Qualcomm ရဲ႕နည္းပညာမ်ား မပါတဲ့ Software Update ျဖင့္ တရုတ္မွာ iPhone ဆက္လက္ေရာင္းခ်ဖို႔ ႀကိဳးစားမယ့္Apple

0
1430

Apple နဲ႔ Qualcomm တို႔ဟာ တရုတ္မွာ မူပိုင္ခြင့္ ဆိုင္ရာ အမႈတစ္ခုကို ရင္ဆိုင္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိိုင္းကပဲ   အဲဒီ အမႈမွာ တရုတ္ တရားရံုးက Qualcomm အားအႏိုင္ေပးလိုက္ပါတယ္။ Qualcomm က iOS မွ ေဆာ့ဖ္၀ဲ လုပ္ေဆာင္ အနည္းငယ္ဟာ သူ႔ရဲ႕Patents မ်ားကေန ယူသံုးထားတယ္လို႔ တရားစြဲခဲ့တာ ျဖစ္ပါတယ္။

တရားရံုးက တရုတ္မွာ iPhone X, 8 , 8 Plus နဲ႔ iPhone 6s အထိ ေမာ္ဒယ္ အေဟာင္းမ်ားအား တင္သြင္းေရာင္းခ်ျခင္းကို ယာယီ ပိတ္ပင္လိုက္ပါတယ္။ အဲဒီ Patent မ်ားဟာ iOS မွာ ဓါတ္ပံု အရြယ္အစားမ်ားကိုခ်ိန္ညွိျခင္း၊ ေဖာ္မက္ခ်ျခင္းနဲ႔ Apps မ်ားကို ေျပာင္းလဲ အသံုးျပဳျခင္းမ်ားနဲ႔ သက္ဆိုင္ေနပါတယ္။တရုတ္မွာ ပိတ္ပင္လိုက္တဲ့ အထဲမွာ ၂၀၁၈ ခုႏွစ္ထုတ္ အိုင္ဖုန္းမ်ား ျဖစ္တဲ့ iPhoneXS, XS Max နဲ႔ XR မ်ား မပါ၀င္ပါဘူး။

အခုေတာ့ Apple က Qualcomm ရဲ႕ နည္းပညာမ်ား မပါတဲ့ Software Update ျဖင့္ တရုတ္မွာ iPhone ဆက္လက္ေရာင္းခ်ဖို႔ ႀကိဳးစားမွာ ျဖစ္ပါတယ္။ တရုတ္ အာဏာပိုင္မ်ားကိုလည္း အယူခံ ၀င္ထားပါတယ္။ လာမယ့္ တစ္ပတ္ အေစာပိုင္းမွာ Software Update ကို ျဖန္႔ခ်ီေပးမယ္လို႔ ကုမၸဏီကေျပာပါတယ္။ Qualcomm က တရုတ္မွာ iPhone XS, XS Max နဲ႔ XR မ်ားကိုပါ ေရာင္းခ်ျခင္းအား ပိတ္ပင္ဖို႔ ေတာင္းဆိုထားပါတယ္။

Qualcomm ကသူ႔ရဲ႕Patent မ်ားကို ယူသံုးျခင္းနဲ႔ လိုင္စင္ေၾကး အျဖစ္ ေဒၚလာ ၇ ဘီလီယမ္ကို Apple ထံကေနအလိုရွိေနပါတယ္။ ယခင္ကေတာ့ Apple ဟာ သူ႔ရဲ႕ ထုတ္ကုန္ တစ္ခု ေရာင္းခ်ရတိုင္း Qualcommရဲ႕ နည္းပညာအတြက္ လိုင္စင္ေၾကးေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကမွ Qualcomm ရဲ႕Patentမ်ားဟာ တရားမ၀င္ဘူးလို႔ ေျပာၿပီး လိုင္စင္ေၾကးေပးျခင္းကို ရပ္နားခဲ့ပါတယ္။

unicode

Qualcomm ရဲ့ နည်းပညာများ မပါတဲ့ Software Update ဖြင့် တရုတ်မှာ iPhone ဆက်လက်ရောင်းချဖို့ ကြိုးစားမယ့် Apple

Apple နဲ့ Qualcomm တို့ဟာ တရုတ်မှာ မူပိုင်ခွင့် ဆိုင်ရာ အမှုတစ်ခုကို ရင်ဆိုင်နေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဲဒီ အမှုမှာ တရုတ် တရားရုံးက Qualcomm အားအနိုင်ပေးလိုက်ပါတယ်။ Qualcomm က iOS မှ ဆော့ဖ်ဝဲ လုပ်ဆောင် အနည်းငယ်ဟာ သူ့ရဲ့Patents များကနေ ယူသုံးထားတယ်လို့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

တရားရုံးက တရုတ်မှာ iPhone X, 8 , 8 Plus နဲ့ iPhone 6s အထိ မော်ဒယ် အဟောင်းများအား တင်သွင်းရောင်းချခြင်းကို ယာယီ ပိတ်ပင်လိုက်ပါတယ်။ အဲဒီ Patent များဟာ iOS မှာ ဓါတ်ပုံ အရွယ်အစားများကိုချိန်ညှိခြင်း၊ ဖော်မက်ချခြင်းနဲ့ Apps များကို ပြောင်းလဲ အသုံးပြုခြင်းများနဲ့ သက်ဆိုင်နေပါတယ်။တရုတ်မှာ ပိတ်ပင်လိုက်တဲ့ အထဲမှာ ၂၀၁၈ ခုနှစ်ထုတ် အိုင်ဖုန်းများ ဖြစ်တဲ့ iPhoneXS, XS Max နဲ့ XR များ မပါဝင်ပါဘူး။

အခုတော့ Apple က Qualcomm ရဲ့ နည်းပညာများ မပါတဲ့ Software Update ဖြင့် တရုတ်မှာ iPhone ဆက်လက်ရောင်းချဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ တရုတ် အာဏာပိုင်များကိုလည်း အယူခံ ဝင်ထားပါတယ်။ လာမယ့် တစ်ပတ် အစောပိုင်းမှာ Software Update ကို ဖြန့်ချီပေးမယ်လို့ ကုမ္ပဏီကပြောပါတယ်။ Qualcomm က တရုတ်မှာ iPhone XS, XS Max နဲ့ XR များကိုပါ ရောင်းချခြင်းအား ပိတ်ပင်ဖို့ တောင်းဆိုထားပါတယ်။

Qualcomm ကသူ့ရဲ့ Patent များကို ယူသုံးခြင်းနဲ့ လိုင်စင်ကြေး အဖြစ် ဒေါ်လာ ၇ ဘီလီယမ်ကို Apple ထံကနေ အလိုရှိနေပါတယ်။ ယခင်ကတော့ Apple ဟာ သူ့ရဲ့ ထုတ်ကုန် တစ်ခု ရောင်းချရတိုင်း Qualcomm ရဲ့ နည်းပညာအတွက် လိုင်စင်ကြေးပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကမှ Qualcomm ရဲ့Patent များဟာ တရားမဝင်ဘူးလို့ ပြောပြီး လိုင်စင်ကြေးပေးခြင်းကို ရပ်နားခဲ့ပါတယ်။

Leave a Reply