iPhone 7 နဲ႔ iPhone 8 ေရာင္းခ်ျခင္းကို ဂ်ာမနီမွာ ပိတ္လိုက္ၿပီ

0
3652

Apple နဲ႔ Qualcomm တို႔ဟာ ကမာၻအ၀န္းမွာ မူပိုင္ခြင့္ ဆိုင္ရာ အမႈတစ္ခုကို ရင္ဆိုင္ေနၾကပါတယ္။  Qualcomm က iOS မွ ေဆာ့ဖ္၀ဲ လုပ္ေဆာင္ အနည္းငယ္ဟာ သူ႔ရဲ႕ Patents မ်ားကေန ယူသံုးထားတယ္လို႔ တရားစြဲခဲ့တာ ျဖစ္ပါတယ္။  မၾကာေသးခင္ကပဲ တရုတ္ တရားရံုးက Qualcomm အား အႏိုင္ေပးလိုက္ပါတယ္။

တရားရံုးက တရုတ္မွာ iPhone X, 8 , 8 Plus နဲ႔ iPhone 6s အထိ ေမာ္ဒယ္ အေဟာင္းမ်ားအား တင္သြင္း ေရာင္းခ်ျခင္းကို ပိတ္ပင္လိုက္ပါတယ္။ တရုတ္မွာ ပိတ္ပင္လိုက္တဲ့ အထဲမွာ ၂၀၁၈ ခုႏွစ္ထုတ္ အိုင္ဖုန္းမ်ား ျဖစ္တဲ့ iPhone XS, XS Max နဲ႔ XR မ်ား မပါ၀င္ပါဘူး။ Apple က အိုင္ဖုန္းအေဟာင္းမ်ား ဆက္လက္ေရာင္းခ်ႏုိင္ဖို႔ Qualcomm ရဲ႕ နည္းပညာမ်ားကို ဖယ္ရွားထားမယ့္ iOS Update ကို တရုတ္ ျဖန္႔ခ်ီေပးခဲ့ပါတယ္။ ဘယ္လိုဆက္ျဖစ္လာမလဲ ဆိုတာ မသိရေသးပါဘူး။

အခုလည္း အလားတူ အမႈတစ္ခုမွာ ဂ်ာမနီ တရားရံုးတစ္ခုက Qualcomm ကို အႏိုင္ေပးလိုက္ပါတယ္။ အဲဒီအတြက္ Apple ဟာ ဂ်ာမနီမွ သူ႔ရဲ႕ စတိုးေပါင္း ၁၅ ခုမွာ iPhone 7 နဲ႔ iPhone 8 မ်ား ေရာင္းခ်ျခင္းကို ရပ္နားလိုက္ရပါတယ္။ ပိတ္ပင္ထားတဲ့ အထဲမွာ ၂၀၁၈ ခုႏွစ္ထုတ္ အိုင္ဖုန္းမ်ား မပါပါဘူး။ ဂ်ာမနီမွာ iPhone 7 နဲ႔ iPhone 8 မ်ားကို  Third-party Stores မ်ားနဲ႔ Carriers မ်ားကေန ၀ယ္ယူႏိုင္ပါေသးတယ္။

Qualcomm ကသူ႔ရဲ႕ Patent မ်ားကို ယူသံုးျခင္းနဲ႔ လိုင္စင္ေၾကး အျဖစ္ ေဒၚလာ ၇ ဘီလီယမ္ကိုApple ထံကေန အလိုရွိေနပါတယ္။ ယခင္ကေတာ့ Apple ဟာ သူ႔ရဲ႕ ထုတ္ကုန္ တစ္ခု ေရာင္းခ်ရတိုင္း Qualcomm ရဲ႕ နည္းပညာအတြက္ လိုင္စင္ေၾကးေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကမွ Qualcomm ရဲ႕Patent မ်ားဟာ တရားမ၀င္ဘူးလို႔ ေျပာၿပီး လိုင္စင္ေၾကးေပးျခင္းကို ရပ္နားခဲ့ပါတယ္။

iPhone 7 နဲ့ iPhone 8 ရောင်းချခြင်းကို ဂျာမနီမှာ ပိတ်လိုက်ပြီ

Apple နဲ့ Qualcomm တို့ဟာ ကမ္ဘာအဝန်းမှာ မူပိုင်ခွင့် ဆိုင်ရာ အမှုတစ်ခုကို ရင်ဆိုင်နေကြပါတယ်။ Qualcomm က iOS မှ ဆော့ဖ်ဝဲ လုပ်ဆောင် အနည်းငယ်ဟာ သူ့ရဲ့ Patents များကနေ ယူသုံးထားတယ်လို့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ တရုတ် တရားရုံးက Qualcomm အား အနိုင်ပေးလိုက်ပါတယ်။

တရားရုံးက တရုတ်မှာ iPhone X, 8 , 8 Plus နဲ့ iPhone 6s အထိ မော်ဒယ် အဟောင်းများအား တင်သွင်း ရောင်းချခြင်းကို ပိတ်ပင်လိုက်ပါတယ်။ တရုတ်မှာ ပိတ်ပင်လိုက်တဲ့ အထဲမှာ ၂၀၁၈ ခုနှစ်ထုတ် အိုင်ဖုန်းများ ဖြစ်တဲ့ iPhone XS, XS Max နဲ့ XR များ မပါဝင်ပါဘူး။ Apple က အိုင်ဖုန်းအဟောင်းများ ဆက်လက်ရောင်းချနိုင်ဖို့ Qualcomm ရဲ့ နည်းပညာများကို ဖယ်ရှားထားမယ့် iOS Update ကို တရုတ် ဖြန့်ချီပေးခဲ့ပါတယ်။ ဘယ်လိုဆက်ဖြစ်လာမလဲ ဆိုတာ မသိရသေးပါဘူး။

အခုလည်း အလားတူ အမှုတစ်ခုမှာ ဂျာမနီ တရားရုံးတစ်ခုက Qualcomm ကို အနိုင်ပေးလိုက်ပါတယ်။ အဲဒီအတွက် Apple ဟာ ဂျာမနီမှ သူ့ရဲ့ စတိုးပေါင်း ၁၅ ခုမှာ iPhone 7 နဲ့ iPhone 8 များ ရောင်းချခြင်းကို ရပ်နားလိုက်ရပါတယ်။ ပိတ်ပင်ထားတဲ့ အထဲမှာ ၂၀၁၈ ခုနှစ်ထုတ် အိုင်ဖုန်းများ မပါပါဘူး။ ဂျာမနီမှာ iPhone 7 နဲ့ iPhone 8 များကို Third-party Stores များနဲ့ Carriers များကနေ ဝယ်ယူနိုင်ပါသေးတယ်။

Qualcomm ကသူ့ရဲ့ Patent များကို ယူသုံးခြင်းနဲ့ လိုင်စင်ကြေး အဖြစ် ဒေါ်လာ ၇ ဘီလီယမ်ကိုApple ထံကနေ အလိုရှိနေပါတယ်။ ယခင်ကတော့ Apple ဟာ သူ့ရဲ့ ထုတ်ကုန် တစ်ခု ရောင်းချရတိုင်း Qualcomm ရဲ့ နည်းပညာအတွက် လိုင်စင်ကြေးပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကမှ Qualcomm ရဲ့Patent များဟာ တရားမဝင်ဘူးလို့ ပြောပြီး လိုင်စင်ကြေးပေးခြင်းကို ရပ်နားခဲ့ပါတယ်။

Leave a Reply