Posted on Leave a comment

iPad Pro 2018 မ်ားဟာ ေကြးသြားႏိုင္တယ္လို႔ Apple ၀န္ခံ

စမတ္ဖုန္း ၊ တက္ဘလက္မ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ JerryRigEverything မွ Zack Nelson က ယခုႏွစ္ထုတ္ iPad Pro ကို သူ႕လက္ျဖင့္ ႏွစ္ပိုင္းခ်ိဳးျပခဲ့ဖူးပါတယ္။ အဲဒီ အတြက္ Apple ရဲ႕ ယခုႏွစ္ထုတ္ တက္ဘလက္ အသစ္မ်ားဟာ ၾကံ႕ခိုင္မႈ မရွိဘူးလို႔ စိုးရိမ္ခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ လမ်ား အတြင္းကလည္း MacRumors Forums မွာ တက္ဘလက္အသစ္မ်ားဟာ ဘူးခြံထဲက ပါလာကတည္းက အနည္းငယ္ ေကြးေနတယ္လို႔ ေျပာၾကပါတယ္။ အခ်ိဳ႕ကလည္း ထိခိုက္မႈ မရွိဘဲ သာမာန္ သံုးေနရင္းကေန ေကြးသြားတယ္လို႔ ေျပာၾကပါတယ္။

အခုေတာ့ Apple က အဲဒီ ကိစၥကို တုန္႔ျပန္ေျပာၾကားလိုက္ပါတယ္။ Apple က ဒီလို ျဖစ္ရျခင္းဟာ ထုတ္လုပ္မႈ ျဖစ္စဥ္ရဲ႕ ေဘးထြက္ဆိုးက်ိဳးတစ္ခုသာ ျဖစ္ၿပီး ဆိုးဆိုးရြားရြား မျဖစ္ႏုိင္ဘူးလို႔ ေျပာပါတယ္။ တက္ဘလက္ရဲ႕ သတၱဳနဲ႔ ပလတ္စတစ္ကို အေအးခံျခင္း ျဖစ္စဥ္ေၾကာင့္လို႔ ကုမၸဏီက ရွင္းျပပါတယ္။ ဒါေပမယ့္ တက္ဘလက္ရဲ႕ စြမ္းေဆာင္ရည္ကို ဘယ္လိုနည္းနဲ႔မွ မထိခိုက္ႏုိင္ဘူးလို႔ ေျပာပါတယ္။ Apple က ဒီဇိုင္း အားနည္းခ်က္လို႔ေတာင္ မျမင္ပါဘူး။

၁၁ လက္မနဲ႔ ၁၂.၉ လက္မေမာ္ဒယ္ အားလံုးမွာ ဒီလို ကိုယ္ထည္ ေကြးညႊတ္ျခင္း ျဖစ္ႏုိင္ပါတယ္။ တက္ဘလက္ အသစ္မ်ားဟာ ယခင္ေမာ္ဒယ္မ်ားထက္ ပိုမို ပါးလႊာေအာင္ ဖန္တီးထားၾကပါတယ္။ ဒီလို ပါးလႊာေအာင္ ဖန္တီးထားတဲ့ သတၱဳဟာ ထုတ္လုပ္မႈ ျဖစ္စဥ္မွ အပူဒဏ္ကို သိပ္ၿပီး ခံႏုိင္ရည္ မရွိၾကပါဘူး။ Apple က တက္ဘလက္ အသစ္မ်ား အနည္းငယ္ ေကြးသြားတာဟာ ျပႆနာ မဟုတ္ဘူးလို႔ ေျပာေပမယ့္ တက္ဘလက္မ်ားကို ၀ယ္ထားသူမ်ားအတြက္ေတာ့ စိတ္ေက်နပ္မွာမဟုတ္ပါဘူး။ ဒါ့အျပင္ ၀ယ္ဖို႔ စဥ္းစားေနသူမ်ားအတြက္လည္း လက္တြန္႔သြားေစႏုိင္ပါတယ္။

iPad Pro 2018 များဟာ ကွေးသွားနိုင်တယ်လို့ Apple ဝန်ခံ

စမတ်ဖုန်း ၊ တက်ဘလက်များရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ JerryRigEverything မှ Zack Nelson က ယခုနှစ်ထုတ် iPad Pro ကို သူ့လက်ဖြင့် နှစ်ပိုင်းချိုးပြခဲ့ဖူးပါတယ်။ အဲဒီ အတွက် Apple ရဲ့ ယခုနှစ်ထုတ် တက်ဘလက် အသစ်များဟာ ကြံ့ခိုင်မှု မရှိဘူးလို့ စိုးရိမ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ လများ အတွင်းကလည်း MacRumors Forums မှာ တက်ဘလက်အသစ်များဟာ ဘူးခွံထဲက ပါလာကတည်းက အနည်းငယ် ကွေးနေတယ်လို့ ပြောကြပါတယ်။ အချို့ကလည်း ထိခိုက်မှု မရှိဘဲ သာမာန် သုံးနေရင်းကနေ ကွေးသွားတယ်လို့ ပြောကြပါတယ်။

အခုတော့ Apple က အဲဒီ ကိစ္စကို တုန့်ပြန်ပြောကြားလိုက်ပါတယ်။ Apple က ဒီလို ဖြစ်ရခြင်းဟာ ထုတ်လုပ်မှု ဖြစ်စဉ်ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုသာ ဖြစ်ပြီး ဆိုးဆိုးရွားရွား မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ တက်ဘလက်ရဲ့ သတ္တုနဲ့ ပလတ်စတစ်ကို အအေးခံခြင်း ဖြစ်စဉ်ကြောင့်လို့ ကုမ္ပဏီက ရှင်းပြပါတယ်။ ဒါပေမယ့် တက်ဘလက်ရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုနည်းနဲ့မှ မထိခိုက်နိုင်ဘူးလို့ ပြောပါတယ်။ Apple က ဒီဇိုင်း အားနည်းချက်လို့တောင် မမြင်ပါဘူး။

၁၁ လက်မနဲ့ ၁၂.၉ လက်မမော်ဒယ် အားလုံးမှာ ဒီလို ကိုယ်ထည် ကွေးညွှတ်ခြင်း ဖြစ်နိုင်ပါတယ်။ တက်ဘလက် အသစ်များဟာ ယခင်မော်ဒယ်များထက် ပိုမို ပါးလွှာအောင် ဖန်တီးထားကြပါတယ်။ ဒီလို ပါးလွှာအောင် ဖန်တီးထားတဲ့ သတ္တုဟာ ထုတ်လုပ်မှု ဖြစ်စဉ်မှ အပူဒဏ်ကို သိပ်ပြီး ခံနိုင်ရည် မရှိကြပါဘူး။ Apple က တက်ဘလက် အသစ်များ အနည်းငယ် ကွေးသွားတာဟာ ပြဿနာ မဟုတ်ဘူးလို့ ပြောပေမယ့် တက်ဘလက်များကို ဝယ်ထားသူများအတွက်တော့ စိတ်ကျေနပ်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ဝယ်ဖို့ စဉ်းစားနေသူများအတွက်လည်း လက်တွန့်သွားစေနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.