Posted on Leave a comment

12GB RAM နဲ႔Snapdragon 855 ပါတဲ့ Lenovo Z5 Pro GT ကို ေၾကညာ

Lenovo Z5Pro GT ဟာ 12GB RAM နဲ႔ Snapdragon 855 Chipset ပါတဲ့ ပထမဆံုး စမတ္ဖုန္း အျဖစ္ မွတ္တမ္း၀င္သြားပါတယ္။Qualcomm က Snapdragon 855 ကို ၿပီးခဲ့တဲ့ လကမွ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ႏွစ္ အေစာပိုင္းမွာေတာ့855 ထည့္သြင္းထားတဲ့ စမတ္ဖုန္းမ်ား ထြက္လာေတာ့မွာ ျဖစ္ပါတယ္။ လီႏိုဗိုကေတာ့ သူတို႔ထက္ေစာစီးစြာ ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္မွာ ေၾကညာႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လာမယ့္လ ၂၄ ရက္ေန႔မွာေရာင္းခ်မွာပါ။

Lenovo Z5 Pro GT ဟာ Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ Chipset ကို အေစာဆံုး ထည့္သြင္းႏိုင္ရံုသာမက RAM အမ်ားဆံုး ဖုန္း အျဖစ္လည္း စံခ်ိန္တင္သြားပါတယ္။ မၾကာေသးခင္က ေၾကညာခဲ့တဲ့ OnePlus 6T McLaren Edition မွာ 10GB RAM ထည့္သြင္းထားခဲ့တာပါ။ လီႏိုဗိုက သူ႔ရဲ႕ စံခ်ိန္ကိုလညး္ ခ်ိဳးသြားပါတယ္။

သူ႔ကို ေမာ္ဒယ္ သံုးခု ထုတ္လုပ္ေပးထားပါတယ္။ 6/128 GB ကို CNY2,698 ($390/€340), 8/256 GB ကို CNY3,398 ( $500/€440) နဲ႔ စြမ္းရည္အျမင့္ဆံုး 12/ 512 GB  ကို CNY4,398 ( $650/€560) သတ္မွတ္ထားပါတယ္။ သူ႔ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားမွာ ၆.၄ လက္မ ျဖစ္ၿပီး Super AMOLED အမ်ိဳးအစား ျဖစ္ပါတယ္။

အေနာက္ဘက္မွာ16+24MP Dual Camera မ်ား ပါပါတယ္။ Pop Up Selfie Camera ဒီဇိုင္းကို သံုးထားၿပီး16+8MP မ်ား ပါပါတယ္။ မ်က္ႏွာျပင္ေအာက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။

unicode

12GB RAM နဲ့ Snapdragon 855 ပါတဲ့ Lenovo Z5 Pro GT ကို ကြေညာ

Lenovo Z5 Pro GT ဟာ 12GB RAM နဲ့ Snapdragon 855 Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ Qualcomm က Snapdragon 855 ကို ပြီးခဲ့တဲ့ လကမှ ကြေညာခဲ့တာ ဖြစ်ပါတယ်။ လာမယ့်နှစ် အစောပိုင်းမှာတော့ 855 ထည့်သွင်းထားတဲ့ စမတ်ဖုန်းများ ထွက်လာတော့မှာ ဖြစ်ပါတယ်။ လီနိုဗိုကတော့ သူတို့ထက် စောစီးစွာ ၂၀၁၈ ခုနှစ် နှစ်ကုန်မှာ ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။ လာမယ့်လ ၂၄ ရက်နေ့မှာ ရောင်းချမှာပါ။

Lenovo Z5 Pro GT ဟာ Qualcomm ရဲ့ နောက်ဆုံးထုတ် Chipset ကို အစောဆုံး ထည့်သွင်းနိုင်ရုံသာမက RAM အများဆုံး ဖုန်း အဖြစ်လည်း စံချိန်တင်သွားပါတယ်။ မကြာသေးခင်က ကြေညာခဲ့တဲ့ OnePlus 6T McLaren Edition မှာ 10GB RAM ထည့်သွင်းထားခဲ့တာပါ။ လီနိုဗိုက သူ့ရဲ့ စံချိန်ကိုလည်း ချိုးသွားပါတယ်။

သူ့ကို မော်ဒယ် သုံးခု ထုတ်လုပ်ပေးထားပါတယ်။ 6/128 GB ကို CNY2,698 ($390/€340), 8/256 GB ကို CNY3,398 ( $500/€440) နဲ့ စွမ်းရည်အမြင့်ဆုံး 12/ 512 GB ကို CNY4,398 ( $650/€560) သတ်မှတ်ထားပါတယ်။ သူ့ရဲ့ မျက်နှာပြင် အရွယ်အစားမှာ ၆.၄ လက်မ ဖြစ်ပြီး Super AMOLED အမျိုးအစား ဖြစ်ပါတယ်။

အနောက်ဘက်မှာ 16+24MP Dual Camera များ ပါပါတယ်။ Pop Up Selfie Camera ဒီဇိုင်းကို သုံးထားပြီး 16+8MP များ ပါပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.