Uncategorized

48MP Phones ေတြ လာေတာ့မယ္

ဆိုနီနဲ႔ ဆမ္ေဆာင္းတို႔က ယခုႏွစ္ အေစာပိုင္းမွာ စမတ္ဖုန္းမ်ားအတြက္ ဒီဇုိင္းထုတ္ထားတဲ့ 48MP Sensor မ်ားကို ေၾကညာခဲ့ပါတယ္။ အဲဒီ ဆန္ဆာမ်ားပါတဲ့ ပထမဆံုး ဖုန္းမ်ားရဲ႕ သတင္းမ်ား စတင္ ထြက္လာပါၿပီ။ Honor က Sony IMX586 Sensor , Kirin 980 Processor နဲ႔ မ်က္ႏွာျပင္ေအာက္ ဆဲလ္ဖီး ကင္္မရာမ်ား ပါတဲ့ View 20 ကို မၾကာေသးခင္က အႀကိဳေၾကညာခဲ့ပါတယ္။  Honor က View 20 ရဲ႕ Specs အျပည့္အစံုကို ပဲရစ္မွာ ဇန္န၀ါရီလ ၂၂ ရက္တြင္ ေၾကညာမွာပါ။

ေရွာင္မီကလည္းလာမယ့္ လအနည္းငယ္အတြင္းမွာ 48MP Phone တစ္လံုးကို ေၾကညာေတာ့မွာပါ။ ကုမၸဏီရဲ႕ ပူးတြဲတည္ေထာင္သူနဲ႔ဥကၠဌ ျဖစ္သူ လင္ဘင္က 48MP Camera ပါတဲ့ ဖုန္းတစ္လံုးရဲ႕ ဓါတ္ပံုကို ၀ီဘိုမွာ မွ်ေ၀ထားပါတယ္။လင္ဘင္က ဇန္န၀ါရီလမွာ ေၾကညာမယ္လို႔ ေျပာပါတယ္။

ဆမ္ေဆာင္းနဲ႔ ဆိုနီတို႔က သူတို႔ရဲ႕ ဆန္ဆာမ်ားရဲ႕ အရြယ္အစားဟာ ၿပိဳင္ဖက္မ်ားထက္ ႀကီးမားၿပီး 1/  2.0  Inches ရွိမယ္လို႔ ေျပာပါတယ္။ Pixel တစ္ခုခ်င္းစီဟာ အနီးအနားမွ Pixel ထံကေန သတင္းအခ်က္အလက္မ်ား ရယူႏိုင္ၿပီး 12MP Image ကို ဖန္တီးေပးပါတယ္။

High-resolutionSensors မ်ားပါတဲ့ ဖုန္းမ်ားဟာ အရင္တုန္းကလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ Nokia ရဲ႕ 41MP808 PureView နဲ႔ Lumia 1020 တို႔ ျဖစ္ပါတယ္။ ဒါေပမယ့္ ကင္မရာမ်ားကို ဖန္တီးရာမွာ ေဆာ့ဖ္၀ဲ၊အရြယ္အစားနဲ႔ အလင္း၀င္ေပါက္တို႔လို မတူညီတဲ့ အရာမ်ားကို ခ်ိန္ညွိထားရမွာ ျဖစ္ပါတယ္။စမတ္ဖုန္းမ်ားရဲ႕ ဓါတ္ပံု အရည္အေသြးအေၾကာင္း ေျပာမယ္ဆိုရင္ Specs မ်ားက အဓိကက်ပါတယ္။48MP Phone ေတြ ထြက္လာမယ့္ အခ်ိန္ကို ရင္ခုန္စြာေစာင့္ေမွ်ာ္ေနပါတယ္။

48MP Phones တွေ လာတော့မယ်

ဆိုနီနဲ့ ဆမ်ဆောင်းတို့က ယခုနှစ် အစောပိုင်းမှာ စမတ်ဖုန်းများအတွက် ဒီဇိုင်းထုတ်ထားတဲ့ 48MP Sensor များကို ကြေညာခဲ့ပါတယ်။ အဲဒီ ဆန်ဆာများပါတဲ့ ပထမဆုံး ဖုန်းများရဲ့ သတင်းများ စတင် ထွက်လာပါပြီ။ Honor က Sony IMX586 Sensor , Kirin 980 Processor နဲ့ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာများ ပါတဲ့ View 20 ကို မကြာသေးခင်က အကြိုကြေညာခဲ့ပါတယ်။ Honor က View 20 ရဲ့ Specs အပြည့်အစုံကို ပဲရစ်မှာ ဇန်နဝါရီလ ၂၂ ရက်တွင် ကြေညာမှာပါ။

ရှောင်မီကလည်း လာမယ့် လအနည်းငယ်အတွင်းမှာ 48MP Phone တစ်လုံးကို ကြေညာတော့မှာပါ။ ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဥက္ကဌ ဖြစ်သူ လင်ဘင်က 48MP Camera ပါတဲ့ ဖုန်းတစ်လုံးရဲ့ ဓါတ်ပုံကို ဝီဘိုမှာ မျှဝေထားပါတယ်။ လင်ဘင်က ဇန်နဝါရီလမှာ ကြေညာမယ်လို့ ပြောပါတယ်။

ဆမ်ဆောင်းနဲ့ ဆိုနီတို့က သူတို့ရဲ့ ဆန်ဆာများရဲ့ အရွယ်အစားဟာ ပြိုင်ဖက်များထက် ကြီးမားပြီး 1/ 2.0 Inches ရှိမယ်လို့ ပြောပါတယ်။ Pixel တစ်ခုချင်းစီဟာ အနီးအနားမှ Pixel ထံကနေ သတင်းအချက်အလက်များ ရယူနိုင်ပြီး 12MP Image ကို ဖန်တီးပေးပါတယ်။

High-resolution Sensors များပါတဲ့ ဖုန်းများဟာ အရင်တုန်းကလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ Nokia ရဲ့ 41MP 808 PureView နဲ့ Lumia 1020 တို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကင်မရာများကို ဖန်တီးရာမှာ ဆော့ဖ်ဝဲ၊ အရွယ်အစားနဲ့ အလင်းဝင်ပေါက်တို့လို မတူညီတဲ့ အရာများကို ချိန်ညှိထားရမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းများရဲ့ ဓါတ်ပုံ အရည်အသွေးအကြောင်း ပြောမယ်ဆိုရင် Specs များက အဓိကကျပါတယ်။ 48MP Phone တွေ ထွက်လာမယ့် အချိန်ကို ရင်ခုန်စွာစောင့်မျှော်နေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.