Smartphone Trending

Xiaomi Redmi Pro 2 မွာ 48MP Camera ပါမည္

Huawei က မၾကာခင္ကပဲ 48MP Camera ပါတဲ့ Nova 4 ကို ေၾကညာခဲ့ပါတယ္။ 48MP Camera ပါမယ့္ အျခား စမတ္ဖုန္းမ်ားရဲ႕ သတင္းမ်ားလည္း ထြက္ေပၚေနပါတယ္။ Honor က Sony IMX586 Sensor , Kirin 980 Processor နဲ႔ မ်က္ႏွာျပင္ေအာက္ ဆဲလ္ဖီး ကင္္မရာမ်ား ပါတဲ့ View 20 ကို မၾကာေသးခင္က အႀကိဳေၾကညာခဲ့ပါတယ္။  Honor က View 20 ရဲ႕ Specs အျပည့္အစံုကို ပဲရစ္မွာ ဇန္န၀ါရီလ ၂၂ ရက္တြင္ ေၾကညာမွာပါ။

ေရွာင္မီကလည္းလာမယ့္ လအနည္းငယ္အတြင္းမွာ 48MP Phone တစ္လံုးကို ေၾကညာေတာ့မွာပါ။ ကုမၸဏီရဲ႕ ပူးတြဲတည္ေထာင္သူနဲ႔ဥကၠဌ ျဖစ္သူ လင္ဘင္က 48MP Camera ပါတဲ့ ဖုန္းတစ္လံုးရဲ႕ ဓါတ္ပံုကို ၀ီဘိုမွာ မွ်ေ၀ခဲ့ဖူးပါတယ္။ လင္ဘင္က ဇန္န၀ါရီလမွာ ေၾကညာမယ္လို႔ ေျပာပါတယ္။

အခုလည္း ေရွာင္မီက ၀ီဘိုမွာ 48MP Phone ရဲ႕ Teaser Poster ကို မွ်ေ၀ထားပါတယ္။ အဲဒီ ဖုန္းဟာ Redmi Pro 2 ျဖစ္ႏုိင္ၿပီး သူ႔မွာ Qualcomm Snapdragon 675 Chipset ထည့္သြင္းထားမယ္လို႔ ေဖာ္ျပထားပါတယ္။  ဒါ့အျပင္ သူဟာမ်က္ႏွာျပင္ေအာက္မွာ အေရွ႕ ကင္မရာ ျမွပ္ႏွံထားတဲ့ ေရွာင္မီရဲ႕ ပထမဆံုး ဖုန္း ျဖစ္လာမွာပါ။ကင္မရာ အေပါက္ကို မ်က္ႏွာျပင္ရဲ႕ အထက္ ဘယ္ဘက္မွာ ထည့္သြင္းထားတာပါ။ သူဟာ အေနာက္ဘက္ကိုဖန္ျဖင့္ ဖံုးအုပ္ထားတဲ့ ပထမဆံုး Redmi Phone ျဖစ္လာမွာပါ။ လာမယ့္လမွာ သူ႔ကို တရား၀င္ေၾကညာမွာပါ။ သူ႔ရဲ႕ တန္ေၾကးဟာ ယြမ္ ၂၀၀၀ ( ၂၅၄ ယူရို)  ေလာက္ ရွိႏုိင္ပါတယ္။

ယခင္ကလည္း Megapixel ျမင့္မားတဲ့ ဖုန္းမ်ား ထြက္ခဲ့ဖူးပါတယ္။  41MP ပါတဲ့ Nokia 1020 ျဖစ္ၿပီး ၂၀၁၃ ခုႏွစ္မွာ ေၾကညာထားတာပါ။ သူဟာ အဲဒီ သရဖူကို ႏွစ္မ်ားစြာၾကာ ထိန္းသိမ္းထားတာပါ။ Huawei Mate 20 Pro နဲ႔ P20 Pro မ်ားမွာ 40MP Camera မ်ား ထည့္သြင္းထားပါတယ္။ ဒါေပမယ့္ သူတို႔ဟာ ႏိုကီယာရဲ႕ စံခ်ိန္ကို မခ်ိဳးႏုိင္ေသးပါဘူး။ အခုေတာ့ အဲဒီစံခ်ိန္ကို ခ်ိဳးထားတဲ့ ဖုန္းမ်ား ထြက္ေပၚလာပါၿပီ။

unicode

Xiaomi Redmi Pro 2 မှာ 48MP Camera ပါမည်

Huawei က မကြာခင်ကပဲ 48MP Camera ပါတဲ့ Nova 4 ကို ကြေညာခဲ့ပါတယ်။ 48MP Camera ပါမယ့် အခြား စမတ်ဖုန်းများရဲ့ သတင်းများလည်း ထွက်ပေါ်နေပါတယ်။ Honor က Sony IMX586 Sensor , Kirin 980 Processor နဲ့ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာများ ပါတဲ့ View 20 ကို မကြာသေးခင်က အကြိုကြေညာခဲ့ပါတယ်။ Honor က View 20 ရဲ့ Specs အပြည့်အစုံကို ပဲရစ်မှာ ဇန်နဝါရီလ ၂၂ ရက်တွင် ကြေညာမှာပါ။

ရှောင်မီကလည်းလာမယ့် လအနည်းငယ်အတွင်းမှာ 48MP Phone တစ်လုံးကို ကြေညာတော့မှာပါ။ ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ဥက္ကဌ ဖြစ်သူ လင်ဘင်က 48MP Camera ပါတဲ့ ဖုန်းတစ်လုံးရဲ့ ဓါတ်ပုံကို ဝီဘိုမှာ မျှဝေခဲ့ဖူးပါတယ်။ လင်ဘင်က ဇန်နဝါရီလမှာ ကြေညာမယ်လို့ ပြောပါတယ်။

အခုလည်း ရှောင်မီက ဝီဘိုမှာ 48MP Phone ရဲ့ Teaser Poster ကို မျှဝေထားပါတယ်။ အဲဒီ ဖုန်းဟာ Redmi Pro 2 ဖြစ်နိုင်ပြီး သူ့မှာ Qualcomm Snapdragon 675 Chipset ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် သူဟာမျက်နှာပြင်အောက်မှာ အရှေ့ ကင်မရာ မြှပ်နှံထားတဲ့ ရှောင်မီရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ကင်မရာ အပေါက်ကို မျက်နှာပြင်ရဲ့ အထက် ဘယ်ဘက်မှာ ထည့်သွင်းထားတာပါ။ သူဟာ အနောက်ဘက်ကိုဖန်ဖြင့် ဖုံးအုပ်ထားတဲ့ ပထမဆုံး Redmi Phone ဖြစ်လာမှာပါ။ လာမယ့်လမှာ သူ့ကို တရားဝင်ကြေညာမှာပါ။ သူ့ရဲ့ တန်ကြေးဟာ ယွမ် ၂၀၀၀ ( ၂၅၄ ယူရို) လောက် ရှိနိုင်ပါတယ်။

ယခင်ကလည်း Megapixel မြင့်မားတဲ့ ဖုန်းများ ထွက်ခဲ့ဖူးပါတယ်။ 41MP ပါတဲ့ Nokia 1020 ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ကြေညာထားတာပါ။ သူဟာ အဲဒီ သရဖူကို နှစ်များစွာကြာ ထိန်းသိမ်းထားတာပါ။ Huawei Mate 20 Pro နဲ့ P20 Pro များမှာ 40MP Camera များ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် သူတို့ဟာ နိုကီယာရဲ့ စံချိန်ကို မချိုးနိုင်သေးပါဘူး။ အခုတော့ အဲဒီစံချိန်ကို ချိုးထားတဲ့ ဖုန်းများ ထွက်ပေါ်လာပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.