iPhone မွာ notch မပါဘူးထင္ျပီး၀ယ္ခဲ့မိလို႕ Apple ကို တရားစြဲမယ့္အမ်ိဳးသမီး

0
1810

Zawgyi Version

Apple ရဲ႕ အြန္လိုင္းစတိုးကscreenshot ေလးကိုၾကည့္လုိက္ပါဦး။

Screen Shot 2018 12 14 at 4.27.12 PM

Apple ကို ဘယ္လိုေတြအျပစ္တင္ထားသလဲဆိုတာ ၾကည့္ၾကမယ္။

Apple iPhone XS နဲ႕ iPhone XS Max မွာ အေရွ႕ကင္မရာထားဖို႕အတြက္ ဖုန္းရဲ႕ထိပ္ပိုင္းမုွာ notch ထည့္ထားတယ္။

ဒါေပမယ့္လည္း Apple အသံုးျပဳထားတဲ့ မားကတ္တင္းဓါတ္ပံုကိုၾကည့္လုိက္ေလ။ notch ပါတဲ့ေနရာက အမည္းေရာင္ျဖစ္ေနတယ္ဆိုေတာ့ ၾကည့္လုိက္တဲ့အခါ မျမင္ရဘူးျဖစ္ေနတယ္။

မားကတ္တင္းဓါတ္ပံုကိုၾကည့္လိုက္တဲ့အခ်ိန္မွာ notch မပါဘူးထင္မွတ္ျပီး ဖုန္းကိုမွာယူခဲ့တာျဖစ္ေၾကာင္း အမ်ိဳးသမီးတစ္ဦးကလည္း တရားစြဲဆိုထားပါတယ္။

ဒါေပမယ့္လည္း ဒီတရားစြဲဆိုမႈက ေအာင္ျမင္မယ္လို႕ တရားေသမေျပာႏုိင္ပါဘူး။

Apple iPhone XS နဲ႕ iPhone XS Max မွာ notch ပါ၀င္တာကေတာ့ ေသခ်ာေနပါတယ္။

ဖုန္းမွာ notch ထည့္လိုက္ျခင္းအားျဖင့္ FaceID နည္းပညာအတြက္ ကင္မရာပုိင္းကလိုအပ္တဲ့အရာေတြကို ဖုန္းရဲ႕ေဘာင္ေတြမွာေနရာမယူဘဲ လုပ္ေဆာင္ႏုိင္ေစပါတယ္။

ဒါေပမယ့္လည္း မားကတ္တင္းပံုေတြအရ notch က screen နဲ႕တစ္သားတည္းျဖစ္ေနပါတယ္။ အဲဒီပံုကို ေၾကာ္ျငာဖို႕အတြက္ ေသခ်ာလုပ္ထားသလားေတာင္ ေအာက္ေမ့ရပါတယ္။

အခုဆိုရင္ေတာ့ ဒီပံုေတြဟာ နားလည္မႈလြဲေစႏုိင္ေၾကာင္း အမ်ိဳးသမီးတစ္ဦးကေဖာ္ျပလိုက္ျပီးေတာ့ တရားစြဲလိုက္ပါျပီ။

ဟုတ္ပါတယ္။ ကၽြန္ေတာ့အျမင္အရဆိုရင္လည္း ေၾကညာထားတဲ့ပံုေတြကိုပဲၾကည့္ျပီး ေအာ္ဒါတင္လိုက္မယ္ဆိုရင္ေတာ့ notch မပါဘူးလို႕ပဲထင္ၾကမွာပါ။ ေနာက္တစ္ခ်က္ကေတာ့ Pixel count လုပ္တဲ့အခ်ိန္မွာ ေထာင့္နားက pixel ေတြကို ေရတြက္မထားပါဘူး။ သူတို႕ေတြက လံုး၀န္းေနတဲ့အတြက္ေၾကာင့္လို႕သိရပါတယ္။

တရားစြဲဆိုထားတဲ့အတြက္ေၾကာင့္ ဘယ္လုိအေရးယူမလဲဆိုတာ စဥ္းစားေနၾကပါျပီ။ ဒါေပမယ့္လည္း ဒီကိစၥကေတာ့ တရားရံုးကိုေရာက္လာႏုိင္ပါ့မလားဆိုတာလည္း အာမခံခ်က္မရွိတဲ့အေနအထားျဖစ္ပါတယ္။

ေဒၚလာ၁၀၀၀တန္ဖုန္းရဲ႕ မားကတ္တင္းပံုရိပ္ေတြနဲ႕ပတ္သတ္တဲ့ တရားစြဲဆိုမႈကေတာ့ ပထမဆံုးအၾကိမ္ျဖစ္ပါတယ္။ ဒါကလည္း တရားစြဲဆိုသင့္တယ္လို႕ ထင္ပါတယ္။ ၾသဂုတ္လမွာ ပံုရိပ္ေတြထြက္ေပၚခဲ့တုန္းက ေနာက္ခံအနက္က လံုး၀ကို notch ေပ်ာက္ေစခဲ့တယ္လို႕လည္း နည္းပညာသံုးသပ္သူအေတာ္မ်ားမ်ားက ေျပာဆိုထားမႈေတြလည္း ေတြ႕ျမင္ရမွာပါ။

Apple ကေတာ့ ခ်က္ခ်င္းတံု႕ျပန္ထားျခင္း မရွိေသးပါဘူး။

Unicode Version

Apple ရဲ့ အွန်လိုင်းစတိုးက screenshot လေးကိုကြည့်လိုက်ပါဦး။

Screen Shot 2018 12 14 at 4.27.12 PM


Apple ကို ဘယ်လိုတွေအပြစ်တင်ထားသလဲဆိုတာ ကြည့်ကြမယ်။
Apple iPhone XS နဲ့ iPhone XS Max မှာ အရှေ့ကင်မရာထားဖို့အတွက် ဖုန်းရဲ့ထိပ်ပိုင်းမုှာ notch ထည့်ထားတယ်။
ဒါပေမယ့်လည်း Apple အသုံးပြုထားတဲ့ မားကတ်တင်းဓါတ်ပုံကိုကြည့်လိုက်လေ။ notch ပါတဲ့နေရာက အမည်းရောင်ဖြစ်နေတယ်ဆိုတော့ ကြည့်လိုက်တဲ့အခါ မမြင်ရဘူးဖြစ်နေတယ်။
မားကတ်တင်းဓါတ်ပုံကိုကြည့်လိုက်တဲ့အချိန်မှာ notch မပါဘူးထင်မှတ်ပြီး ဖုန်းကိုမှာယူခဲ့တာဖြစ်ကြောင်း အမျိုးသမီးတစ်ဦးကလည်း တရားစွဲဆိုထားပါတယ်။
ဒါပေမယ့်လည်း ဒီတရားစွဲဆိုမှုက အောင်မြင်မယ်လို့ တရားသေမပြောနိုင်ပါဘူး။
Apple iPhone XS နဲ့ iPhone XS Max မှာ notch ပါဝင်တာကတော့ သေချာနေပါတယ်။
ဖုန်းမှာ notch ထည့်လိုက်ခြင်းအားဖြင့် FaceID နည်းပညာအတွက် ကင်မရာပိုင်းကလိုအပ်တဲ့အရာတွေကို ဖုန်းရဲ့ဘောင်တွေမှာနေရာမယူဘဲ လုပ်ဆောင်နိုင်စေပါတယ်။
ဒါပေမယ့်လည်း မားကတ်တင်းပုံတွေအရ notch က screen နဲ့တစ်သားတည်းဖြစ်နေပါတယ်။ အဲဒီပုံကို ကြော်ငြာဖို့အတွက် သေချာလုပ်ထားသလားတောင် အောက်မေ့ရပါတယ်။
အခုဆိုရင်တော့ ဒီပုံတွေဟာ နားလည်မှုလွဲစေနိုင်ကြောင်း အမျိုးသမီးတစ်ဦးကဖော်ပြလိုက်ပြီးတော့ တရားစွဲလိုက်ပါပြီ။
ဟုတ်ပါတယ်။ ကျွန်တော့အမြင်အရဆိုရင်လည်း ကြေညာထားတဲ့ပုံတွေကိုပဲကြည့်ပြီး အော်ဒါတင်လိုက်မယ်ဆိုရင်တော့ notch မပါဘူးလို့ပဲထင်ကြမှာပါ။ နောက်တစ်ချက်ကတော့ Pixel count လုပ်တဲ့အချိန်မှာ ထောင့်နားက pixel တွေကို ရေတွက်မထားပါဘူး။ သူတို့တွေက လုံးဝန်းနေတဲ့အတွက်ကြောင့်လို့သိရပါတယ်။
တရားစွဲဆိုထားတဲ့အတွက်ကြောင့် ဘယ်လိုအရေးယူမလဲဆိုတာ စဉ်းစားနေကြပါပြီ။ ဒါပေမယ့်လည်း ဒီကိစ္စကတော့ တရားရုံးကိုရောက်လာနိုင်ပါ့မလားဆိုတာလည်း အာမခံချက်မရှိတဲ့အနေအထားဖြစ်ပါတယ်။
ဒေါ်လာ၁၀၀၀တန်ဖုန်းရဲ့ မားကတ်တင်းပုံရိပ်တွေနဲ့ပတ်သတ်တဲ့ တရားစွဲဆိုမှုကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါကလည်း တရားစွဲဆိုသင့်တယ်လို့ ထင်ပါတယ်။ သြဂုတ်လမှာ ပုံရိပ်တွေထွက်ပေါ်ခဲ့တုန်းက နောက်ခံအနက်က လုံးဝကို notch ပျောက်စေခဲ့တယ်လို့လည်း နည်းပညာသုံးသပ်သူအတော်များများက ပြောဆိုထားမှုတွေလည်း တွေ့မြင်ရမှာပါ။
Apple ကတော့ ချက်ချင်းတုံ့ပြန်ထားခြင်း မရှိသေးပါဘူး။

Leave a Reply