Posted on Leave a comment

၂၀၁၈ ခုႏွစ္မွာPornhub ၾကည့္သူမ်ား အမ်ားဆံုး သံုးတဲ့ Android နဲ႔ iOS Version မ်ား

Pornhub က၂၀၁၈ ခုႏွစ္အတြက္ စာရင္းမ်ာကို ထုတ္ျပန္လိုက္ပါတယ္။ အဲဒီမွာ လူ ရွာေဖြမႈ အမ်ားဆံုးPorn မ်ား၊ လူသံုးအမ်ားဆံုး Operating System နဲ႔ ဘေရာက္စာမ်ား ပါ၀င္ပါတယ္။ Androidအပိုင္းမွာ လူသံုး အမ်ားဆံုးက Android Oreo ျဖစ္ၿပီး  Android Device အားလံုးရဲ႕ ၄၁.၂၈ ရာခုိင္ႏႈန္း ရွိပါတယ္။Oreo Update ကို ၂၀၁၇ ခုႏွစ္အကုန္ပိုင္းမွာ  ျဖန္႔ခ်ီခဲ့တာ ျဖစ္တဲ့အတြက္ တစ္ႏွစ္နီးပါး ရွိၿပီျဖစ္ပါတယ္။

ေနာက္ဆံုးထုတ္ Android Pie က နံပါတ္ ေျခာက္ေနရာမွာ ၂.၇၈ ရာခိုင္ႏႈန္းနဲ႔ ရပ္တည္ေနပါတယ္။ သူ႔ကိုယခုႏွစ္ ၾသဂုတ္လမွာ စတင္ ျဖန္႔ခ်ီေပးတာ ျဖစ္တဲ့ အတြက္ ကုမၸဏီမ်ားက သူတို႔ရဲ႕ ဖုန္းမ်ားမွာ သူ႔ကို ထည့္သြင္းေပးဖို႔ လမ်ားစြာ အခ်ိန္ယူခဲ့ရပါတယ္။ ငါးႏွစ္သက္တမ္းရွိတဲ့ KitKat ကေတာင္ Pie ကိုေက်ာ္ၿပီး နံပါတ္ ၅ ေနရာမွာ ရပ္တည္ေနပါတယ္။ Nougat, Marshmallow နဲ႔ Lollipop မ်ားဟာ ထိပ္ဆံုး ငါးခုေနရာမွာ ပါ၀င္ပါတယ္။

၁၀ ႏွစ္သက္တမ္းရွိၿပီ ျဖစ္ေပမယ့္လည္း Gingerbread နဲ႔ Froyo တို႔ကလည္း စာရင္းထဲမွာ ရွိေနပါေသးတယ္။သူတို႔ထက္ သက္တမ္းရင့္တဲ့ Éclair , Cupcake , Honeycomb , Donut တို႔ကေနေတာင္Pronhub ၾကည့္တဲ့ သူမ်ား ရွိေနပါေသးတယ္။ ရာခိုင္ႏႈန္းက ၀.၀၀၀၁ ျဖစ္ပါတယ္။

Pornhub က ၂၀၁၈ ခုႏွစ္မွာ ၀က္ဘ္ဆိုက္ကို လာလည္မႈ အမ်ားဆံုး iOS Version မ်ားကိုလည္း ေဖာ္ျပထားပါတယ္။ iOS 12 က ထိပ္ဆံုးမွာ ရွိေနပါတယ္။ iOS 12 ကို ဒီႏွစ္ထဲမွာ ျဖန္႔ခ်ီေပးထားတာ ျဖစ္ၿပီး iOS Version မ်ားထဲမွာ ၇၃.၃၃ ရာခုိင္ႏႈန္းနဲ႔ သရဖူေဆာင္းထားပါတယ္။ iOS 11 က နံပါတ္ ၂ ေနရာကို သိမ္းပိုက္ထားၿပီး ၂၁ ရာခုိင္ႏႈန္း ရထားပါတယ္။ iOS 10 က ၃.၈၇ နဲ႔ iOS 4, 5 မ်ားက ၀.၀၁ ရာခုိင္ႏႈန္းမ်ား ရထားပါတယ္။ ဒါဟာ iOS က Android ထက္ Update မ်ားကို ပိုျမန္စြာ ရတာကို ျပသေနပါတယ္။

Google ကAndroid မွာ Update မ်ားကို လွ်င္ျမန္စြာ ရေစမယ့္ Project Treble ကို ဖန္တီးေနေပမယ့္Android Device နဲ႔ ထုတ္လုပ္သူမ်ားက အလြန္ မ်ားတဲ့ အတြက္ Apple ေလာက္ေတာ့ လွ်င္ျမန္မွာမဟုတ္ႏုိင္ပါဘူး။

unicode

၂၀၁၈ ခုနှစ်မှာ Pornhub ကြည့်သူများ အများဆုံး သုံးတဲ့ Android နဲ့ iOS Version များ

Pornhub က ၂၀၁၈ ခုနှစ်အတွက် စာရင်းမျာကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမှာ လူ ရှာဖွေမှု အများဆုံး Porn များ၊ လူသုံးအများဆုံး Operating System နဲ့ ဘရောက်စာများ ပါဝင်ပါတယ်။ Android အပိုင်းမှာ လူသုံး အများဆုံးက Android Oreo ဖြစ်ပြီး Android Device အားလုံးရဲ့ ၄၁.၂၈ ရာခိုင်နှုန်း ရှိပါတယ်။ Oreo Update ကို ၂၀၁၇ ခုနှစ်အကုန်ပိုင်းမှာ ဖြန့်ချီခဲ့တာ ဖြစ်တဲ့အတွက် တစ်နှစ်နီးပါး ရှိပြီ ဖြစ်ပါတယ်။

နောက်ဆုံးထုတ် Android Pie က နံပါတ် ခြောက်နေရာမှာ ၂.၇၈ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပါတယ်။ သူ့ကိုယခုနှစ် သြဂုတ်လမှာ စတင် ဖြန့်ချီပေးတာ ဖြစ်တဲ့ အတွက် ကုမ္ပဏီများက သူတို့ရဲ့ ဖုန်းများမှာ သူ့ကို ထည့်သွင်းပေးဖို့ လများစွာ အချိန်ယူခဲ့ရပါတယ်။ ငါးနှစ်သက်တမ်းရှိတဲ့ KitKat ကတောင် Pie ကိုကျော်ပြီး နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။ Nougat, Marshmallow နဲ့ Lollipop များဟာ ထိပ်ဆုံး ငါးခုနေရာမှာ ပါဝင်ပါတယ်။

၁၀ နှစ်သက်တမ်း ရှိပြီ ဖြစ်ပေမယ့်လည်း Gingerbread နဲ့ Froyo တို့ကလည်း စာရင်းထဲမှာ ရှိနေပါသေးတယ်။ သူတို့ထက် သက်တမ်းရင့်တဲ့ Éclair , Cupcake , Honeycomb , Donut တို့ကနေတောင် Pronhub ကြည့်တဲ့ သူများ ရှိနေပါသေးတယ်။ ရာခိုင်နှုန်းက ဝ.၀၀၀၁ ဖြစ်ပါတယ်။

Pornhub က ၂၀၁၈ ခုနှစ်မှာ ဝက်ဘ်ဆိုက်ကို လာလည်မှု အများဆုံး iOS Version များကိုလည်း ဖော်ပြထားပါတယ်။ iOS 12 က ထိပ်ဆုံးမှာ ရှိနေပါတယ်။ iOS 12 ကို ဒီနှစ်ထဲမှာ ဖြန့်ချီပေးထားတာ ဖြစ်ပြီး iOS Version များထဲမှာ ၇၃.၃၃ ရာခိုင်နှုန်းနဲ့ သရဖူဆောင်းထားပါတယ်။ iOS 11 က နံပါတ် ၂ နေရာကို သိမ်းပိုက်ထားပြီး ၂၁ ရာခိုင်နှုန်း ရထားပါတယ်။ iOS 10 က ၃.၈၇ နဲ့ iOS 4, 5 များက ဝ.၀၁ ရာခိုင်နှုန်းများ ရထားပါတယ်။ ဒါဟာ iOS က Android ထက် Update များကို ပိုမြန်စွာ ရတာကို ပြသနေပါတယ်။

Google က Android မှာ Update များကို လျှင်မြန်စွာ ရစေမယ့် Project Treble ကို ဖန်တီးနေပေမယ့် Android Device နဲ့ ထုတ်လုပ်သူများက အလွန် များတဲ့ အတွက် Apple လောက်တော့ လျှင်မြန်မှာ မဟုတ်နိုင်ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.