Posted on Leave a comment
48MP RearCamera နဲ့ 25MP In-display Camera ပါတဲ့ Huawei Nova 4 ကို ကြေညာ
unicode
48MP Rear Camera နဲ့ 25MP In-display Camera ပါတဲ့ Huawei Nova 4 ကို ကွညော
Huawei ရဲ့ ပထမဆုံး မျက်နှာပြင်အောက် အရှေ့ ကင်မရာ ပါတဲ့ Nova 4 ကို တရားဝင်ကြေညာလိုက်ပါပြီ။ Nova 4 ရဲ့ အဓိက အစိတ်အပိုင်းနှစ်ခုက 25MP In-display Selfie Camera နဲ့ အနောက်ကင်မရာ ၃ လုံး ဖြစ်ပါတယ်။ မော်ဒယ်အလိုက် အနောက်ကင်မရာ ၃ လုံးဟာ ကွဲပြားမှာ ဖြစ်ပါတယ်။
High Model Nova 4 မှာ 48MP f/1.8 Main Camera , 16MP f/2.2 Ultra Wide-Angle Camera နဲ့ 2MP f/2.4 Depth Camera များ ပါပါတယ်။ Standard Model မှာ 20MP f/1.8 Main Camera ပါပြီး အခြား ကင်မရာ ၂ လုံးက တူညီပါတယ်။ Model ၂ ခုစလုံးမှာ 25MP f/2.0 In-display Camera ထည့်သွင်ထားပါတယ်။
၆.၄ လက်မ 2310x1080p IPS LCD Display ထည့်သွင်းထားပါတယ်။ Android 9.0 အခြေပြု EMUI 9.0.1 မောင်းနှင်ထားပါတယ်။ 3750mAh Battery မှာ 18W Fast Charging ပါပါတယ်။ 128GB Storage ထည့်သွင်းထားပါတယ်။ Huawei P20 မှာလို Kirin 970 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM ပါပါတယ်။
48MP Camera ပါတဲ့ High Model ကို တရုတ်မှာ ယွမ် ၃၄၀၀ ( ယူရို ၄၃၅) ဖြင့် စတင် ရောင်းချမှာပါ။ 20MP Standard Model ကို ယွမ် ၃၁၀၀ ( ၄၀၀ ယူရို) သတ်မှတ်ထားပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.