Posted on Leave a comment

ေအာ္စတင္မွာ ေဒၚလာ၁ဘီလ်ံတန္ေၾကးရွိ campus အသစ္ေဆာက္မယ့္ Apple

Zawgyi Version

ေအာ္စတင္ေျမာက္ပိုင္းမွာ ရင္းႏွီးေငြ ေဒၚလာ၁ဘီလ်ံသံုးျပီးေတာ့ campus အသစ္တစ္ခုတည္ေဆာက္မယ့္အေၾကာင္း Apple က ေၾကညာခဲ့ပါတယ္။ ဒါေၾကာင့္ ၂၀၂၃ခုႏွစ္ေရာက္တဲ့အခါ ယူအက္စ္အတြက္ အလုပ္အကိုင္ေထာင္ေပါင္းမ်ားစြာ ေပးေစႏုိင္ပါတယ္။ ရံုးေတြကိုေတာ့ Seattle, San Diego နဲ႕ Culver City တို႕မွာလည္း ဖြင့္သြားဦးမွာပါ။

သူ႕ရဲ႕ေနရာေတြကို Pittsburgh, New York နဲ႕ Colorado တို႕မွာလည္း ထပ္မံခ်ဲ႕ထြင္သြားဦးမွာပါလို႕ ေျပာခဲ့ပါေသးတယ္။

၂၀၁၈တစ္ႏွစ္တည္းမွာကိုပဲ ယူအက္စအတြက္ အလုပ္အကိုင္အခြင့္အလမ္းအေနနဲ႕ ၆၀၀၀ ေပးႏုိင္ခဲ့ျပီးေတာ့ ျပည္နယ္၅၀ရဲ႕ ၀န္ထမ္းေပါင္း ၉၀၀၀၀ ကို ခန္႕ထားႏုိင္ခဲ့ပါတယ္။ အမ်ားစုကေတာ့ လက္လီအေရာင္းဆုိင္မွာပါ။

အခု ေအာ္စတင္မွာ campus အသစ္ေဆာက္ဦးမယ္ဆိုတဲ့အတြက္ေၾကာင့္ ၂၀၂၃မွာလည္း အလုပ္အကိုင္ ၂၀၀၀၀ ေလာက္ကို ဖန္တီးေပးႏုိင္ဦးမွာပါ။ ဒီေန႕မွာေတာ့ ေအာ္စတင္အတြက္ ၀န္ထမ္း ၆၂၀၀ ကို ခန္႕ထားျပီးျဖစ္ပါတယ္။

Austin campus ကေတာ့ Apple ရဲ႕ရွိျပီးသားေနရာနဲ႕ မလွမ္းမကမ္းမွာျဖစ္မယ္လို႕ တြက္ဆထားပါတယ္။ အဲဒီမွာ ၀န္ထမ္းေပါင္း ၅၀၀၀ ရွိျပီးသားဆိုေတာ့ အခ်ိန္ၾကာလာတဲ့အခါ ၁၅၀၀၀ အထိ တိုးပြားလာႏုိင္ပါတယ္။

Campus အသစ္ကေတာ့ ၁၀၀ရာခုိင္ႏႈန္းျပန္လည္ျဖည့္တင္းႏုိင္တဲ့စြမ္းအင္ေတြနဲ႕ လည္ပတ္မွာပါ။ ဧက၅၀ကိုလည္း open space အျဖစ္နဲ႕ထားရွိဦးမွာပါ။ campus ထဲမွာ engineering, R&D, operating, finance, sales နဲ႕customer support ေတြ ပါ၀င္မွာပါ။ Apple CEO Tim Cook ကေတာ့ ယူအက္စ္တစ္ခြင္ရဲ႕ျမိဳ႕ေတြမွာအခြင့္အလမ္းအသစ္ေတြ ေဖာ္ေဆာင္ေပးခြင့္ရတဲ့အတြက္ ဂုဏ္ယူမိတဲ့အေၾကာင္း ေအာ္စတင္ျမိဳ႕သားေတြနဲ႕ပူးေပါင္းလုပ္ေဆာင္ဖုိ႕ အကူအညီေတာင္းတယ္ဆိုတဲ့အေၾကာင္းေတြ ေရးသားထားတာကိုလည္း ေတြ႕ျမင္ရပါတယ္။

ေအာ္စတင္ campus အတြက္ ဒီဇုိင္းေတြနဲ႕ အခ်ိန္ကာလအပိုင္းအျခားေတြလည္း ထြက္ေပၚေနပါျပီ။ Apple Park ကေတာ့ ၂၀၁၁ခုႏွစ္မွာ စတင္ခဲ့ျပီးေတာ့ ၂၀၁၅ခုႏွစ္မွာမွ အျပီးသတ္ႏုိင္ခဲ့ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၂၀၁၇ခုႏွစ္ေႏွာင္းပိုင္းမွ ၀န္ထမ္းေတြကို ေရႊ႕ေျပာင္းႏုိင္ခဲ့ပါတယ္။

Seattle, San Diego နဲ႕ Culver City တို႕မွာလည္း ၀န္ထမ္းေပါင္း ၁၀၀၀ ေလာက္ ေခၚေဆာင္မယ္လို႕ ေျပာထားပါတယ္။ Pittsburgh, New York, Boulder, Boston, Portland နဲ႕ Oregon မွာလည္း အလုပ္အကိုင္အခြင့္အလမ္းအသစ္ေတြကို ထပ္မံေဖာ္ေဆာင္ေပးဦးမွာပါ။

ေဒတာစင္တာေတြလည္းလိုအပ္လာတဲ့အတြက္ေၾကာင့္ အဲဒီေနရာေတြမွာ ျပည္တြင္းရင္းႏွီးမႈအေျမာက္အမ်ားကိုလည္း လုပ္ေဆာင္သြားဖို႕ရွိေနပါတယ္။ ေနာင္ငါးႏွစ္အတြင္း ယူအက္စ္ေဒတာစင္တာေတြအတြက္ ေဒၚလာ၁၀ဘီလ်ံ သံုးသြားဖို႕စီစဥ္ထားပါတယ္။ Waukee မွာလည္း ဆုိက္အသစ္ကို ထပ္မံတည္ေဆာက္သြားမွာျဖစ္သလို North Carolina, Arizon နဲ႕ Nevada တို႕မွာလည္း ထပ္မံခ်ဲ႕ထြင္သြားဦးမွာပါ။

Unicode Version

အော်စတင်မြောက်ပိုင်းမှာ ရင်းနှီးငွေ ဒေါ်လာ၁ဘီလျံသုံးပြီးတော့ campus အသစ်တစ်ခုတည်ဆောက်မယ့်အကြောင်း Apple က ကြေညာခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၃ခုနှစ်ရောက်တဲ့အခါ ယူအက်စ်အတွက် အလုပ်အကိုင်ထောင်ပေါင်းများစွာ ပေးစေနိုင်ပါတယ်။ ရုံးတွေကိုတော့ Seattle, San Diego နဲ့ Culver City တို့မှာလည်း ဖွင့်သွားဦးမှာပါ။
သူ့ရဲ့နေရာတွေကို Pittsburgh, New York နဲ့ Colorado တို့မှာလည်း ထပ်မံချဲ့ထွင်သွားဦးမှာပါလို့ ပြောခဲ့ပါသေးတယ်။
၂၀၁၈တစ်နှစ်တည်းမှာကိုပဲ ယူအက်စအတွက် အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ ၆၀၀၀ ပေးနိုင်ခဲ့ပြီးတော့ ပြည်နယ်၅၀ရဲ့ ဝန်ထမ်းပေါင်း ၉၀၀၀၀ ကို ခန့်ထားနိုင်ခဲ့ပါတယ်။ အများစုကတော့ လက်လီအရောင်းဆိုင်မှာပါ။
အခု အော်စတင်မှာ campus အသစ်ဆောက်ဦးမယ်ဆိုတဲ့အတွက်ကြောင့် ၂၀၂၃မှာလည်း အလုပ်အကိုင် ၂၀၀၀၀ လောက်ကို ဖန်တီးပေးနိုင်ဦးမှာပါ။ ဒီနေ့မှာတော့ အော်စတင်အတွက် ဝန်ထမ်း ၆၂၀၀ ကို ခန့်ထားပြီးဖြစ်ပါတယ်။
Austin campus ကတော့ Apple ရဲ့ရှိပြီးသားနေရာနဲ့ မလှမ်းမကမ်းမှာဖြစ်မယ်လို့ တွက်ဆထားပါတယ်။ အဲဒီမှာ ဝန်ထမ်းပေါင်း ၅၀၀၀ ရှိပြီးသားဆိုတော့ အချိန်ကြာလာတဲ့အခါ ၁၅၀၀၀ အထိ တိုးပွားလာနိုင်ပါတယ်။


Campus အသစ်ကတော့ ၁၀၀ရာခိုင်နှုန်း ပြန်လည်ဖြည့်တင်းနိုင်တဲ့စွမ်းအင်တွေနဲ့ လည်ပတ်မှာပါ။ ဧက၅၀ကိုလည်း open space အဖြစ်နဲ့ ထားရှိဦးမှာပါ။ campus ထဲမှာ engineering, R&D, operating, finance, sales နဲ့ customer support တွေ ပါဝင်မှာပါ။ Apple CEO Tim Cook ကတော့ ယူအက်စ်တစ်ခွင်ရဲ့မြို့တွေမှာ အခွင့်အလမ်းအသစ်တွေ ဖော်ဆောင်ပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိတဲ့အကြောင်း အော်စတင်မြို့သားတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အကူအညီတောင်းတယ်ဆိုတဲ့အကြောင်းတွေ ရေးသားထားတာကိုလည်း တွေ့မြင်ရပါတယ်။
အော်စတင် campus အတွက် ဒီဇိုင်းတွေနဲ့ အချိန်ကာလအပိုင်းအခြားတွေလည်း ထွက်ပေါ်နေပါပြီ။ Apple Park ကတော့ ၂၀၁၁ခုနှစ်မှာ စတင်ခဲ့ပြီးတော့ ၂၀၁၅ခုနှစ်မှာမှ အပြီးသတ်နိုင်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၇ခုနှစ်နှောင်းပိုင်းမှ ဝန်ထမ်းတွေကို ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။
Seattle, San Diego နဲ့ Culver City တို့မှာလည်း ဝန်ထမ်းပေါင်း ၁၀၀၀ လောက် ခေါ်ဆောင်မယ်လို့ ပြောထားပါတယ်။ Pittsburgh, New York, Boulder, Boston, Portland နဲ့ Oregon မှာလည်း အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကို ထပ်မံဖော်ဆောင်ပေးဦးမှာပါ။
ဒေတာစင်တာတွေလည်းလိုအပ်လာတဲ့အတွက်ကြောင့် အဲဒီနေရာတွေမှာ ပြည်တွင်းရင်းနှီးမှုအမြောက်အများကိုလည်း လုပ်ဆောင်သွားဖို့ရှိနေပါတယ်။ နောင်ငါးနှစ်အတွင်း ယူအက်စ်ဒေတာစင်တာတွေအတွက် ဒေါ်လာ၁၀ဘီလျံ သုံးသွားဖို့စီစဉ်ထားပါတယ်။ Waukee မှာလည်း ဆိုက်အသစ်ကို ထပ်မံတည်ဆောက်သွားမှာဖြစ်သလို North Carolina, Arizon နဲ့ Nevada တို့မှာလည်း ထပ်မံချဲ့ထွင်သွားဦးမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.