Enterprise Smartphone Social Trending

iPhone X screen size နဲ႕ pixel count လိမ္လည္ခဲ့မႈေၾကာင့္္ တရားစြဲခံရမယ့္ Apple

Zawgyi Version

Apple က iPhone X စီးရီးရဲ႕ display အခ်က္အလက္ေတြနဲ႕ပတ္သတ္ျပီးေတာ့ လိမ္လည္ထားတယ္ဆိုျပီး ေသာၾကာေန႕က တရားစြဲဆိုမႈတစ္ခု ေပၚေပါက္ခဲ့ပါတယ္။

တရားလိုႏွစ္ေယာက္က ကယ္လ္ဖိုးနီးယားေျမာက္ပိုင္းမွာရွိတဲ့ ယူအက္စ္ျပည္နယ္တရားရံုးမွာ ေလွ်ာက္ထားခဲ့ၾကတာပါ။ Apple ဟာ iPhone X, iPhone XS နဲ႕ iPhone XS Max တို႕ရဲ႕ screen size နဲ႕ pixel count ကို လိမ္လည္ထားတယ္လို႕ တင္ျပခဲ့ၾကတာပါ။ တရားလိုေတြကေတာ့ အေရးယူမႈကို ေတာင့္တေနၾကတာျဖစ္ပါတယ္။

Apple ကေတာ့ တံု႕ျပန္မႈတစ္စံုတစ္ရာမရွိေသးပါဘူး။

Notch နဲ႕ ေထာင့္ေတြကို ထည့္သြင္းေရတြက္ျခင္းမရွိဘူးဆိုတဲ့အခ်က္ကို လိမ္လည္ထားတယ္လို႕ တရားလိုေတြက ေျပာဆိုထားပါတယ္။ iPhone အသစ္ေတြက all screen လို႕ေျပာထားေပမယ့္လည္း အဲဒီလိုမဟုတ္ပါဘူး။ ဒီအေၾကာင္းကို စာမ်က္ႏွာ၅၅မ်က္ႏွာနဲ႕အတူ ေ၀ေ၀ဆာဆာအျပစ္တင္ထားတာကို ေတြ႕ျမင္ရမွာပါ။ ဥပမာ iPhone X screen size က ၅.၈လက္မျဖစ္ရမယ္။ ဒါေပမယ့္လည္း ၅.၆၈၇၅လက္မပဲ ရွိတယ္လို႕ တရားလိုေတြက တုိင္တန္းထားတာပါ။

iPhone X စီးရီးစမတ္ဖုန္းေတြမွာ ေၾကာ္ျငာထားတဲ့အတုိင္းမဟုတ္ဘဲ resolution ေတြကလည္း ေလ်ာ့က်ေနတာကို ခံစားရပါတယ္။ iPhone X က 2436×1125 pixels ရွိရမွာျဖစ္ေပမယ့္လည္း pixel တိုင္းမွာ red, green နဲ႕ blue subpixels အမွန္အကန္မပါ၀င္ဘူးလို႕ ေျပာထားပါတယ္။ iPhone X ဟာ Pixel တစ္ခုမွာ subpixel ႏွစ္ခုသာပါ၀င္တဲ့အတြက္ေၾကာင့္ ေၾကညာထားတဲ့အတုိင္းထက္ ေလ်ာ့နည္းေနတာျဖစ္ပါတယ္။ iPhone 8 Plus ကေတာင္ iPhone X ထက္ screen ပိုင္းမွာ ပိုသာေနတယ္လို႕ စြဲဆိုထားပါတယ္။

Apple အေနနဲ႕ သူ႕ထုတ္ကုန္ေတြေၾကာင့္ တရားစြဲခံရတာ ဒါပထမဆံုးအၾကိမ္မဟုတ္ပါဘူး။ မတ္လတုန္းကလည္း software ေၾကာင့္ တရားစြဲဆိုမႈေပါင္း ၅၉ခုရွိခဲ့ပါတယ္။ ဂၽြန္လတုန္းကလည္း Apple Watch screen ကြဲေၾကမႈ၊ ကြာက်မႈေတြေၾကာင့္ ေဒၚလာ၅မီလ်ံေလ်ာ္ဖို႕ အေၾကာင္းဖန္ခဲ့ပါေသးတယ္။  

တရားလိုေတြရဲ႕ေရွ႕ေနေတြကေတာ့စတင္လႈပ္ရွားေနၾကပါျပီ။

Unicode Version

Apple က iPhone X စီးရီးရဲ့ display အချက်အလက်တွေနဲ့ပတ်သတ်ပြီးတော့ လိမ်လည်ထားတယ်ဆိုပြီး သောကြာနေ့က တရားစွဲဆိုမှုတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။
တရားလိုနှစ်ယောက်က ကယ်လ်ဖိုးနီးယားမြောက်ပိုင်းမှာရှိတဲ့ ယူအက်စ်ပြည်နယ်တရားရုံးမှာ လျှောက်ထားခဲ့ကြတာပါ။ Apple ဟာ iPhone X, iPhone XS နဲ့ iPhone XS Max တို့ရဲ့ screen size နဲ့ pixel count ကို လိမ်လည်ထားတယ်လို့ တင်ပြခဲ့ကြတာပါ။ တရားလိုတွေကတော့ အရေးယူမှုကို တောင့်တနေကြတာဖြစ်ပါတယ်။
Apple ကတော့ တုံ့ပြန်မှုတစ်စုံတစ်ရာမရှိသေးပါဘူး။
Notch နဲ့ ထောင့်တွေကို ထည့်သွင်းရေတွက်ခြင်းမရှိဘူးဆိုတဲ့အချက်ကို လိမ်လည်ထားတယ်လို့ တရားလိုတွေက ပြောဆိုထားပါတယ်။ iPhone အသစ်တွေက all screen လို့ပြောထားပေမယ့်လည်း အဲဒီလိုမဟုတ်ပါဘူး။ ဒီအကြောင်းကို စာမျက်နှာ၅၅မျက်နှာနဲ့အတူ ဝေေ၀ဆာဆာအပြစ်တင်ထားတာကို တွေ့မြင်ရမှာပါ။ ဥပမာ iPhone X screen size က ၅.၈လက်မဖြစ်ရမယ်။ ဒါပေမယ့်လည်း ၅.၆၈၇၅လက်မပဲ ရှိတယ်လို့ တရားလိုတွေက တိုင်တန်းထားတာပါ။
iPhone X စီးရီးစမတ်ဖုန်းတွေမှာ ကြော်ငြာထားတဲ့အတိုင်းမဟုတ်ဘဲ resolution တွေကလည်း လျော့ကျနေတာကို ခံစားရပါတယ်။ iPhone X က 2436×1125 pixels ရှိရမှာဖြစ်ပေမယ့်လည်း pixel တိုင်းမှာ red, green နဲ့ blue subpixels အမှန်အကန်မပါဝင်ဘူးလို့ ပြောထားပါတယ်။ iPhone X ဟာ Pixel တစ်ခုမှာ subpixel နှစ်ခုသာပါဝင်တဲ့အတွက်ကြောင့် ကြေညာထားတဲ့အတိုင်းထက် လျော့နည်းနေတာဖြစ်ပါတယ်။ iPhone 8 Plus ကတောင် iPhone X ထက် screen ပိုင်းမှာ ပိုသာနေတယ်လို့ စွဲဆိုထားပါတယ်။
Apple အနေနဲ့ သူ့ထုတ်ကုန်တွေကြောင့် တရားစွဲခံရတာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ မတ်လတုန်းကလည်း software ကြောင့် တရားစွဲဆိုမှုပေါင်း ၅၉ခုရှိခဲ့ပါတယ်။ ဂျွန်လတုန်းကလည်း Apple Watch screen ကွဲကြေမှု၊ ကွာကျမှုတွေကြောင့် ဒေါ်လာ၅မီလျံလျော်ဖို့ အကြောင်းဖန်ခဲ့ပါသေးတယ်။
တရားလိုတွေရဲ့ရှေ့နေတွေကတော့ စတင်လှုပ်ရှားနေကြပါပြီ။

Apple Lawsuit by on Scribd

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.