ခရီးသည္တင္ 737 ေလယာဥ္ႏွင့္ဒရုန္း ေျမျပင္ဆင္းသက္ခ်ိန္တြင္ တိုက္မိ

0
1670
The damaged nose of Aeromexico's 737 jet. Source: AFAC Aviacao

Zawgyi Version

Boeing 737 ခရီးသည္တင္ယာဥ္ဟာ မကၠဆီကိုႏုိင္ငံ Tijuana သို႕ ဆင္းသက္ခ်ိန္မွာ ဒရုန္းနဲ႕တိုက္မိသြားျပီး ေလယာဥ္နွာတံကို ထိခိုက္မႈအေတာ္မ်ားမ်ားျဖစ္ေပၚေစခဲ့ပါတယ္။

လူမႈကြန္ယက္သတင္းေတြကိုၾကည့္လိုက္တဲ့အခါမွာ Aeromexico SAB အုပ္စုကေတာ့ Guadalajara ရဲ႕ ဖလိုက္နံပါတ္ ၇၇၃ဟာ ေလဆိပ္ကိုဆင္းသက္လာတဲ့အခ်ိန္မွာ ေလယာဥ္ကိုတိုက္မိလိုက္တဲ့အသံတစ္ခုကို ၾကားလိုက္ရပါတယ္။ ဒီလိုထိခိုက္မႈေတြကိုျဖစ္ေစခဲ့တာကေတာ့ ဒရုန္းတစ္စီးလို႕ သိရပါတယ္။

ပိုင္းေလာ့ေတြက လက္ေထာက္ေတြကို အကူအညီေတာင္းျပီးေတာ့ 737 ကို ထိခိုက္မႈမရွိေစဘဲ စိတ္ခ်စြာနဲ႕ဆင္းသက္ႏုိင္ေအာင္ လုပ္ေဆာင္ခဲ့ပါတယ္။

“ျဖစ္တဲ့အေၾကာင္းရင္းကိုေတာ့ အတိအက်စံုစမ္းေနပါတယ္”လို႕ Aeromexico က ဆိုထားပါတယ္။ “ေလယာဥ္ကေတာ့ သာမန္အေျခအေနအတုိင္း ဆင္းသက္ႏုိင္ခဲ့ျပီးေတာ့ ခရီးသည္ေတြလည္း လံုျခံဳမႈအျပည့္ရရွိခဲ့ပါတယ္။”

ဓါတ္ပံုေတြကိုၾကည့္လိုက္တဲ့ခ်ိန္မွာ ေလယာဥ္ရဲ႕ထိပ္ပိုင္းနားက အေတာ္ေလး ထိခိုက္သြားတာကို ကၽြန္ေတာ္တို႕ ေတြ႕လိုက္ရပါတယ္။

အမ်ားသံုးဒရုန္းေတြ ေစ်းကြက္ရလာတဲ့အခ်ိန္ကတည္းကစလို႕ ေလယာဥ္နဲ႕ဒရုန္းထိခိုက္မႈေတြကို ၾကားေနရပါတယ္။ ဒရုန္းေတြဟာ ၂၀၁၆၊ ၂၀၁၇ခုႏွစ္မွာ လန္ဒန္နဲ႕ ကေနဒါနုိင္ငံက ခရီးသည္ေလယာဥ္ေတြကို ထိခိုက္ေအာင္ လုပ္ေနသလိုပါပဲ။ သတင္းေတြထဲမွာေတာ့ အသက္အႏၱရာယ္ကင္းတယ္ဆိုတဲ့အေၾကာင္း ျမင္ေတြ႕ရေလ့ရွိပါတယ္။

ဒီႏွစ္မွာလည္း ဒရုန္းနဲ႕တုိက္ရိုက္ ထိခိုက္ခဲ့မိေသာေၾကာင့္ ေလယာဥ္ေတာင္ပံမွာ အေတာ္ေလးထိခိုက္မႈေတြျဖစ္ေစခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီေလ့လာမႈရဲ႕တင္ျပခ်က္ေၾကာင့္ ဒရုန္းထုတ္လုပ္သူ DJI ကေတာ့ ဒရုန္း၀ယ္လိုအားကို က်ဆင္းေအာင္လုပ္ေဆာင္ေနတာသာျဖစ္ေၾကာင္း တံု႕ျပန္ခဲ့ပါတယ္။

ယူအက္စ္မွာ National Transportation Safety Board (NTSB) ရဲ႕ေလ့လာမႈအရ DJI ဒရုန္းနဲ႕ ယူအက္စ္စစ္တပ္ Black Hawk ဟယ္ရီေကာ္ပတာတို႕ ထိခိုက္မိခဲ့ေၾကာင္း သတင္းရထားပါတယ္။

Flight 773 ကိုပ်ံသန္းခဲ့တဲ့ ေလယာဥ္ကေတာ့ သက္တမ္း၁၇ႏွစ္ရွိေနျပီးေတာ့ ဘယ္လိုအေၾကာင္းေတြေၾကာင့္ ျဖစ္ခဲ့သလဲဆိုတာကို စံုစမ္းစစ္ေဆးေရးအဖြဲ႕က စတင္ေထာက္လွမ္းေနပါျပီ။

Unicode Version

Boeing 737 ခရီးသည်တင်ယာဉ်ဟာ မက္ကဆီကိုနိုင်ငံ Tijuana သို့ ဆင်းသက်ချိန်မှာ ဒရုန်းနဲ့တိုက်မိသွားပြီး လေယာဉ်နှာတံကို ထိခိုက်မှုအတော်များများဖြစ်ပေါ်စေခဲ့ပါတယ်။
လူမှုကွန်ယက်သတင်းတွေကိုကြည့်လိုက်တဲ့အခါမှာ Aeromexico SAB အုပ်စုကတော့ Guadalajara ရဲ့ ဖလိုက်နံပါတ် ၇၇၃ဟာ လေဆိပ်ကိုဆင်းသက်လာတဲ့အချိန်မှာ လေယာဉ်ကိုတိုက်မိလိုက်တဲ့အသံတစ်ခုကို ကြားလိုက်ရပါတယ်။ ဒီလိုထိခိုက်မှုတွေကိုဖြစ်စေခဲ့တာကတော့ ဒရုန်းတစ်စီးလို့ သိရပါတယ်။
ပိုင်းလော့တွေက လက်ထောက်တွေကို အကူအညီတောင်းပြီးတော့ 737 ကို ထိခိုက်မှုမရှိစေဘဲ စိတ်ချစွာနဲ့ဆင်းသက်နိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်။
“ဖြစ်တဲ့အကြောင်းရင်းကိုတော့ အတိအကျစုံစမ်းနေပါတယ်”လို့ Aeromexico က ဆိုထားပါတယ်။ “လေယာဉ်ကတော့ သာမန်အခြေအနေအတိုင်း ဆင်းသက်နိုင်ခဲ့ပြီးတော့ ခရီးသည်တွေလည်း လုံခြုံမှုအပြည့်ရရှိခဲ့ပါတယ်။”
ဓါတ်ပုံတွေကိုကြည့်လိုက်တဲ့ချိန်မှာ လေယာဉ်ရဲ့ထိပ်ပိုင်းနားက အတော်လေး ထိခိုက်သွားတာကို ကျွန်တော်တို့ တွေ့လိုက်ရပါတယ်။
အများသုံးဒရုန်းတွေ ဈေးကွက်ရလာတဲ့အချိန်ကတည်းကစလို့ လေယာဉ်နဲ့ဒရုန်းထိခိုက်မှုတွေကို ကြားနေရပါတယ်။ ဒရုန်းတွေဟာ ၂၀၁၆၊ ၂၀၁၇ခုနှစ်မှာ လန်ဒန်နဲ့ ကနေဒါနိုင်ငံက ခရီးသည်လေယာဉ်တွေကို ထိခိုက်အောင် လုပ်နေသလိုပါပဲ။ သတင်းတွေထဲမှာတော့ အသက်အန္တရာယ်ကင်းတယ်ဆိုတဲ့အကြောင်း မြင်တွေ့ရလေ့ရှိပါတယ်။
ဒီနှစ်မှာလည်း ဒရုန်းနဲ့တိုက်ရိုက် ထိခိုက်ခဲ့မိသောကြောင့် လေယာဉ်တောင်ပံမှာ အတော်လေးထိခိုက်မှုတွေဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလေ့လာမှုရဲ့တင်ပြချက်ကြောင့် ဒရုန်းထုတ်လုပ်သူ DJI ကတော့ ဒရုန်းဝယ်လိုအားကို ကျဆင်းအောင်လုပ်ဆောင်နေတာသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ယူအက်စ်မှာ National Transportation Safety Board (NTSB) ရဲ့လေ့လာမှုအရ DJI ဒရုန်းနဲ့ ယူအက်စ်စစ်တပ် Black Hawk ဟယ်ရီကော်ပတာတို့ ထိခိုက်မိခဲ့ကြောင်း သတင်းရထားပါတယ်။
Flight 773 ကိုပျံသန်းခဲ့တဲ့ လေယာဉ်ကတော့ သက်တမ်း၁၇နှစ်ရှိနေပြီးတော့ ဘယ်လိုအကြောင်းတွေကြောင့် ဖြစ်ခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးရေးအဖွဲ့က စတင်ထောက်လှမ်းနေပါပြီ။

Leave a Reply