ့် ပေးရတဲ့ ဈေးထက် တန်ပါတယ်။ 12nm Octa-core MediaTek Helio P35 Chipset မောင်းနှင်ထားပါတယ်။ 4GB RAM , 64GB Storage များ ပါပါတယ်။

အနောက်မှာ AI ပါတဲ့ 12MP Main Camera နဲ့ 2MP အပို ကင်မရာတစ်လုံး တပ်ဆင်ထားပါတယ်။ Apple iPhone X များမှာလို အနောက်ကင်မရာများကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera ထည့်ထားပါတယ်။

သာမန် စံနှုန်း ဖြစ်တဲ့ 10W Charging ပါတဲ့ 3000mAh Battery နဲ့ microUSB Port ထည့်ထားပါတယ်။ ရှောင်မီက တစ်လလျှင် 10GB 4G Data ကို တစ်နှစ်ပေးသွားမှာ ဖြစ်ပါတယ်။ တရုတ် ပြင်ပမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Leave a Reply