Facebook အသံုးျပဳသူ၆.၈ သန္းရဲ႕ Private Photo မ်ား ေပါက္ၾကား

0
1422

Facebook မွာ Private Data မ်ား သိမ္းဆည္းထားဖုိ႔ ေၾကာက္စရာ ျဖစ္လာပါၿပီ။ ဒီႏွစ္ထဲမွာ Facebook အသံုးျပဳသူမ်ားရဲ႕ ေဒတာမ်ားဟာ အခြင့္မရွိဘဲ ေပါက္ၾကားထြက္ေပၚမႈမ်ား မၾကာခဏ ျဖစ္ပြားခဲ့ပါတယ္။ အခုလည္း အသံုးျပဳသူ ၆.၈ သန္းရဲ႕ Private Photo မ်ား ေပါက္ၾကားေစတဲ့ လံုျခံဳေရးဟာကြက္ႀကီးတစ္ခု ရွိခဲ့တယ္လို႔ ကုမၸဏီက ၀န္ခံလိုက္ပါတယ္။

Facebook အေကာင့္နဲ႔ Log In ၀င္ထားတဲ့ App မ်ားထဲမွ အခ်ိဳ႕ဟာ Facebook မွ သင့္ရဲ႕ Public Photo မ်ားကို ရယူ အသံုးျပဳခြင့္ရွိပါတယ္။ ဒါေပမယ့္ လံုျခံဳေရး ဟာကြက္ေၾကာင့္ သင့္ရဲ႕ Private Photo မ်ားကိုပါ App မ်ားက ရယူသြားႏုိင္ၾကပါတယ္။ ဓါတ္ပံုမ်ားထဲမွာ Facebook မွာ Only Me အေနနဲ႔ Upload ျပဳလုပ္တဲ့ ဓါတ္ပံုမ်ား၊ Marketplace နဲ႔ Facebook Stories မွာ မွ်ေ၀ထားတဲ့ ဓါတ္ပံုမ်ား ပါ၀င္ပါတယ္။

အခုေတာ့ ဒီ လံုျခံဳေရး ဟာကြက္ကို ဖာေထးၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ လံုျခံဳေရးဟာကြက္ဟာ စက္တင္ဘာလ ၁၃ ကေန ၂၅ ရက္အတြင္းမွာ ျဖစ္ပြားခဲ့တဲ့အတြက္  App မ်ားက အသံုးျပဳသူမ်ားရဲ႕ Private Photo မ်ားကို ၁၂ ရက္ၾကာ ရယူခြင့္ ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ အသံုးျပဳသူ ၆.၈ သန္းရဲ႕ ဓါတ္ပံုမ်ားကို ရယူခြင့္ ရွိတဲ့ App ေပါင္း ၁၅၀၀ အထိ ရွိၿပီး App မ်ားကို ဖန္တီးထားတဲ့ Developer ဟာ ၈၇၆ ဦး ရွိပါတယ္။

Facebook ကဒီ ျဖစ္ရပ္အတြက္ ေတာင္းပန္ခဲ့ၿပီး ဘယ္သူေတြကို အက်ိဳးသက္ေရာက္သြားသလဲ ဆိုတာကို စစ္ေဆးႏုိင္မယ့္Tools မ်ားကို App Developer မ်ားအတြက္ လာမယ့္ တစ္ပတ္မွာ ျဖန္႔ခ်ီေပးမယ္လို႔ ေျပာပါတယ္။ Facebook က ေပါက္ၾကားသြားတဲ့ ဓါတ္ပံုမ်ားကိုဖ်က္ဆီးဖုိ႔ အတြက္ Developers မ်ားနဲ႔ ပူးေပါင္းလုပ္ကိုင္မွာ ျဖစ္ပါတယ္။ ေပါက္ၾကားသြားသူမ်ားကိုလည္းကုမၸဏီက အသိေပးမွာပါ။

Facebook အသုံးပြုသူ ၆.၈ သန်းရဲ့ Private Photo များ ပေါက်ကြား

Facebook မှာ Private Data များ သိမ်းဆည်းထားဖို့ ကြောက်စရာ ဖြစ်လာပါပြီ။ ဒီနှစ်ထဲမှာ Facebook အသုံးပြုသူများရဲ့ ဒေတာများဟာ အခွင့်မရှိဘဲ ပေါက်ကြားထွက်ပေါ်မှုများ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။ အခုလည်း အသုံးပြုသူ ၆.၈ သန်းရဲ့ Private Photo များ ပေါက်ကြားစေတဲ့ လုံခြုံရေးဟာကွက်ကြီးတစ်ခု ရှိခဲ့တယ်လို့ ကုမ္ပဏီက ဝန်ခံလိုက်ပါတယ်။

Facebook အကောင့်နဲ့ Log In ဝင်ထားတဲ့ App များထဲမှ အချို့ဟာ Facebook မှ သင့်ရဲ့ Public Photo များကို ရယူ အသုံးပြုခွင့်ရှိပါတယ်။ ဒါပေမယ့် လုံခြုံရေး ဟာကွက်ကြောင့် သင့်ရဲ့ Private Photo များကိုပါ App များက ရယူသွားနိုင်ကြပါတယ်။ ဓါတ်ပုံများထဲမှာ Facebook မှာ Only Me အနေနဲ့ Upload ပြုလုပ်တဲ့ ဓါတ်ပုံများ၊ Marketplace နဲ့ Facebook Stories မှာ မျှဝေထားတဲ့ ဓါတ်ပုံများ ပါဝင်ပါတယ်။

အခုတော့ ဒီ လုံခြုံရေး ဟာကွက်ကို ဖာထေးပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ လုံခြုံရေးဟာကွက်ဟာ စက်တင်ဘာလ ၁၃ ကနေ ၂၅ ရက်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့အတွက် App များက အသုံးပြုသူများရဲ့ Private Photo များကို ၁၂ ရက်ကြာ ရယူခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အသုံးပြုသူ ၆.၈ သန်းရဲ့ ဓါတ်ပုံများကို ရယူခွင့် ရှိတဲ့ App ပေါင်း ၁၅၀၀ အထိ ရှိပြီး App များကို ဖန်တီးထားတဲ့ Developer ဟာ ၈၇၆ ဦး ရှိပါတယ်။

Facebook က ဒီ ဖြစ်ရပ်အတွက် တောင်းပန်ခဲ့ပြီး ဘယ်သူတွေကို အကျိုးသက်ရောက်သွားသလဲ ဆိုတာကို စစ်ဆေးနိုင်မယ့် Tools များကို App Developer များအတွက် လာမယ့် တစ်ပတ်မှာ ဖြန့်ချီပေးမယ်လို့ ပြောပါတယ်။ Facebook က ပေါက်ကြားသွားတဲ့ ဓါတ်ပုံများကို ဖျက်ဆီးဖို့ အတွက် Developers များနဲ့ ပူးပေါင်းလုပ်ကိုင်မှာ ဖြစ်ပါတယ်။ ပေါက်ကြားသွားသူများကိုလည်း ကုမ္ပဏီက အသိပေးမှာပါ။

Leave a Reply