Posted on Leave a comment
အနောက်ကင်မရာ တစ်လုံး ပါတဲ့ ဖုန်းများထဲမှာ iPhone XR နဲ့ ရင်ဘောင်တန်းနိုင်တဲ့ Google Pixel 3
DxOMark က Google Pixel 3 ရဲ့ အနောက်ကင်မရာ ရမှတ်များကို ကြေညာလိုက်ပါတယ်။ ဓါတ်ပုံ အတွက် ၁၀၃ နဲ့ ဗီဒီယို အတွက် ၉၈ မှတ် ရရှိသွားပြီး စုစုပေါင်း ၁၀၁ မှတ် ဖြစ်ပါတယ်။ အနောက်ကင်မရာ အကောင်းဆုံး ဖုန်း စာရင်းမှာ သူဟာ နံပါတ် ၅ နေရာကို ရရှိသွားပါတယ်။ DxOMark က အနောက် ကင်မရာ တစ်လုံးတပ် ဖုန်းများထဲမှာ သူဟာ iPhone XR နဲ့အတူ အကောင်းဆုံး ဖြစ်တယ်လို့ ပြောပါတယ်။
DxOMark က Pixel 3 ရဲ့ Dynamic Range ဟာ အလွန် ကောင်းပြီး ပုံရိပ်များကို ဖမ်းယူရာမှာ အသေးစိတ်ကျတယ်လို့ ပြောပါတယ်။ ဒါ့အပြင် Flash ရဲ့ စွမ်းဆောင်ရည်ဟာ ကောင်းပြီး Noise လည်း နည်းပါးပါတယ်။ ဗီဒီယိုများအတွက် Stabilization က အရမ်း မိုက်ပါတယ်။ Pixel 3 ဟာ ယခင်မျိုးုဆက်ထက် Bokeh နဲ့ Zoom အပိုင်းမှာ အလွန် ကောင်းသွားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် Low Light များမှာတော့ Noise အနည်းငယ်ရှိတယ်လို့ ပြောပါတယ်။
ယခုလ အစောပိုင်းမှာတော့ DxOMark က iPhone XR ကို စမ်းသပ်ခဲ့ပါတယ်။ သူဟာ ရုပ်သေ ဓါတ်ပုံ အပိုင်းမှာ ၁၀၃ မှတ်နဲ့ ဗီဒီယို အပိုင်းမှာ ၁၀၁ မှတ် ရရှိသွားပါတယ်။ စုစုပေါင်း ရမှတ်က ၁၀၁ ဖြစ်ပါတယ်။ အနောက်ကင်မရာ တစ်လုံး ပါတဲ့ ဖုန်းများထဲမှာတော့ သူဟာ ရမှတ် အများဆုံး ဖြစ်သွားခဲ့ပါတယ်။ အခုတော့ Google Pixel 3 နဲ့ ရမှတ်တူသွားပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.