ပစၥည္း ပို႔ေဆာင္စဥ္လမ္းမွာ မီးေလာင္သြားတဲ့ Delivery Robot

0
783

ကယ္လီဖိုးနီးယားျပည္နယ္ ဘာကေလမွ လူသြားလမ္းတစ္ခုေပၚမွာ Delivery Robot တစ္ခုဟာ မီးေလာင္သြားခဲ့ပါတယ္။လမ္းသြားလမ္းလာ တစ္ဦးက မီးသတ္ဌာန ေရာက္မလာခင္မွာပဲ မီးကို ၿငိမ္းသက္ႏုိင္ခဲ့ပါတယ္။မီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူ မရွိခဲ့ပါဘူး။

အဲဒီ စက္ရုပ္မ်ားကို စီမံခန္႔ခြဲေနတဲ့ Kiwi က သူ႔ရဲ႕ ၀န္ေဆာင္မႈကို ရပ္နားထားပါတယ္။ အခုေတာ့ ကီ၀ီက စံုစမ္းစစ္ေဆးမႈမ်ားကိုျပဳလုပ္ေနပါတယ္။ ကီ၀ီက စက္ရုပ္မွာ အျပစ္အနာအဆာ ရွိတဲ့ ဘက္ထရီကို ထည့္လိုက္တဲ့ လူရဲ႕ အမွားလို႔ ထင္မိေၾကာင္း ေျပာပါတယ္။ ကုမၸဏီက ေနာက္ဒါမ်ိဳး မျဖစ္ေအာင္ ေဆာ့ဖ္၀ဲ အသစ္က ဘက္ထရီရဲ႕ အေျခအေနကို စဥ္ဆက္မျပတ္ ေစာင့္ၾကည့္စစ္ေဆးေပးေနမယ္လို႔ ေျပာပါတယ္။

ကီ၀ီက အေသးစား မီးေလာင္မႈသာ ျဖစ္ပြားခဲ့တာလို႔ ေျပာပါတယ္။ ဒါေပမယ့္ ဒီျဖစ္ရပ္ကို ရိုက္ကူးထားတဲ့ ေအာက္ပါ ဗီဒီယိုမွာေတာ့ မီးေလာင္မႈဟာ အနည္းငယ္ ျပင္းထန္ခဲ့တာကို ျမင္ရပါတယ္။ အဲဒီ စက္ရုပ္ရဲ႕ အမည္က KiwiBots ျဖစ္ၿပီး သူတို႔ကို ဘာကေလမွာသာ အသံုးျပဳေနပါေသးတယ္။ သူတို႔ဟာ မီတာ ၃၀၀ အကြာအေ၀းကို သြားၿပီး ကုန္ပစၥည္းမ်ား ပို႔ေဆာင္ေပးႏုိင္ပါတယ္။

စက္ရုပ္မ်ားရဲ႕ ကုန္ပစၥည္း ပို႔ေဆာင္ေပးတဲ့ ကုန္က်စားရိတ္ဟာ ၃.၈ ေဒၚလာသာ ရွိပါတယ္။ စက္ရုပ္မ်ားျဖင့္ ကုန္ပစၥည္း ပို႔ေဆာင္ေပးတဲ့ ၀န္ေဆာင္မႈကို ၂၀၁၇ ခုႏွစ္မွာ စတင္ခဲ့ၿပီး ယခုႏွစ္ ေမလမွာ ပို႔ေဆာင္မႈေပါင္း ၁၀ ၀၀၀ ကို ျပဳလုပ္ေပးၿပီး ျဖစ္ပါတယ္။ ကုန္ပစၥည္းတစ္ခု ပို႔ေဆာင္ေပးတဲ့ အခ်ိန္ဟာ ၂၇ မိနစ္ ျဖစ္ပါတယ္။

Ref :theverge

ပစ္စည်း ပို့ဆောင်စဉ် လမ်းမှာ မီးလောင်သွားတဲ့ Delivery Robot

ကယ်လီဖိုးနီးယား ပြည်နယ် ဘာကလေမှ လူသွားလမ်းတစ်ခုပေါ်မှာ Delivery Robot တစ်ခုဟာ မီးလောင်သွားခဲ့ပါတယ်။ လမ်းသွားလမ်းလာ တစ်ဦးက မီးသတ်ဌာန ရောက်မလာခင်မှာပဲ မီးကို ငြိမ်းသက်နိုင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

အဲဒီ စက်ရုပ်များကို စီမံခန့်ခွဲနေတဲ့ Kiwi က သူ့ရဲ့ ဝန်ဆောင်မှုကို ရပ်နားထားပါတယ်။ အခုတော့ ကီဝီက စုံစမ်းစစ်ဆေးမှုများကိုပြုလုပ်နေပါတယ်။ ကီဝီက စက်ရုပ်မှာ အပြစ်အနာအဆာ ရှိတဲ့ ဘက်ထရီကို ထည့်လိုက်တဲ့ လူရဲ့ အမှားလို့ ထင်မိကြောင်း ပြောပါတယ်။ ကုမ္ပဏီက နောက်ဒါမျိုး မဖြစ်အောင် ဆော့ဖ်ဝဲ အသစ်က ဘက်ထရီရဲ့ အခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးပေးနေမယ်လို့ ပြောပါတယ်။

ကီဝီက အသေးစား မီးလောင်မှုသာ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ အောက်ပါ ဗီဒီယိုမှာတော့ မီးလောင်မှုဟာ အနည်းငယ် ပြင်းထန်ခဲ့တာကို မြင်ရပါတယ်။ အဲဒီ စက်ရုပ်ရဲ့ အမည်က KiwiBots ဖြစ်ပြီး သူတို့ကို ဘာကလေမှာသာ အသုံးပြုနေပါသေးတယ်။ သူတို့ဟာ မီတာ ၃၀၀ အကွာအဝေးကို သွားပြီး ကုန်ပစ္စည်းများ ပို့ဆောင်ပေးနိုင်ပါတယ်။

စက်ရုပ်များရဲ့ ကုန်ပစ္စည်း ပို့ဆောင်ပေးတဲ့ ကုန်ကျစားရိတ်ဟာ ၃.၈ ဒေါ်လာသာ ရှိပါတယ်။ စက်ရုပ်များဖြင့် ကုန်ပစ္စည်း ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကို ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့ပြီး ယခုနှစ် မေလမှာ ပို့ဆောင်မှုပေါင်း ၁၀ ၀၀၀ ကို ပြုလုပ်ပေးပြီး ဖြစ်ပါတယ်။ ကုန်ပစ္စည်းတစ်ခု ပို့ဆောင်ပေးတဲ့ အချိန်ဟာ ၂၇ မိနစ် ဖြစ်ပါတယ်။

Ref : theverge

Leave a Reply