Smartphone Trending






unicode

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါတဲ့ Samsung ရဲ့ ပထမဆုံး ဖုန်းဟာ Galaxy A10 ဖြစ်မည်

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားတဲ့ ဖုန်းများ ပေါ်လာပါပြီ။ ဒါပေမယ့် ဆမ်ဆောင်းကတော့ အဲဒီ နည်းပညာ ပါတဲ့ ဖုန်းကို မထုတ်လုပ်သေးပါဘူး။ ယခုထွက်ပေါ်တဲ့ သတင်းအရ ဆမ်ဆောင်းဟာ လာမယ့်နှစ်ထုတ် စွမ်းရည်မြင့် ဖုန်းများမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို ပထမဆုံး ထည့်သွင်းပေးမှာ မဟုတ်ပါဘူး။ စွမ်းရည်သင့် ဖုန်းများမှာ ဒီနည်းပညာကို ပထမဆုံး ထည့်သွင်းပေးမယ်လို့သိရပါတယ်။ အဲဒီ ဖုန်းဟာ Galaxy A10 ဖြစ်နိုင်ပါတယ်။

ဆမ်ဆောင်းဟာ အခုနောက်ပိုင်းမှာ စွမ်းရည်သင့် Galaxy A Series များမှာ နည်းပညာ အသစ်များကို ထည့်သွင်းပေးနေတဲ့ အတွက် အခု သတင်းဟာ ဖြစ်နိုင်ခြေရှိပါတယ်။ ဒီသတင်းဟာ တရုတ်ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Galaxy A10 ဟာ စွမ်းဆောင်ရည်သင့်ထက် အနည်းငယ် ပိုကောင်းတဲ့ အမျိုးအစား ဖြစ်ပါတယ်။ Galaxy A8s မှာလည်း စွမ်းရည်သင့်ထက် ပိုကောင်းတဲ့ Qualcomm Snapdragon 710 Chipset ကို ဆမ်ဆောင်းက ထည့်သွင်းပေးခဲ့ပါတယ်။

Galaxy A7 မှာလည်း ပထမဆုံး အနေနဲ့ အနောက်ကင်မရာ သုံးလုံး ထည့်သွင်းပေးခဲ့ပါတယ်။ Galaxy A9 ဟာလည်း အနောက်ကင်မရာ လေးလုံး ပါတဲ့ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်လာခဲ့ပါတယ်။ မကြာခင်ကပဲ Infinity-O Display ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်တဲ့ A8s ကို ကြေညာခဲ့ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါတဲ့ Samsung ရဲ့ ပထမဆုံး ဖုန်းဟာ Galaxy A10 ဖြစ်ဖို့ သေချာနေပါတယ်။

ဒါ့အပြင် ဆမ်ဆောင်းက Snapdragon 845 SoC ပါတဲ့စွမ်းရည်သင့် ဖုန်းကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများလည်း ထွက်နေပါတယ်။ အဲဒီအတွက် Galaxy A10 မှာ Snapdragon 845 SoC ပါလာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.