၂၀၁၈ ခုႏွစ္မွာ ဖုန္းအလံုးေရ သန္း ၂၀၀ ေရာင္းခ်ခဲ့ရတဲ့ Huawei

0
1346

Huawei က ယခုႏွစ္မွာ ဖုန္း အလံုးေရ သန္း ၂၀၀ ေက်ာ္ ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒါဟာ စံခ်ိန္အသစ္တစ္ခု ျဖစ္ပါတယ္။ ယခင္ႏွစ္က ဖုန္းအလံုးေရ ၁၅၃ သန္းသာ ေရာင္းခ်ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဟြာေ၀းက ဒီႏွစ္ထဲမွာ ဖုန္း ေမာ္ဒယ္မ်ားစြာကို ေရာင္းခ်ေပးခဲ့ပါတယ္။ အဲဒီအထဲမွာ စြမ္းေဆာင္ရည္ျမင့္ ဖုန္းမ်ားကလည္း အဓိကေနရာက ပါ၀င္ေနပါတယ္။

P20 နဲ႔ Mate 20 Series မ်ားဟာ ေရာင္းအားေကာင္းေနပါတယ္။ ဒီႏွစ္ထဲမွာ အလံုးေရ ၁၆ သန္းနဲ႔ ၅ သန္း အသီးသီး ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ေရာင္းအား ဒီေလာက္ေကာင္းေနတာ မၾကာေသးခင္က မိတ္ဆက္ခ့ဲတဲ့ Nova 4 အပါအ၀င္ Nova Series မ်ားေၾကာင့္လည္း ပါပါတယ္။ စြမ္းေဆာင္ရည္သင့္ Nova Series မ်ားကို စတင္ ေရာင္းခ်တဲ့ အခ်ိန္ကစၿပီး ယခုထက္ထိ အလံုးေရ ၆၅ သန္း ေရာင္းခ်ထားၿပီးပါၿပီ။

Honor စီးရီးမ်ားကလည္း ေရာင္းအား ေကာင္းေနပါတယ္။ ဟြာေ၀းက သူတို႔ရဲ႕ ေရာင္းအားကို မေျပာေပမယ့္ Honor 10 နဲ႔ Honor View 10  တို႔ဟာ ေရာင္းအား အလြန္ ေကာင္းေနပါတယ္။ ဟြာေ၀းရဲ႕ CFO ဟာ မၾကာခင္က ထိိန္းသိမ္းခံလိုက္ရၿပီး အေမရိကန္နဲ႔ အျခား ႏိုင္ငံမ်ားမွာလည္း သူ႔ရဲ႕ ထုတ္ကုန္မ်ားကို ပိတ္ပင္ထားေပမယ့္ ဒီလို ေရာင္းအား  ေကာင္းေနတာက အံ့အားသင့္စရာ ျဖစ္ပါတယ္။

ဟြာေ၀းဟာ သူ႔မိခင္ တရုတ္ ႏိုင္ငံမွာသာမက အျခား ႏိုင္ငံမ်ားမွာလည္း ေရာင္းအားေကာင္းေနပါတယ္။ အေမရိကန္မွာ ေရာင္းအား မေကာင္းရင္ေတာင္ ျပႆနာ မရွိပါဘူး။ ႏိုင္ငံအခ်ိဳ႕မွာ ပိတ္ပင္ထားတဲ့ သူ႔ရဲ႕ ထုတ္ကုန္မ်ားထဲမွာ ဟန္းဆက္မ်ား မပါ၀င္ပါဘူး။ Networking ကိရိယာမ်ားသာ ပါပါတယ္။

၂၀၁၈ ခုနှစ်မှာ ဖုန်းအလုံးရေ သန်း ၂၀၀ ရောင်းချခဲ့ရတဲ့ Huawei

Huawei က ယခုနှစ်မှာ ဖုန်း အလုံးရေ သန်း ၂၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ စံချိန်အသစ်တစ်ခု ဖြစ်ပါတယ်။ ယခင်နှစ်က ဖုန်းအလုံးရေ ၁၅၃ သန်းသာ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟွာဝေးက ဒီနှစ်ထဲမှာ ဖုန်း မော်ဒယ်များစွာကို ရောင်းချပေးခဲ့ပါတယ်။ အဲဒီအထဲမှာ စွမ်းဆောင်ရည်မြင့် ဖုန်းများကလည်း အဓိကနေရာက ပါဝင်နေပါတယ်။

P20 နဲ့ Mate 20 Series များဟာ ရောင်းအားကောင်းနေပါတယ်။ ဒီနှစ်ထဲမှာ အလုံးရေ ၁၆ သန်းနဲ့ ၅ သန်း အသီးသီး ရောင်းချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရောင်းအား ဒီလောက်ကောင်းနေတာ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Nova 4 အပါအဝင် Nova Series များကြောင့်လည်း ပါပါတယ်။ စွမ်းဆောင်ရည်သင့် Nova Series များကို စတင် ရောင်းချတဲ့ အချိန်ကစပြီး ယခုထက်ထိ အလုံးရေ ၆၅ သန်း ရောင်းချထားပြီးပါပြီ။

Honor စီးရီးများကလည်း ရောင်းအား ကောင်းနေပါတယ်။ ဟွာဝေးက သူတို့ရဲ့ ရောင်းအားကို မပြောပေမယ့် Honor 10 နဲ့ Honor View 10 တို့ဟာ ရောင်းအား အလွန် ကောင်းနေပါတယ်။ ဟွာဝေးရဲ့ CFO ဟာ မကြာခင်က ထိန်းသိမ်းခံလိုက်ရပြီး အမေရိကန်နဲ့ အခြား နိုင်ငံများမှာလည်း သူ့ရဲ့ ထုတ်ကုန်များကို ပိတ်ပင်ထားပေမယ့် ဒီလို ရောင်းအား ကောင်းနေတာက အံ့အားသင့်စရာ ဖြစ်ပါတယ်။

ဟွာဝေးဟာ သူ့မိခင် တရုတ် နိုင်ငံမှာသာမက အခြား နိုင်ငံများမှာလည်း ရောင်းအားကောင်းနေပါတယ်။ အမေရိကန်မှာ ရောင်းအား မကောင်းရင်တောင် ပြဿနာ မရှိပါဘူး။ နိုင်ငံအချို့မှာ ပိတ်ပင်ထားတဲ့ သူ့ရဲ့ ထုတ်ကုန်များထဲမှာ ဟန်းဆက်များ မပါဝင်ပါဘူး။ Networking ကိရိယာများသာ ပါပါတယ်။

Leave a Reply