အျခား ဖုန္းမ်ားကိုႀကိဳးမဲ့ အားသြင္းေပးတဲ့ စြမ္းရည္ ပါလာမယ့္Samsung Galaxy S10 Series မ်ား

0
560

Samsung Galaxy S10 Series မ်ားရဲ႕ သတင္းအခ်က္အလက္နဲ႔ ဓါတ္ပံုမ်ား မၾကာခဏ ေပါက္ၾကားထြက္ေပၚေနပါတယ္။ယခင္ကလည္း သူတို႔ရဲ႕ Case နဲ႔ Screen Protector ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ သူတို႔ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားမ်ားကို သိခဲ့ရပါၿပီ။ အခုလည္း သူတို႔မွာ အျခား ဖုန္းမ်ားကို ႀကိဳးမဲ့ အားသြင္းေပးတဲ့ စြမ္းရည္ ပါလာမယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီ နည္းပညာဟာ Huawei Mate 20 Pro မွာလည္း ပါပါတယ္။ ဆမ္ေဆာင္းကေတာ့ သူ႔ရဲ႕ နည္းပညာကို Powershare လို႔ အမည္ေပးထားတယ္လို႔ သိရပါတယ္။

ယခင္ထြက္ခဲ့ဖူးတဲ့ သတင္းမ်ားအရ အေသးဆံုးနဲ႔ တန္ဖိုး အနည္းဆံုး S10 Lite မွာ ၅.၈ လက္မ မ်က္ႏွာျပင္ပါပါတယ္။သာမာန္ S10 Model မွာ ၆.၁ လက္မ မ်က္ႏွာျပင္နဲ႔ အရြယ္အစား အႀကီးမားဆံုး S10+ မွာ ၆.၄လက္မ မ်က္ႏွာျပင္မ်ား ပါလာမွာ ျဖစ္ပါတယ္။ ဖုန္း အားလံုးရဲ႕ မ်က္ႏွာျပင္ ထိပ္ပိုင္းအလယ္နားမွာ အေရွ႕ ကင္မရာမ်ားကို ျမွပ္ႏွံထားပါတယ္။ S10 Lite နဲ႔ S10 မွာ အေရွ႕ ကင္မရာ၁ လံုးစီနဲ႔ S10+ မွာ ၂ လံုး ထည့္သြင္းထားပါတယ္။ 

ယခင္ေပါက္ၾကားထြက္ေပၚလာခဲ့ဖူးတဲ့သတင္းမ်ားအရ Galaxy S10+ မွာ ၆.၄ လက္မ Super AMOLED Screen ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ေအာက္ေျခမွာ 3.5mm Headphone Jack ကိုထည့္သြင္းထားပါတယ္။ သူ႔မွာ ထည့္သြင္းထားမယ့္ 7nm Snapdragon 855 Chipset ကိုQualcomm က မၾကာခင္က ေၾကညာလိုက္ပါတယ္။

7nmProcessက ဘက္ထရီ သက္တမ္းကို သိသာစြာ တိုးျမွင့္ေပးသလို စြမ္းေဆာင္ရည္ကိုလည္း တိုးတက္ေစပါတယ္။AIစြမ္းေဆာင္ရည္ဟာလည္း ပိုေကာင္းလာတယ္လို႔ ေၾကညာပါတယ္။ ယခင္မ်ိဳးဆက္ Mobile Chip ထက္၃ဆေလာက္ AI စြမ္းေဆာင္ရည္ ပိုေကာင္းလာတယ္လို႔ ေျပာပါတယ္။

အခြား ဖုန်းများကို ကြိုးမဲ့ အားသွင်းပေးတဲ့ စွမ်းရည် ပါလာမယ့် Samsung Galaxy S10 Series များ

Samsung Galaxy S10 Series များရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံများ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ယခင်ကလည်း သူတို့ရဲ့ Case နဲ့ Screen Protector ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ သူတို့ရဲ့ မျက်နှာပြင် အရွယ်အစားများကို သိခဲ့ရပါပြီ။ အခုလည်း သူတို့မှာ အခြား ဖုန်းများကို ကြိုးမဲ့ အားသွင်းပေးတဲ့ စွမ်းရည် ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ နည်းပညာဟာ Huawei Mate 20 Pro မှာလည်း ပါပါတယ်။ ဆမ်ဆောင်းကတော့ သူ့ရဲ့ နည်းပညာကို Powershare လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။

ယခင်ထွက်ခဲ့ဖူးတဲ့ သတင်းများအရ အသေးဆုံးနဲ့ တန်ဖိုး အနည်းဆုံး S10 Lite မှာ ၅.၈ လက်မ မျက်နှာပြင်ပါပါတယ်။သာမာန် S10 Model မှာ ၆.၁ လက်မ မျက်နှာပြင်နဲ့ အရွယ်အစား အကြီးမားဆုံး S10+ မှာ ၆.၄လက်မ မျက်နှာပြင်များ ပါလာမှာ ဖြစ်ပါတယ်။ ဖုန်း အားလုံးရဲ့ မျက်နှာပြင် ထိပ်ပိုင်းအလယ်နားမှာ အရှေ့ ကင်မရာများကို မြှပ်နှံထားပါတယ်။ S10 Lite နဲ့ S10 မှာ အရှေ့ ကင်မရာ၁ လုံးစီနဲ့ S10+ မှာ ၂ လုံး ထည့်သွင်းထားပါတယ်။

ယခင်ပေါက်ကြားထွက်ပေါ်လာခဲ့ဖူးတဲ့သတင်းများအရ Galaxy S10+ မှာ ၆.၄ လက်မ Super AMOLED Screen ထည့်သွင်းထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အောက်ခြေမှာ 3.5mm Headphone Jack ကိုထည့်သွင်းထားပါတယ်။ သူ့မှာ ထည့်သွင်းထားမယ့် 7nm Snapdragon 855 Chipset ကိုQualcomm က မကြာခင်က ကြေညာလိုက်ပါတယ်။

7nmProcess က ဘက်ထရီ သက်တမ်းကို သိသာစွာ တိုးမြှင့်ပေးသလို စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေပါတယ်။AI စွမ်းဆောင်ရည်ဟာလည်း ပိုကောင်းလာတယ်လို့ ကြေညာပါတယ်။ ယခင်မျိုးဆက် Mobile Chip ထက်၃ ဆလောက် AI စွမ်းဆောင်ရည် ပိုကောင်းလာတယ်လို့ ပြောပါတယ်။

Leave a Reply