Posted on Leave a comment

iPhone ရဲ႕Face Recognition ကို Android မ်ားက မယွဥ္ႏုိင္ဘူးလို႔ စစ္တမ္းက ေဖာ္ျပ

Apple က မ်က္ႏွာအာရံုခံ နည္းပညာ နယ္ပယ္မွာ ၿပိဳင္ဖက္ အန္းဒရြိဳက္မ်ားထက္ ေစာစြာ ေအာင္ျမင္ခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ Face ID ကို စတင္ မိတ္ဆက္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ အန္းဒရြိဳက္ဖုန္းမ်ားက ဒီနည္းပညာကို တုပၿပီး လုပ္ေဆာင္လာၾကပါတယ္။ ဒါေပမယ့္ Forbes က ျပဳလုပ္ခဲ့တဲ့ သုေတသန စစ္တမ္းအရ Android Phone မ်ားရဲ႕ မ်က္ႏွာအာရံုခံ နည္းပညာဟာ Apple ကို မမွီဘူးလို႔ ေဖာ္ျပထားပါတယ္။

စစ္တမ္းအရGalaxy Note 8 , Galaxy S9 , LG G7 ThinQ နဲ႔ OnePlus 6 မ်ားကို 3D Printed Head ျဖင့္Unlock လုပ္ႏုိင္တာကို ေတြ႕ရပါတယ္။ Apple ရဲ႕ Face ID ကိုေတာ့ ဒီလို လွည့္စားလို႔ မရဘူးလို႔အေျဖထြက္လာပါတယ္။ ဒါဟာ မ်က္ႏွာ အာရံုခံ နည္းပညာကို ဖန္တီးထားတဲ့ နည္းပညာ မတူညီလို႔ျဖစ္ပါတယ္။

iPhone X , iPhone XR , iPhone XS တို႔မွ Face ID မ်ားမွာ အသံုးျပဳသူကို ခြဲျခမ္းစိတ္ျဖာဖို႔ ဆန္ဆာမ်ား ထည့္သြင္းထားပါတယ္။ အန္းဒရြိဳက္ ဖုန္းမ်ားမွာေတာ့ ဆဲလ္ဖီး ကင္မရာကိုသာ အားကိုးထားတာ ျဖစ္တဲ့ အတြက္ လံုျခံဳစိတ္ခ်ရမႈ အားနည္းျခင္း ျဖစ္ပါတယ္။ အခ်ိဳ႕ အန္းဒရြိဳက္ ဖုန္းမ်ားရဲ႕ လံုျခံဳေရး စနစ္ကေတာ့ တကယ္ ေကာင္းပါတယ္။ Galaxy Note 8 နဲ႔ Galaxy S9 မ်ားမွာ အသံုးျပဳထားတဲ့ မ်က္လံုး အာရံုခံ နည္းပညာကိုေတာ့ 3D Printed Head နဲ႔ လွည့္စားလို႔ မရပါဘူး။

အဆိုးဆံုးကOnePlus 6 ျဖစ္ၿပီး  နမူနာ ဦးေခါင္းပံုနဲ႔ေတာင္Unlock လုပ္ႏုိင္တယ္လို႔ Forbes က ေျပာပါတယ္။ အန္းဒရြိက္မ်ားရဲ႕ မ်က္ႏွာ အာရံုခံ စနစ္မ်ားဟာလံုျခံဳမႈထက္ လြယ္ကူ အဆင္ေျပမႈကို အသားေပးထားပါတယ္။

iPhone ရဲ့ Face Recognition ကို Android များက မယှဉ်နိုင်ဘူးလို့ စစ်တမ်းက ဖော်ပြ

Apple က မျက်နှာအာရုံခံ နည်းပညာ နယ်ပယ်မှာ ပြိုင်ဖက် အန်းဒရွိုက်များထက် စောစွာ အောင်မြင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Face ID ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အန်းဒရွိုက်ဖုန်းများက ဒီနည်းပညာကို တုပပြီး လုပ်ဆောင်လာကြပါတယ်။ ဒါပေမယ့် Forbes က ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းအရ Android Phone များရဲ့ မျက်နှာအာရုံခံ နည်းပညာဟာ Apple ကို မမှီဘူးလို့ ဖော်ပြထားပါတယ်။

စစ်တမ်းအရ Galaxy Note 8 , Galaxy S9 , LG G7 ThinQ နဲ့ OnePlus 6 များကို 3D Printed Head ဖြင့် Unlock လုပ်နိုင်တာကို တွေ့ရပါတယ်။ Apple ရဲ့ Face ID ကိုတော့ ဒီလို လှည့်စားလို့ မရဘူးလို့ အဖြေထွက်လာပါတယ်။ ဒါဟာ မျက်နှာ အာရုံခံ နည်းပညာကို ဖန်တီးထားတဲ့ နည်းပညာ မတူညီလို့ ဖြစ်ပါတယ်။

iPhone X , iPhone XR , iPhone XS တို့မှ Face ID များမှာ အသုံးပြုသူကို ခွဲခြမ်းစိတ်ဖြာဖို့ ဆန်ဆာများ ထည့်သွင်းထားပါတယ်။ အန်းဒရွိုက် ဖုန်းများမှာတော့ ဆဲလ်ဖီး ကင်မရာကိုသာ အားကိုးထားတာ ဖြစ်တဲ့ အတွက် လုံခြုံစိတ်ချရမှု အားနည်းခြင်း ဖြစ်ပါတယ်။ အချို့ အန်းဒရွိုက် ဖုန်းများရဲ့ လုံခြုံရေး စနစ်ကတော့ တကယ် ကောင်းပါတယ်။ Galaxy Note 8 နဲ့ Galaxy S9 များမှာ အသုံးပြုထားတဲ့ မျက်လုံး အာရုံခံ နည်းပညာကိုတော့ 3D Printed Head နဲ့ လှည့်စားလို့ မရပါဘူး။

အဆိုးဆုံးက OnePlus 6 ဖြစ်ပြီး နမူနာ ဦးခေါင်းပုံနဲ့တောင် Unlock လုပ်နိုင်တယ်လို့ Forbes က ပြောပါတယ်။ အန်းဒရွိက်များရဲ့ မျက်နှာ အာရုံခံ စနစ်များဟာ လုံခြုံမှုထက် လွယ်ကူ အဆင်ပြေမှုကို အသားပေးထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.