Galaxy S9 ကိုင္ထားေၾကာင္း ေျပာမိသြားတဲ့ OnePlus ရဲ႕ Brand Ambassador

0
1693

စမတ္ဖုန္း ကုမၸဏီမ်ားက သူတို႔ရဲ႕ ထုတ္ကုန္မ်ားကို အေရာင္းျမင့္တင္ေပးဖို႔ ဆယ္လီမ်ားအား ေငြမ်ားစြာ ေပးၿပီး Brand Ambassador အျဖစ္ ခန္႔အပ္ထားၾကပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ Brand Ambassador မ်ားဟာ သူ႔ကို ေငြေၾကးေပးထားတဲ့ ကုမၸဏီနဲ႔ သေဘာတူညီထားမႈမ်ားအား ခ်ိဳးေဖာက္ၿပီး အျခား စမတ္ဖုန္း ဘရန္းမ်ားကို ခိုးကိုင္တတ္ၾကပါတယ္။

ဒီလို ခိုးကိုင္ထားမႈမ်ားဟာ ဘူးေပၚသလို ေပၚသြားခဲ့မႈမ်ားကိုလည္း ၾကားသိခဲ့ရၿပီးပါၿပီ။ အခ်ိဳ႕ Brand Ambassador မ်ား ဆိုရင္ ကုမၸဏီမ်ားက ေလ်ာ္ေၾကးမ်ား ေတာင္းျခင္းကိုလည္း ခံခဲ့ရပါတယ္။ အခုလည္း အလားတူ ျဖစ္ရပ္တစ္ခု အိႏၵိယမွာ ျဖစ္ပြားခဲ့ပါတယ္။ နာမည္ေက်ာ္ မင္းသားႀကီး အမီတာဘခ်မ္းဟာ အိႏၵိယမွာ OnePlus ရဲ႕ Brand Ambassador အျဖစ္ လူသိၾကပါတယ္။

အခုေတာ့ သူက တြစ္တာမွာ သူ ကိုင္ေနတဲ့ Samsung Galaxy S9 ရဲ႕ ျပႆနာအခ်ိဳ႕ကို ေရးသားထားပါတယ္။ သူက “ မ်က္ႏွာျပင္မွာ ဆမ္ေဆာင္း လိုဂို ေပၚေနၿပီး ဖုန္းကို သံုးလို႔မရ ျဖစ္ေနပါတယ္။   ပါ၀ါ ပိတ္ထားရင္လည္း မီး ထထ  လင္းေနပါတယ္။ “ လို႔ တြစ္တာမွာ ေရးသားထားပါတယ္။

သူ႔ရဲ႕Galaxy S9 ျပႆနာမ်ားကို အခြင့္ေကာင္းယူၿပီး Xiaomi India ရဲ႕ အႀကီးအကဲ ျဖစ္ၿပီး ကမာၻလံုးဆိုင္ရာဒုတိယ ဥကၠဌ ျဖစ္သူ Manu Kumar Jain က အမီတာဘခ်မ္းရဲ႕ ပို႔စ္မွာ ေရွာင္မီကို ေျပာင္းသံုးဖို႔၀င္မန္႔ခဲ့ပါတယ္။ မၾကာေသးခင္က စစ္တမ္းမ်ားအရ အိႏၵိယမွာ ေရာင္းအား အေကာင္းဆံုး စမတ္ဖုန္းဘရန္းဟာ ေရွာင္မီ ျဖစ္ပါတယ္။

Galaxy S9 ကိုင်ထားကြောင်း ပြောမိသွားတဲ့ OnePlus ရဲ့ Brand Ambassador

စမတ်ဖုန်း ကုမ္ပဏီများက သူတို့ရဲ့ ထုတ်ကုန်များကို အရောင်းမြင့်တင်ပေးဖို့ ဆယ်လီများအား ငွေများစွာ ပေးပြီး Brand Ambassador အဖြစ် ခန့်အပ်ထားကြပါတယ်။ ဒါပေမယ့် အချို့ Brand Ambassador များဟာ သူ့ကို ငွေကြေးပေးထားတဲ့ ကုမ္ပဏီနဲ့ သဘောတူညီထားမှုများအား ချိုးဖောက်ပြီး အခြား စမတ်ဖုန်း ဘရန်းများကို ခိုးကိုင်တတ်ကြပါတယ်။

ဒီလို ခိုးကိုင်ထားမှုများဟာ ဘူးပေါ်သလို ပေါ်သွားခဲ့မှုများကိုလည်း ကြားသိခဲ့ရပြီးပါပြီ။ အချို့ Brand Ambassador များ ဆိုရင် ကုမ္ပဏီများက လျော်ကြေးများ တောင်းခြင်းကိုလည်း ခံခဲ့ရပါတယ်။ အခုလည်း အလားတူ ဖြစ်ရပ်တစ်ခု အိန္ဒိယမှာ ဖြစ်ပွားခဲ့ပါတယ်။ နာမည်ကျော် မင်းသားကြီး အမီတာဘချမ်းဟာ အိန္ဒိယမှာ OnePlus ရဲ့ Brand Ambassador အဖြစ် လူသိကြပါတယ်။

အခုတော့ သူက တွစ်တာမှာ သူ ကိုင်နေတဲ့ Samsung Galaxy S9 ရဲ့ ပြဿနာအချို့ကို ရေးသားထားပါတယ်။ သူက “ မျက်နှာပြင်မှာ ဆမ်ဆောင်း လိုဂို ပေါ်နေပြီး ဖုန်းကို သုံးလို့မရ ဖြစ်နေပါတယ်။ ပါဝါ ပိတ်ထားရင်လည်း မီး ထထ လင်းနေပါတယ်။ “ လို့ တွစ်တာမှာ ရေးသားထားပါတယ်။

သူ့ရဲ့ Galaxy S9 ပြဿနာများကို အခွင့်ကောင်းယူပြီး Xiaomi India ရဲ့ အကြီးအကဲ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဒုတိယ ဥက္ကဌ ဖြစ်သူ Manu Kumar Jain က အမီတာဘချမ်းရဲ့ ပို့စ်မှာ ရှောင်မီကို ပြောင်းသုံးဖို့ ဝင်မန့်ခဲ့ပါတယ်။ မကြာသေးခင်က စစ်တမ်းများအရ အိန္ဒိယမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ဘရန်းဟာ ရှောင်မီ ဖြစ်ပါတယ်။

Leave a Reply