Smartphone Trending

40MP Camera သံုးထားမယ့္ Huawei P30

နာမည္ေက်ာ္ Leakstar တစ္ဦး ျဖစ္သူ Evan Blass က ဟြာေ၀းရဲ႕ ေနာက္ထုတ္မယ့္စြမ္းရည္ျမင့္ P30 ရဲ႕ ကင္မရာ သတင္းအခ်က္အလက္မ်ားကို မွ်ေ၀လိုက္ပါတယ္။ Huawei P30 မွာ အေနာက္ကင္မရာ သံုးလံုး ထည့္သြင္းထားမွာ ျဖစ္ၿပီး တစ္လံုးမွာ 40 Megapixel ျဖစ္ပါတယ္။ ကင္မရာမ်ားကို ဖုန္းရဲ႕ အထက္ဘယ္ဘက္ျခမ္းမွာ ထည့္သြင္းထားမွာပါ။ 5x Lossless Optical Zoom ပါလာမယ္လို႔ Evan Blass က ေျပာေပမယ့္ အျခား ကင္မရာ ႏွစ္လံုးရဲ႕ သတင္းအခ်က္အလက္မ်ားကိုေတာ့ သူက မေျပာပါဘူး။ အေရွ႕ ကင္မရာက 24MP ျဖစ္မယ္လို႔ သူက ေျပာပါတယ္။

P30 Pro မွာေတာ့ အေနာက္ ကင္မရာ ေလးလံုးေတာင္ ပါလာမွာ ျဖစ္ပါတယ္။ 10x Lossless Optical Zoon ကို ပံ့ပိုးေပးႏုိင္ပါတယ္။ ဓါတ္ပံု ရိုက္ကူးရာမွာ Object ရဲ႕ အကြာအေ၀းကို တိုင္းတာဖို႔နဲ႔ Focus Effects မ်ားကို ဖန္တီးဖို႔ အတြက္ 3D Sensor တစ္လံုးကို ထည့္သြင္းထားပါတယ္။ Blass က သူ႔ရဲ႕ ကင္မရာမ်ားအေၾကာင္းကို အေသးစိတ္ မေျပာေပမယ့္ ထြက္ေပၚေနတဲ့ ေက့စ္အရ ကင္မရာမ်ားနဲ႔အတူ Dual Flash ကို ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

အဲဒီ စမတ္ဖုန္း ႏွစ္လံုးစလံုးမွာ ဟြာေ၀း ကိုယ္တိုင္ ထုတ္လုပ္ထားတဲ့ Kirin 970 Chipset ေမာင္းႏွင္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ အဲဒီ Chipset မွာ Artificial Intelligence နဲ႔ Machine Learning မ်ား အတြက္ Neural Processing Units ၂ ခု ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ Image Processing Processor ကလည္း တိုးတက္လာမွာ ျဖစ္ပါတယ္။ ဟြာေ၀းက Kirin 970 Chipset ထက္ ၄၆ ရာခုိင္ႏႈန္း ပိုမိုျမန္ဆန္လာမယ္လို႔ ေျပာပါတယ္။

unicode

40MP Camera သုံးထားမယ့် Huawei P30

နာမည်ကျော် Leakstar တစ်ဦး ဖြစ်သူ Evan Blass က ဟွာဝေးရဲ့ နောက်ထုတ်မယ့်စွမ်းရည်မြင့် P30 ရဲ့ ကင်မရာ သတင်းအချက်အလက်များကို မျှဝေလိုက်ပါတယ်။ Huawei P30 မှာ အနောက်ကင်မရာ သုံးလုံး ထည့်သွင်းထားမှာ ဖြစ်ပြီး တစ်လုံးမှာ 40 Megapixel ဖြစ်ပါတယ်။ ကင်မရာများကို ဖုန်းရဲ့ အထက်ဘယ်ဘက်ခြမ်းမှာ ထည့်သွင်းထားမှာပါ။ 5x Lossless Optical Zoom ပါလာမယ်လို့ Evan Blass က ပြောပေမယ့် အခြား ကင်မရာ နှစ်လုံးရဲ့ သတင်းအချက်အလက်များကိုတော့ သူက မပြောပါဘူး။ အရှေ့ ကင်မရာက 24MP ဖြစ်မယ်လို့ သူက ပြောပါတယ်။

P30 Pro မှာတော့ အနောက် ကင်မရာ လေးလုံးတောင် ပါလာမှာ ဖြစ်ပါတယ်။ 10x Lossless Optical Zoon ကို ပံ့ပိုးပေးနိုင်ပါတယ်။ ဓါတ်ပုံ ရိုက်ကူးရာမှာ Object ရဲ့ အကွာအဝေးကို တိုင်းတာဖို့နဲ့ Focus Effects များကို ဖန်တီးဖို့ အတွက် 3D Sensor တစ်လုံးကို ထည့်သွင်းထားပါတယ်။ Blass က သူ့ရဲ့ ကင်မရာများအကြောင်းကို အသေးစိတ် မပြောပေမယ့် ထွက်ပေါ်နေတဲ့ ကေ့စ်အရ ကင်မရာများနဲ့အတူ Dual Flash ကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်း နှစ်လုံးစလုံးမှာ ဟွာဝေး ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ Kirin 970 Chipset မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ Chipset မှာ Artificial Intelligence နဲ့ Machine Learning များ အတွက် Neural Processing Units ၂ ခု ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Image Processing Processor ကလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ ဟွာဝေးက Kirin 970 Chipset ထက် ၄၆ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာမယ်လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.