Posted on Leave a comment

သင္ ၀တ္ထားတဲ့အ၀တ္အစားကေန ဖုန္းကို အားသြင္းႏိုင္မယ့္ နည္းပညာ

နံရံကပ္ ပလပ္ေပါက္မ်ားမရွိတဲ့ ေနရာမ်ားမွာ စမတ္ဖုန္း ၊ တက္ဘလက္မ်ားကို အားသြင္းႏုိင္ဖို႔ အတြက္ ပါ၀ါဘန္႔မ်ားကိုထုတ္လုပ္ေရာင္းခ်လာၾကပါတယ္။ ဒါေပမယ့္ ပါ၀ါဘန္႔မ်ားကိုလည္း ျပန္လည္ အားသြင္းေပးရတာကအလုပ္ရႈပ္ပါတယ္။ အဲဒီအတြက္ ေနေရာင္ျခည္ စြမ္းအင္ျဖင့္ ဖုန္းကို အားသြင္းေပးတဲ့ ကိရိယာမ်ားကိုဖန္တီးလာၾကပါတယ္။ အဲဒီ ကိရိယာမ်ားမွာ အရြယ္ႀကီး Solar Panel မ်ား ထည့္သြင္းထားၾကပါတယ္။အဲဒီအတြက္ ကိရိယာရဲ႕ အရြယ္အစားဟာလည္း ႀကီးမားတဲ့ အတြက္ သြားေလရာယူေဆာင္သြားဖို႔ သိပ္မေကာင္းပါဘူး။

အခုေတာ့ အလြန္ ေသးငယ္တဲ့ Solar Cell မ်ားကေန ဖုန္းကို အားသြင္းေပးမယ့္ နည္းပညာကို သိပၸံပညာရွင္မ်ားက တီထြင္လိုက္ပါတယ္။ သူတို႔က အဲဒီ ဆဲလ္မ်ားကို အ၀တ္အစားမွာ ထည့္သြင္းျခင္းျဖင့္ အ၀တ္အစားအေပၚ က်ေရာက္လာတဲ့ ေနေရာင္ျခည္ စြမ္းအင္ကေန ဖုန္းကို အားသြင္းေပးျခင္း ျဖစ္ပါတယ္။ ၿဗိတိန္ရဲ႕ Nottingham Trent University မွ သုေတသန ပညာရွင္မ်ားက ဒီနည္းလမ္းကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

အ၀တ္အစားမွာ ထည့္သြင္းထားတဲ့ အတြက္ ေရျဖင့္ ေလွ်ာ္ဖြပ္လို႔ရေအာင္လည္း ဒီဇိုင္းထုတ္ထားပါတယ္။ ဒီနည္းပညာျဖင့္ စမတ္ဖုန္းတစ္လံုးနဲ႔ Fitbit စမတ္လက္ပတ္တစ္ခုကို ေအာင္ျမင္စြာ စမ္းသပ္ အားသြင္းႏုိင္ခဲ့ၿပီးပါၿပီ။ ခ်ည္သားရဲ႕ ၅ စင္တီမီတာ ပတ္လည္မွာ Solar Cell ေပါင္း ၂၀၀ ထည့္သြင္းႏုိင္ပါတယ္။ Solar Cell တစ္ခုရဲ႕ အရွည္ဟာ ၃ မီလီမီတာနဲ႔ အက်ယ္ဟာ ၁.၅ မီလီမီတာ ရွိပါတယ္။ သုေတသနပညာရွင္မ်ားက အဲဒီဆဲလ္ေပါင္း ၂၀၀၀ ဟာ စမတ္ဖုန္း တစ္လံုးကို အားသြင္းဖို႔ လံုေလာက္တယ္လို႔ ေျပာပါတယ္။

ဆိုလာဆဲလ္မ်ားကိုအ၀တ္အစားမ်ားမွာ ထည့္သြင္းထားေပမယ့္ သူတို႔ဟာ သာမာန္ ခ်ည္သားမ်ားနဲ႔ အထိအေတြ႕ အပိုင္းမွာခြဲျခားမရပါဘူး။ အဲဒီအတြက္ ၀တ္ဆင္ရတာ သက္ေတာင့္သက္သာ ရွိပါတယ္။

unicode

သင် ဝတ်ထားတဲ့ အဝတ်အစားကနေ ဖုန်းကို အားသွင်းနိုင်မယ့် နည်းပညာ

နံရံကပ် ပလပ်ပေါက်များ မရှိတဲ့ နေရာများမှာ စမတ်ဖုန်း ၊ တက်ဘလက်များကို အားသွင်းနိုင်ဖို့ အတွက် ပါဝါဘန့်များကို ထုတ်လုပ်ရောင်းချလာကြပါတယ်။ ဒါပေမယ့် ပါဝါဘန့်များကိုလည်း ပြန်လည် အားသွင်းပေးရတာက အလုပ်ရှုပ်ပါတယ်။ အဲဒီအတွက် နေရောင်ခြည် စွမ်းအင်ဖြင့် ဖုန်းကို အားသွင်းပေးတဲ့ ကိရိယာများကို ဖန်တီးလာကြပါတယ်။ အဲဒီ ကိရိယာများမှာ အရွယ်ကြီး Solar Panel များ ထည့်သွင်းထားကြပါတယ်။ အဲဒီအတွက် ကိရိယာရဲ့ အရွယ်အစားဟာလည်း ကြီးမားတဲ့ အတွက် သွားလေရာယူဆောင်သွားဖို့ သိပ်မကောင်းပါဘူး။

အခုတော့ အလွန် သေးငယ်တဲ့ Solar Cell များကနေ ဖုန်းကို အားသွင်းပေးမယ့် နည်းပညာကို သိပ္ပံပညာရှင်များက တီထွင်လိုက်ပါတယ်။ သူတို့က အဲဒီ ဆဲလ်များကို အဝတ်အစားမှာ ထည့်သွင်းခြင်းဖြင့် အဝတ်အစားအပေါ် ကျရောက်လာတဲ့ နေရောင်ခြည် စွမ်းအင်ကနေ ဖုန်းကို အားသွင်းပေးခြင်း ဖြစ်ပါတယ်။ ဗြိတိန်ရဲ့ Nottingham Trent University မှ သုတေသန ပညာရှင်များက ဒီနည်းလမ်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဝတ်အစားမှာ ထည့်သွင်းထားတဲ့ အတွက် ရေဖြင့် လျှော်ဖွပ်လို့ရအောင်လည်း ဒီဇိုင်းထုတ်ထားပါတယ်။ ဒီနည်းပညာဖြင့် စမတ်ဖုန်းတစ်လုံးနဲ့ Fitbit စမတ်လက်ပတ်တစ်ခုကို အောင်မြင်စွာ စမ်းသပ် အားသွင်းနိုင်ခဲ့ပြီးပါပြီ။ ချည်သားရဲ့ ၅ စင်တီမီတာ ပတ်လည်မှာ Solar Cell ပေါင်း ၂၀၀ ထည့်သွင်းနိုင်ပါတယ်။ Solar Cell တစ်ခုရဲ့ အရှည်ဟာ ၃ မီလီမီတာနဲ့ အကျယ်ဟာ ၁.၅ မီလီမီတာ ရှိပါတယ်။ သုတေသနပညာရှင်များက အဲဒီဆဲလ်ပေါင်း ၂၀၀၀ ဟာ စမတ်ဖုန်း တစ်လုံးကို အားသွင်းဖို့ လုံလောက်တယ်လို့ ပြောပါတယ်။

ဆိုလာဆဲလ်များကို အဝတ်အစားများမှာ ထည့်သွင်းထားပေမယ့် သူတို့ဟာ သာမာန် ချည်သားများနဲ့ အထိအတွေ့ အပိုင်းမှာ ခွဲခြားမရပါဘူး။ အဲဒီအတွက် ဝတ်ဆင်ရတာ သက်တောင့်သက်သာ ရှိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.