Enterprise Trending

လက္ေဗြနဲ႕ဖြင့္လို႕ရမယ့္ကားကို Hyundai မွ ေရာင္းခ်ရန္စီစဥ္ေန

Zawgyi Version

ဒီနည္းပညာကို တရုတ္ႏုိင္ငံရဲ႕ 2019 Santa Fe SUV ေတြမွာ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

Hyundai က လက္ေဗြကိုအသံုးျပဳျပီး ကားကိုဖြင့္ျခင္း၊ စက္ႏိႈးျခင္းေတြျပဳလုပ္ႏုိင္မယ့္ ကားစနစ္ကို ျပသလိုက္ပါတယ္။ ဒီနည္းပညာဟာ တံခါးလက္ကိုင္ေတြနဲ႕ ignition ခလုတ္ေတြမွာ တပ္ဆင္သြားမွာျဖစ္ပါတယ္။ 2019 Santa Fe SUV ကားအသစ္ကိုလည္း တရုတ္ႏုိင္ငံက ကားျပပြဲမွာ ျပသခဲ့ပါေသးတယ္။

ကားပိုင္ရွင္ေတြအေနနဲ႕ သူတို႕ရဲ႕လက္ေဗြေတြကို ၾကိဳတင္စာရင္းေပးထားရမွာျဖစ္တယ္လို႕ ေတာင္ကိုရီးယားကားထုတ္လုပ္သူဆီကေန သိရပါတယ္။ ကားကိုအသံုးျပဳမယ့္လူအေပၚမွာမူတည္ျပီးေတာ့ ခံုကိုလည္း အလိုအေလ်ာက္ခ်ိန္ညွိေပးသြားျဖစ္သလို ေနာက္ၾကည့္မွန္ကိုလည္း ခ်ိန္ေပးသြားမွာပါ။

ေနာက္လာမယ့္ update ေတြမွာဆိုရင္လည္း စိတ္ၾကိဳက္အပူခ်ိန္သတ္မွတ္ျခင္း၊ စိုထိုင္းစ၊ စတီယာတုိင္ setting စတာေတြကိုလည္း ထည့္သြင္းေပးသြားမယ္လို႕ ေျပာထားပါတယ္။ အခုအခ်ိန္မွာေတာ့ ၂၀၁၉ ပထမသံုးလအတြင္းမွာ launch လုပ္ႏုိင္ဖို႕အတြက္ feature ေတြကို အကန္႕အသတ္နဲ႕သာ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

အဲဒီလိုလက္ေဗြနဲ႕လုပ္တဲ့အခ်ိန္မွာလည္း hack လုပ္တာမ်ိဳး၊ အတုလုပ္တာမ်ိဳးလည္း မျဖစ္ေအာင္ စီစဥ္ထားပါတယ္။ အမွားျဖစ္ႏုိင္ေခ်ႏႈန္းကလည္း အၾကိမ္ေပါင္း ၅၀ ၀၀၀ မွ တစ္ၾကိမ္သာရွိမွာပါ။ ဒီႏႈန္းထားကေတာ့ Apple ရဲ႕ Touch ID စံႏႈန္းနဲ႕အတူတူပါပဲ။

Santa Fe ရဲ႕ နည္းပညာေနာက္တစ္ခုကေတာ့ အေနာက္ပိုင္းကိုေစာင့္ၾကည့္ေပးမယ့္စနစ္ပဲ ျဖစ္ပါတယ္။ အေနာက္က ကေလးရဲ႕လႈပ္ရွားမႈေတြ၊ တစ္ေယာက္ေယာက္အေနာက္မွာက်န္ခဲ့တဲ့ျဖစ္ရပ္ေတြကို ေစာင့္ၾကည့္အသိေပးနုိင္မယ့္ ultrasonic sensor ေတြကို အသံုးျပဳထားပါတယ္။ တရုတ္ႏုိင္ငံရဲ႕ အင္တာနက္လုပ္ငန္းၾကီးတစ္ခုျဖစ္တဲ့ Baidu ရဲ႕ အသံစနစ္နဲ႕ ၾကိဳးမဲ့ဖုန္းအားသြင္းစနစ္ေတြကိုလည္း တစ္ပါတည္းအသံုးျပဳႏိုင္မွာပါ။

လက္ေဗြနဲ႕ကားဖြင့္တဲ့စနစ္ကေတာ့ ပထမဆံုးအၾကိမ္ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ကားလက္ကိုင္ထဲမွာျမွဳပ္ထားတဲ့စနစ္ကေတာ့ ပထမဆံုးလို႕ေျပာရမယ္ထင္ပါတယ္။ Tesla Model 3 ကေတာ့ စမတ္ဖုန္းကို ကားေသာ့အေနနဲ႕ အသံုးျပဳၾကပါတယ္။ Hertz ကလည္း Atlanta International Airport ရဲ႕ ကားအငွားစနစ္ကို biometric နဲ႕ စတင္လုပ္ေဆာင္ေနတာကို မၾကာေသးခင္က ေတြ႕ျမင္ရပါတယ္။

Unicode Version

ဒီနည်းပညာကို တရုတ်နိုင်ငံရဲ့ 2019 Santa Fe SUV တွေမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။
Hyundai က လက်ဗွေကိုအသုံးပြုပြီး ကားကိုဖွင့်ခြင်း၊ စက်နှိုးခြင်းတွေပြုလုပ်နိုင်မယ့် ကားစနစ်ကို ပြသလိုက်ပါတယ်။ ဒီနည်းပညာဟာ တံခါးလက်ကိုင်တွေနဲ့ ignition ခလုတ်တွေမှာ တပ်ဆင်သွားမှာဖြစ်ပါတယ်။ 2019 Santa Fe SUV ကားအသစ်ကိုလည်း တရုတ်နိုင်ငံက ကားပြပွဲမှာ ပြသခဲ့ပါသေးတယ်။
ကားပိုင်ရှင်တွေအနေနဲ့ သူတို့ရဲ့လက်ဗွေတွေကို ကြိုတင်စာရင်းပေးထားရမှာဖြစ်တယ်လို့ တောင်ကိုရီးယားကားထုတ်လုပ်သူဆီကနေ သိရပါတယ်။ ကားကိုအသုံးပြုမယ့်လူအပေါ်မှာမူတည်ပြီးတော့ ခုံကိုလည်း အလိုအလျောက်ချိန်ညှိပေးသွားဖြစ်သလို နောက်ကြည့်မှန်ကိုလည်း ချိန်ပေးသွားမှာပါ။
နောက်လာမယ့် update တွေမှာဆိုရင်လည်း စိတ်ကြိုက်အပူချိန်သတ်မှတ်ခြင်း၊ စိုထိုင်းစ၊ စတီယာတိုင် setting စတာတွေကိုလည်း ထည့်သွင်းပေးသွားမယ်လို့ ပြောထားပါတယ်။ အခုအချိန်မှာတော့ ၂၀၁၉ ပထမသုံးလအတွင်းမှာ launch လုပ်နိုင်ဖို့အတွက် feature တွေကို အကန့်အသတ်နဲ့သာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
အဲဒီလိုလက်ဗွေနဲ့လုပ်တဲ့အချိန်မှာလည်း hack လုပ်တာမျိုး၊ အတုလုပ်တာမျိုးလည်း မဖြစ်အောင် စီစဉ်ထားပါတယ်။ အမှားဖြစ်နိုင်ချေနှုန်းကလည်း အကြိမ်ပေါင်း ၅၀ ၀၀၀ မှ တစ်ကြိမ်သာရှိမှာပါ။ ဒီနှုန်းထားကတော့ Apple ရဲ့ Touch ID စံနှုန်းနဲ့အတူတူပါပဲ။
Santa Fe ရဲ့ နည်းပညာနောက်တစ်ခုကတော့ အနောက်ပိုင်းကိုစောင့်ကြည့်ပေးမယ့်စနစ်ပဲ ဖြစ်ပါတယ်။ အနောက်က ကလေးရဲ့လှုပ်ရှားမှုတွေ၊ တစ်ယောက်ယောက်အနောက်မှာကျန်ခဲ့တဲ့ဖြစ်ရပ်တွေကို စောင့်ကြည့်အသိပေးနိုင်မယ့် ultrasonic sensor တွေကို အသုံးပြုထားပါတယ်။ တရုတ်နိုင်ငံရဲ့ အင်တာနက်လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Baidu ရဲ့ အသံစနစ်နဲ့ ကြိုးမဲ့ဖုန်းအားသွင်းစနစ်တွေကိုလည်း တစ်ပါတည်းအသုံးပြုနိုင်မှာပါ။
လက်ဗွေနဲ့ကားဖွင့်တဲ့စနစ်ကတော့ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကားလက်ကိုင်ထဲမှာမြှုပ်ထားတဲ့စနစ်ကတော့ ပထမဆုံးလို့ပြောရမယ်ထင်ပါတယ်။ Tesla Model 3 ကတော့ စမတ်ဖုန်းကို ကားသော့အနေနဲ့ အသုံးပြုကြပါတယ်။ Hertz ကလည်း Atlanta International Airport ရဲ့ ကားအငှားစနစ်ကို biometric နဲ့ စတင်လုပ်ဆောင်နေတာကို မကြာသေးခင်က တွေ့မြင်ရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.