၂၀၁၉ ခုႏွစ္မွာ Apple က ၁၀ လက္မ iPad နဲ႔ တန္ဖိုးနည္း iPad Mini ကို ေရာင္းမည္

0
1243

China Times က Apple ဟာ ၁၀ လက္မ iPad နဲ႔ တန္ဖိုးနည္း iPad Mini ကို လာမယ့္ႏွစ္မွာ ေရာင္းမယ္လို႔ ေျပာပါတယ္။ iPad Mini ဟာ ၂၀၁၅ ခုႏွစ္မွာ ေရာင္းခ်ခဲ့တဲ့ စတုတၳေျမာက္ ေမာ္ဒယ္ ၿပီးေနာက္မွာ အသစ္ထြက္လာျခင္း မရွိခဲ့ပါဘူး။

Apple က ၂၀၁၈ ခုႏွစ္မွာ ေၾကညာခဲ့တဲ့ iPad 9.7 ဟာ ဒီဇိုင္းအပိုင္းမွာ ေျပာင္းလဲထားျခင္း မရွိဘဲ ပေရာ္ဆက္ဆာ အသစ္သာ ထည့္ထားပါတယ္။ လာမယ့္ႏွစ္ထုတ္ ေမာ္ဒယ္မွာေတာ့ ဒီဇုိင္းကို ဆန္းသစ္ထားမွာ ျဖစ္ပါတယ္။ ယခင္မ်ိဳးဆက္ထက္ အနည္းငယ္ပိုမို ႀကီးမားတဲ့ ၁၀ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ ပါးလႊာမယ္လို႔ သတင္းထြက္ေနပါတယ္။ ေဘာင္ေပ်ာက္ ဒီဇိုင္း ျဖစ္တဲ့ အတြက္ Touch ID ကို ဖယ္ရွားထားမွာပါ။ လာမယ့္ႏွစ္ မတ္လမွာ ေၾကညာမယ္လို႔ ထင္ရပါတယ္။

iPad Mini 5 ကို ၂၀ၮ၈ ခုႏွစ္ ေႏွာင္းပိုင္း သို႔မဟုတ္ ၂၀၁၉ ခုႏွစ္ အေစာပိုင္းမွာ ေရာင္းမယ္လို႔ ခြဲျခမ္းစိတ္ျဖာသူ Ming-Chi Kuo က ေျပာခဲ့ဖူးပါတယ္။ iPad Mini အသစ္ရဲ႕ ဒီဇိုင္းကို မသိရေသးပါဘူး။ သူ႔မွာ တန္ဖိုးနည္း မ်က္ႏွာျပင္ ထည့္သြင္းထားမွာ ျဖစ္ၿပီး ပေရာ္ဆက္ဆာကို အဆင့္ျမွင့္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ သူဟာ ေစ်းခ်ိဳမယ္လို႔ သိရပါတယ္။ လက္ရွိမွာ 128GB iPad Mini ကို ၃၉၉ ေဒၚလာျဖင့္ ေရာင္းခ်ေပးထားတဲ့ အတြက္ ေမာ္ဒယ္ အသစ္ဟာ ဒီထက္ ေစ်းသက္သာမယ္လို႔ ထင္ရပါတယ္။

၂၀၁၈ ခုႏွစ္မွာ ၂၀၁၇ ခုႏွစ္ရဲ႕ အိုင္ပတ္ ေရာင္းအားထက္ က်ဆင္းသြားပါတယ္။ အိုင္ပတ္ သာမက ကမာၻအ၀န္းမွာ တက္ဘလက္ ေရာင္းအားမ်ား က်ဆင္းေနပါတယ္။

Ref : 9to5mac

၂၀၁၉ ခုနှစ်မှာ Apple က ၁၀ လက်မ iPad နဲ့ တန်ဖိုးနည်း iPad Mini ကို ရောင်းမည်

China Times က Apple ဟာ ၁၀ လက်မ iPad နဲ့ တန်ဖိုးနည်း iPad Mini ကို လာမယ့်နှစ်မှာ ရောင်းမယ်လို့ ပြောပါတယ်။ iPad Mini ဟာ ၂၀၁၅ ခုနှစ်မှာ ရောင်းချခဲ့တဲ့ စတုတ္ထမြောက် မော်ဒယ် ပြီးနောက်မှာ အသစ်ထွက်လာခြင်း မရှိခဲ့ပါဘူး။

Apple က ၂၀၁၈ ခုနှစ်မှာ ကြေညာခဲ့တဲ့ iPad 9.7 ဟာ ဒီဇိုင်းအပိုင်းမှာ ပြောင်းလဲထားခြင်း မရှိဘဲ ပရော်ဆက်ဆာ အသစ်သာ ထည့်ထားပါတယ်။ လာမယ့်နှစ်ထုတ် မော်ဒယ်မှာတော့ ဒီဇိုင်းကို ဆန်းသစ်ထားမှာ ဖြစ်ပါတယ်။ ယခင်မျိုးဆက်ထက် အနည်းငယ်ပိုမို ကြီးမားတဲ့ ၁၀ လက်မ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် ဘေးဘောင်များဟာ ပါးလွှာမယ်လို့ သတင်းထွက်နေပါတယ်။ ဘောင်ပျောက် ဒီဇိုင်း ဖြစ်တဲ့ အတွက် Touch ID ကို ဖယ်ရှားထားမှာပါ။ လာမယ့်နှစ် မတ်လမှာ ကြေညာမယ်လို့ ထင်ရပါတယ်။

iPad Mini 5 ကို ၂၀ဍ္ဍ၈ ခုနှစ် နှောင်းပိုင်း သို့မဟုတ် ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ရောင်းမယ်လို့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က ပြောခဲ့ဖူးပါတယ်။ iPad Mini အသစ်ရဲ့ ဒီဇိုင်းကို မသိရသေးပါဘူး။ သူ့မှာ တန်ဖိုးနည်း မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး ပရော်ဆက်ဆာကို အဆင့်မြှင့်ထားမယ်လို့ သတင်းထွက်နေပါတယ်။ သူဟာ ဈေးချိုမယ်လို့ သိရပါတယ်။ လက်ရှိမှာ 128GB iPad Mini ကို ၃၉၉ ဒေါ်လာဖြင့် ရောင်းချပေးထားတဲ့ အတွက် မော်ဒယ် အသစ်ဟာ ဒီထက် ဈေးသက်သာမယ်လို့ ထင်ရပါတယ်။

၂၀၁၈ ခုနှစ်မှာ ၂၀၁၇ ခုနှစ်ရဲ့ အိုင်ပတ် ရောင်းအားထက် ကျဆင်းသွားပါတယ်။ အိုင်ပတ် သာမက ကမ္ဘာအဝန်းမှာ တက်ဘလက် ရောင်းအားများ ကျဆင်းနေပါတယ်။

Ref : 9to5mac

Leave a Reply