Posted on Leave a comment

KIA က စီးနင္းသူရဲ႕ စိတ္ခံစားခ်က္ကို သိႏုိင္မယ့္ ေမာင္းသူမဲ့ ကားကို ဖန္တီးမည္

လာမယ့္လမွာ က်င္းပမယ့္ Consumer Electronics Show (CES) မွာ Kia က သိပၸံရုပ္ရွင္ကား ဆန္ဆန္ နည္းပညာ အသစ္တစ္ခုကို ေျပာၾကားမွာ ျဖစ္ပါတယ္။ အဲဒါကေတာ့ ေမာင္းသူမဲ့ ကားနည္းပညာနဲ႔ ပတ္သက္ေနပါတယ္။ Kia က ေမာင္းသူမဲ့ကားမ်ားဟာ စီးနင္းသူ သို႔မဟုတ္ ပိုင္ရွင္ရဲ႕ စိတ္ခံစားခ်က္မ်ားကို သိနားလည္ေအာင္ ျပဳလုပ္မွာ ျဖစ္ပါတယ္။ အဲဒီအတြက္ ေမာင္းသူမဲ့ကားနဲ႔ ပိုင္ရွင္မ်ား အၾကားမွာ ဆက္သြယ္မႈ ပိုမို ေကာင္းမြန္လာၿပီး သြားမယ့္ ခရီးလမ္းေၾကာင္းမ်ားဟာ ပိုမို အဆင္ေျပလာမွာ ျဖစ္ပါတယ္။

ဒီလို ျပဳလုပ္ႏုိင္ဖို႔ ေမာင္းသူမဲ့ကားမွာ ဥာဏ္ရည္တု နည္းပညာမ်ား ထည့္သြင္းမွာ ျဖစ္ပါတယ္။ Kia က Real-time Emotion Adaptive Driving (READ) လို႔ အမည္ရတဲ့စနစ္ကို ဖန္တီးဖို႔ မက္ဆာခ်ဴးဆက္ နည္းပညာ တကၠသိုလ္ရဲ႕ Media Lab’s Affective Computing Group နဲ႔ ပူးေပါင္းထားပါတယ္။ Kia က ဒီနည္းပညာဟာ ကမာၻ႕ပထမဆံုးလို႔ ေၾကြးေၾကာ္ထားၿပီး Bio-signal Recognition နည္းပညာနဲ႔ ဥာဏ္ရည္တု နည္းပညာမ်ား ကေန လူမ်ားရဲ႕ စိတ္ခံစားမႈ အေျခအေနမ်ားကို ခြဲျခားစိတ္ျဖာႏုိင္တယ္လို႔ ေျပာပါတယ္။

“ READ စနစ္က စီးနင္းသူနဲ႔ စဥ္ဆက္မျပတ္ ဆက္သြယ္ႏုိင္တဲ့ အတြက္ ပိုင္ရွင္ သြားေစခ်င္တဲ့ လမ္းေၾကာင္း၊ အျမန္ႏႈန္းမ်ားကို နားလည္မွာ ျဖစ္ပါတယ္။ “ လို႔ Kia ရဲ႕ သုေတသန ဌာနမွ အႀကီးအကဲ ျဖစ္သူ Albert Biermann က ေျပာပါတယ္။ Kia က CES မွာ တကယ့္ကားျဖင့္ READ စနစ္ကို သရုပ္ျပသမွာ မဟုတ္ေသးဘဲ နည္းပညာအေၾကာင္းကိုသာ ေျပာမွာ ျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္မွာ စမတ္ ၿမိဳ႕ေတာ္မ်ားတြင္ ေမာင္းသူမဲ့ ကားမ်ားကို စမ္းသပ္မယ္လို႔ Kia က ေျပာခဲ့ဖူးပါတယ္။

Ref : digitaltrends

KIA က စီးနင်းသူရဲ့ စိတ်ခံစားချက်ကို သိနိုင်မယ့် မောင်းသူမဲ့ ကားကို ဖန်တီးမည်

လာမယ့်လမှာ ကျင်းပမယ့် Consumer Electronics Show (CES) မှာ Kia က သိပ္ပံရုပ်ရှင်ကား ဆန်ဆန် နည်းပညာ အသစ်တစ်ခုကို ပြောကြားမှာ ဖြစ်ပါတယ်။ အဲဒါကတော့ မောင်းသူမဲ့ ကားနည်းပညာနဲ့ ပတ်သက်နေပါတယ်။ Kia က မောင်းသူမဲ့ကားများဟာ စီးနင်းသူ သို့မဟုတ် ပိုင်ရှင်ရဲ့ စိတ်ခံစားချက်များကို သိနားလည်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် မောင်းသူမဲ့ကားနဲ့ ပိုင်ရှင်များ အကြားမှာ ဆက်သွယ်မှု ပိုမို ကောင်းမွန်လာပြီး သွားမယ့် ခရီးလမ်းကြောင်းများဟာ ပိုမို အဆင်ပြေလာမှာ ဖြစ်ပါတယ်။

ဒီလို ပြုလုပ်နိုင်ဖို့ မောင်းသူမဲ့ကားမှာ ဉာဏ်ရည်တု နည်းပညာများ ထည့်သွင်းမှာ ဖြစ်ပါတယ်။ Kia က Real-time Emotion Adaptive Driving (READ) လို့ အမည်ရတဲ့စနစ်ကို ဖန်တီးဖို့ မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်ရဲ့ Media Lab’s Affective Computing Group နဲ့ ပူးပေါင်းထားပါတယ်။ Kia က ဒီနည်းပညာဟာ ကမ္ဘာ့ပထမဆုံးလို့ ကြွေးကြော်ထားပြီး Bio-signal Recognition နည်းပညာနဲ့ ဉာဏ်ရည်တု နည်းပညာများ ကနေ လူများရဲ့ စိတ်ခံစားမှု အခြေအနေများကို ခွဲခြားစိတ်ဖြာနိုင်တယ်လို့ ပြောပါတယ်။

“ READ စနစ်က စီးနင်းသူနဲ့ စဉ်ဆက်မပြတ် ဆက်သွယ်နိုင်တဲ့ အတွက် ပိုင်ရှင် သွားစေချင်တဲ့ လမ်းကြောင်း၊ အမြန်နှုန်းများကို နားလည်မှာ ဖြစ်ပါတယ်။ “ လို့ Kia ရဲ့ သုတေသန ဌာနမှ အကြီးအကဲ ဖြစ်သူ Albert Biermann က ပြောပါတယ်။ Kia က CES မှာ တကယ့်ကားဖြင့် READ စနစ်ကို သရုပ်ပြသမှာ မဟုတ်သေးဘဲ နည်းပညာအကြောင်းကိုသာ ပြောမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စမတ် မြို့တော်များတွင် မောင်းသူမဲ့ ကားများကို စမ်းသပ်မယ်လို့ Kia က ပြောခဲ့ဖူးပါတယ်။

Ref : digitaltrends

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.