Posted on Leave a comment

အေရွ႕ကင္မရာအတြက္အေပါက္အေသးေလးသာေနရာယူျပီး အေနာက္ကင္မရာ 48MP ပါ၀င္မယ့္ Nova 4

Zawgyi Version

Huawei က သူ႕ရဲ႕ပထမဆံုးေသာ မ်က္နွာျပင္မွာအေပါက္ေသးေသးေလးပါ၀င္တဲ့စမတ္ဖုန္းကို တရုတ္ႏုိင္ငံမွာ ျပသလိုက္ပါတယ္။ အဲဒီဖုန္းကေတာ့ Noav 4 ျဖစ္ျပီး အေသးစိတ္အခ်က္အလက္ေတြကိုလည္း China web portal မွာ တင္ျပေပးထားခဲ့ပါတယ္။ အဲဒီစမတ္ဖုန္းမွာေတာ့ မက္ေလာက္စရာမ်က္ႏွာျပင္နဲ႕ ကင္မရာနည္းပညာေတြ ပါ၀င္မွာပဲ ျဖစ္ပါတယ္။

သူရဲ႕သြင္ျပင္ကိုၾကည့္ျပီးေတာ့ပရီမီယမ္စမတ္ဖုန္းလို႕ မသတ္မွတ္လိုက္ပါနဲ႕။ ဒါေပမယ့္လည္း Kirin 970 chipset ကို အသံုးျပဳထားတဲ့အတြက္ေၾကာင့္စြမ္းေဆာင္ရည္သင့္စမတ္ဖုန္းတန္းစားထက္ ေက်ာ္လြန္ေနတာကေတာ့ အေသအခ်ာပါပဲ။ အဲဒီchipset ကို မႏွစ္က Huawei Mate 10 စီးရီးနဲ႕ ဒီႏွစ္ရဲ႕ Huawei P20 စီးရီးတို႕မွာ ေတြ႕ျမင္ခဲ့ရတာပါ။Mate 20 စီးရီးအတြက္ စြမ္းေဆာင္ရည္ပိုျမင့္တဲ့ Kirin 980 ကို ေတြ႕ျမင္ရေတာ့မွာပါ။

The Huawei Nova 4 smartphone in red from behind.

Nova 4 ကိုၾကည့္လုိက္ရင္ေတာ့ အေပၚမွာေျပာထားခဲ့တဲ့ P20 နဲ႕ တူညီေနတဲ့အခ်က္ေလးေတြရွိပါတယ္။ ဒါေပမယ့္လည္း notch ေနရာမွာ အေပါက္ေသးေသးေလးသာ ေတြ႕ျမင္ရမွာပါ။ ဒီfeature ေလးက ေနာက္ႏွစ္အတြက္ trend တစ္ခုျဖစ္လာႏုိင္ပါတယ္။ အဲဒီအေပါက္ေလးထဲမွာ အေရွ႕ကင္မရာ 25MP ထည့္သြင္းေပးထားပါတယ္။ အေနာက္ကင္မရာကေတာ့ 48MP + 16MP + 2MP sensor ေတြကို တပ္ဆင္ေပးထားမွာပါ။ ကင္မရာအားလံုးမွာ AI feature ေတြကို အသံုးျပဳထားတာကလည္း စြဲမက္စရာတစ္ခုပါ။

အဓိကအခ်က္အလက္ေတြကိုေဖာ္ျပေပးရမယ္ဆိုရင္ေတာ့၆.၄လက္မ Full-HD+ display ၊ 2310 x 1080 resolution ၊ 8GB RAM ၊ 128GB သိုေလွာင္မႈေတြပါ၀င္မွာပါ။ဘတ္ထရီကေတာ့ 3750mAh ကို သံုးေပးထားပါတယ္။ Android 9.0 Pie ကို အသံုးျပဳထားမွာပါ။

The Huawei Nova 4 smartphone in red from the front.

ေစ်းႏႈန္းကေတာ့ တရုတ္ႏုိင္ငံမွာ ၃၃၉၉ယြမ္-ေဒၚလာ၄၉၀ နဲ႕ 20MP ကင္မရာအတြက္ကေတာ့ ၃၀၉၉ယြမ္-ေဒၚလာ၄၅၀ ျဖစ္ပါတယ္။ အရင္ Nova 3 ကို အာရွနဲ႕ ဥေရာပတစ္ခြင္ျဖန္႕ခ်ိခဲ့တယ္ဆိုေတာ့ Nova 4 ကိုလည္း ဒီအတုိင္းမွန္းထားပါတယ္။ မိတ္ေဆြတို႕ေရာ ဒီစမတ္ဖုန္းေလးကို ဘယ္လိုျမင္မိလဲ။

Unicode Version

Huawei က သူ့ရဲ့ပထမဆုံးသော မျက်နှာပြင်မှာအပေါက်သေးသေးလေးပါဝင်တဲ့စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ ပြသလိုက်ပါတယ်။ အဲဒီဖုန်းကတော့ Noav 4 ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုလည်း China web portal မှာ တင်ပြပေးထားခဲ့ပါတယ်။ အဲဒီစမတ်ဖုန်းမှာတော့ မက်လောက်စရာမျက်နှာပြင်နဲ့ ကင်မရာနည်းပညာတွေ ပါဝင်မှာပဲ ဖြစ်ပါတယ်။
သူရဲ့သွင်ပြင်ကိုကြည့်ပြီးတော့ ပရီမီယမ်စမတ်ဖုန်းလို့ မသတ်မှတ်လိုက်ပါနဲ့။ ဒါပေမယ့်လည်း Kirin 970 chipset ကို အသုံးပြုထားတဲ့အတွက်ကြောင့် စွမ်းဆောင်ရည်သင့်စမတ်ဖုန်းတန်းစားထက် ကျော်လွန်နေတာကတော့ အသေအချာပါပဲ။ အဲဒီ chipset ကို မနှစ်က Huawei Mate 10 စီးရီးနဲ့ ဒီနှစ်ရဲ့ Huawei P20 စီးရီးတို့မှာ တွေ့မြင်ခဲ့ရတာပါ။ Mate 20 စီးရီးအတွက် စွမ်းဆောင်ရည်ပိုမြင့်တဲ့ Kirin 980 ကို တွေ့မြင်ရတော့မှာပါ။

The Huawei Nova 4 smartphone in red from behind.


Nova 4 ကိုကြည့်လိုက်ရင်တော့ အပေါ်မှာပြောထားခဲ့တဲ့ P20 နဲ့ တူညီနေတဲ့အချက်လေးတွေရှိပါတယ်။ ဒါပေမယ့်လည်း notch နေရာမှာ အပေါက်သေးသေးလေးသာ တွေ့မြင်ရမှာပါ။ ဒီfeature လေးက နောက်နှစ်အတွက် trend တစ်ခုဖြစ်လာနိုင်ပါတယ်။ အဲဒီအပေါက်လေးထဲမှာ အရှေ့ကင်မရာ 25MP ထည့်သွင်းပေးထားပါတယ်။ အနောက်ကင်မရာကတော့ 48MP + 16MP + 2MP sensor တွေကို တပ်ဆင်ပေးထားမှာပါ။ ကင်မရာအားလုံးမှာ AI feature တွေကို အသုံးပြုထားတာကလည်း စွဲမက်စရာတစ်ခုပါ။
အဓိကအချက်အလက်တွေကိုဖော်ပြပေးရမယ်ဆိုရင်တော့ ၆.၄လက်မ Full-HD+ display ၊ 2310 x 1080 resolution ၊ 8GB RAM ၊ 128GB သိုလှောင်မှုတွေပါဝင်မှာပါ။ ဘတ်ထရီကတော့ 3750mAh ကို သုံးပေးထားပါတယ်။ Android 9.0 Pie ကို အသုံးပြုထားမှာပါ။

The Huawei Nova 4 smartphone in red from the front.


ဈေးနှုန်းကတော့ တရုတ်နိုင်ငံမှာ ၃၃၉၉ယွမ်-ဒေါ်လာ၄၉၀ နဲ့ 20MP ကင်မရာအတွက်ကတော့ ၃၀၉၉ယွမ်-ဒေါ်လာ၄၅၀ ဖြစ်ပါတယ်။ အရင် Nova 3 ကို အာရှနဲ့ ဥရောပတစ်ခွင်ဖြန့်ချိခဲ့တယ်ဆိုတော့ Nova 4 ကိုလည်း ဒီအတိုင်းမှန်းထားပါတယ်။ မိတ်ဆွေတို့ရော ဒီစမတ်ဖုန်းလေးကို ဘယ်လိုမြင်မိလဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.