ေခတ္တစ္ေခတ္အဆံုးသတ္ျပီလား – Cydia Store မွ ၀ယ္ယူမႈမ်ားကို ပိတ္ပင္လိုက္ျခင္း

0
2086

Zawgyi Version

Jay Freeman တစ္ေယာက္ကေတာ့ default Cydia repositories ေတြကေန ၀ယ္ယူမႈမ်ားပိတ္ပင္ဖို႕အတြက္ ခက္ခက္ခဲခဲနဲ႕ ဆံုးျဖတ္ခ်က္ခ်ခဲ့ရပါတယ္။ သံုးစြဲသူေတြရဲ႕ PayPal အေကာင့္မွတစ္ဆင့္ သံသယျဖစ္ဖြယ္၀ယ္ယူမႈေတြျဖစ္လာႏုိင္ေခ်ရွိေနတဲ့ bug တစ္ခုကို platform ေပၚမွာ Andy Wilk ကေတြ႕ရွိျပီးေနာက္မွာ ဒီဆံုးျဖတ္ခ်က္ကို ခ်မွတ္လိုက္တာျဖစ္ပါတယ္။

Cydia Installer ေတြေပၚခဲ့တာ အခ်ိန္အေတာ္ၾကာျမင့္ေနပါျပီ။ Cydia Store ၀ယ္ယူမႈေတြကလည္း ဒီေပၚေပါက္မႈရဲ႕ တစိတ္တေဒသျဖစ္လို႕ေနပါတယ္။ ဒါေၾကာင့္လည္း developer ေတြကို package ေတြနဲ႕ theme ေတြ တင္ခြင့္ရေစခဲ့ျပီးေတာ့ Cydia payment နဲ႕ ၀ယ္ယူလို႕ရႏုိင္တဲ့ ေစ်းကြက္တစ္ခုျဖစ္တည္လာေစခဲ့ပါတယ္။

အဲဒီစနစ္အတြင္းမွာပဲ AndyWilk က ယိုေပါက္တစ္ခုကို ေတြ႕ျမင္ခဲ့ပါတယ္။ ျမန္ျမန္ဆန္ဆန္ ျပင္ဆင္ႏုိင္ဖို႕အတြက္ JayFreeman ကလည္း မျပင္ႏုိင္ခင္အထိ ၀ယ္ယူမႈေတြအားလံုးကို ပိတ္ပင္ထားဖို႕ ဆံုးျဖတ္လိုက္ရတာျဖစ္ပါတယ္။

ဒါေၾကာင့္ သံုးစြဲသူေတြအေနနဲ႕ BigBoss repo လိုမ်ိဳး default repositories ေတြမွာရွိတဲ့အရာေတြကို ၀ယ္ယူလို႕ရႏုိင္မွာမဟုတ္ပါဘူး။ “trusted” third-party repos ေတြကေတာ့ ေငြေပးေခ်မႈေတြ၊ ေရာင္းခ်မႈေတြ လုပ္ေဆာင္ႏုိင္ေနဦးမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႕ေတြက Cydia ecosystem ရဲ႕ အျပင္ဘက္မွာရွိေနျပီးေတာ့ သူတို႕ရဲ႕ကိုယ္ပိုင္ေငြေပးေခ်မႈစနစ္ေတြကို အသံုးျပဳထားလို႕ပဲ ျဖစ္ပါတယ္။

Jay Freeman ရဲ႕ ေျပာၾကားခ်က္ကို ကၽြန္ေတာ္တို႕နားေထာင္ၾကည့္ရေအာင္လား။

logged in ျဖစ္မေနဘူး၊ Cydia ကို မယံုၾကည္ရတဲ့ content ေတြအတြက္ repository တစ္ခုကေန သံုးေနတာမဟုတ္ဘူးဆိုရင္ေတာ့ ဒါက ကိစၥၾကီးတစ္ခုမဟုတ္ပါဘူး။ Cydia ကို ၀င္ထားျပီးေတာ့ ေငြေပးေခ်ရမယ့္အရာတစ္ခုကို ေဒါင္းလုတ္ဆြဲခ်င္တယ္ဆိုရင္ေတာ့ ဘာမွ၀ယ္လို႕ရမွာမဟုတ္တဲ့အတြက္ ဒါက အခက္အခဲတစ္ခုျဖစ္ပါတယ္။ jailbreak မလုပ္ဘဲနဲ႕ ဘယ္လိုေတြလုပ္ႏုိင္သလဲဆိုတဲ့ေမးခြန္းကို ဦးတည္လာႏုိင္တဲ့အေနအထားပါ။ jailbreak မလုပ္ထားဘူးဆိုရင္ေတာ့ ဒီကိစၥနဲ႕ သက္ဆုိင္မွာကိုမဟုတ္ေတာ့တာပါ။

ေျပာရမယ္ဆိုရင္ေတာ့ ဒီယိုေပါက္က ေဒတာေတြေပါက္ၾကားကုန္တာမဟုတ္ပါဘူး။ PayPal အေကာင့္တစ္ခုတည္းနဲ႕သာ သက္ဆုိင္တာမ်ိဳးပါ။ Cydia ကို မသံုးဘူးဆိုရင္ေတာ့ token ေတြကိုလည္း disable လုပ္ထားစရာမလိုေတာ့ပါဘူး။ လက္ရွိ Cydia မွာ log in ၀င္ထားျပီးေတာ့ ၀ယ္ယူမႈအတြက္ၾကိဳးပမ္းေနတဲ့သူေတြအတြက္ဆိုရင္ေတာ့ သက္ဆုိင္တယ္ဆိုေပမယ့္လည္း Cydia အေကာင့္ထဲက အခ်က္အလက္ေတြအတြက္ စိတ္ပူစရာလည္းမလိုအပ္ေသးဘူးလို႕ ေျပာခ်င္ပါတယ္။

ဒီႏွစ္မကုန္ခင္မွာ Cydia Store ကို ပိတ္သိမ္းခ်င္ရတဲ့အေၾကာင္းရင္းကေတာ့ ယိုေပါက္အေၾကာင္းၾကားလိုက္ျပီးတဲ့အခ်ိန္မွာ ကၽြန္ေတာ့အတြက္ ဆံုးရွံဳးမႈေတြျဖစ္လာႏုိင္တယ္ဆိုတာ ေတြ႕ျမင္လိုက္ရတယ္။ ဒါက ကၽြန္ေတာ္အလြယ္တကူထိန္းခ်ဳပ္ႏုိင္တဲ့အေနအထားမဟုတ္ပါဘူး။ ecosystem တစ္ခုတည္ျမဲေနဖို႕အတြက္ဆိုရင္ ecosystem ကို ထိန္းသိမ္းဖို႕လိုအပ္ေနပါတယ္။ တခ်ိဳ႕လူေတြက အျမတ္အစြန္းနဲ႕၀င္ေငြေတြ ဘယ္လိုရသလဲဆိုတာကို နားလည္မႈလြဲျပီး ကၽြန္ေတာ့ကို မုန္းခ်င္မုန္းေနႏုိင္ပါတယ္။

ဒါေပမယ့္လည္း Nullpixel နဲ႕ Andy Wiik တို႕က တခုခုလုပ္မွရေတာ့မယ္လို႕ တြန္းအားေပးတဲ့အတြက္ေၾကာင့္ အခ်ိန္အခါကိုစဥ္းစားလိုက္တဲ့အခ်ိန္မွာ Cydia အတြင္းက၀ယ္ယူမႈေတြကို ပိတ္ထားဖို႕အတြက္ ဆံုးျဖတ္ခဲ့တာပါ။ Cydia မွာလည္း အက်ိဳးအေၾကာင္းသင့္တဲ့ပို႕စ္တစ္ခုကို ေနာက္တစ္ပတ္မွာ တင္သြားေပးမွာပါ။

ရွိျပီးသား package ေတြကို ေဒါင္းလုတ္ဆြဲႏုိင္ဖို႕ ရည္ရြယ္ထားပါတယ္။

စိတ္၀င္စားစရာေကာင္းတဲ့အခ်က္ကေတာ့ Freeman က အဓိကအခ်က္တစ္ခ်ိဳ႕အေၾကာင္း ရွင္းလင္းေအာင္ေဖာ္ျပထားျပီးေတာ့ ေဒတာယိုေပါက္မသြားေၾကာင္းေျပာခဲ့ပါတယ္။ ဒါကလည္း လူအမ်ားစုစိတ္ပူေနမယ့္အေၾကာင္းရင္းေတြ ျဖစ္ပါတယ္။ Cydia Store ကို ပိတ္သိမ္းရျခင္းကေတာ့ ျဖစ္လာႏုိင္တဲ့ ကုန္က်စရိတ္ေတြနဲ႕ bandwidth အခက္အခဲေတြျဖစ္လာႏုိင္လို႕ပါ။

Unicode Version

Jay Freeman တစ်ယောက်ကတော့ default Cydia repositories တွေကနေ ဝယ်ယူမှုများပိတ်ပင်ဖို့အတွက် ခက်ခက်ခဲခဲနဲ့ ဆုံးဖြတ်ချက်ချခဲ့ရပါတယ်။ သုံးစွဲသူတွေရဲ့ PayPal အကောင့်မှတစ်ဆင့် သံသယဖြစ်ဖွယ်ဝယ်ယူမှုတွေဖြစ်လာနိုင်ချေရှိနေတဲ့ bug တစ်ခုကို platform ပေါ်မှာ Andy Wilk ကတွေ့ရှိပြီးနောက်မှာ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာဖြစ်ပါတယ်။
Cydia Installer တွေပေါ်ခဲ့တာ အချိန်အတော်ကြာမြင့်နေပါပြီ။ Cydia Store ဝယ်ယူမှုတွေကလည်း ဒီပေါ်ပေါက်မှုရဲ့ တစိတ်တဒေသဖြစ်လို့နေပါတယ်။ ဒါကြောင့်လည်း developer တွေကို package တွေနဲ့ theme တွေ တင်ခွင့်ရစေခဲ့ပြီးတော့ Cydia payment နဲ့ ဝယ်ယူလို့ရနိုင်တဲ့ ဈေးကွက်တစ်ခုဖြစ်တည်လာစေခဲ့ပါတယ်။


အဲဒီစနစ်အတွင်းမှာပဲ Andy Wilk က ယိုပေါက်တစ်ခုကို တွေ့မြင်ခဲ့ပါတယ်။ မြန်မြန်ဆန်ဆန် ပြင်ဆင်နိုင်ဖို့အတွက် Jay Freeman ကလည်း မပြင်နိုင်ခင်အထိ ဝယ်ယူမှုတွေအားလုံးကို ပိတ်ပင်ထားဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။
ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ BigBoss repo လိုမျိုး default repositories တွေမှာရှိတဲ့အရာတွေကို ဝယ်ယူလို့ရနိုင်မှာမဟုတ်ပါဘူး။ “trusted” third-party repos တွေကတော့ ငွေပေးချေမှုတွေ၊ ရောင်းချမှုတွေ လုပ်ဆောင်နိုင်နေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက Cydia ecosystem ရဲ့ အပြင်ဘက်မှာရှိနေပြီးတော့ သူတို့ရဲ့ကိုယ်ပိုင်ငွေပေးချေမှုစနစ်တွေကို အသုံးပြုထားလို့ပဲ ဖြစ်ပါတယ်။
Jay Freeman ရဲ့ ပြောကြားချက်ကို ကျွန်တော်တို့နားထောင်ကြည့်ရအောင်လား။
logged in ဖြစ်မနေဘူး၊ Cydia ကို မယုံကြည်ရတဲ့ content တွေအတွက် repository တစ်ခုကနေ သုံးနေတာမဟုတ်ဘူးဆိုရင်တော့ ဒါက ကိစ္စကြီးတစ်ခုမဟုတ်ပါဘူး။ Cydia ကို ဝင်ထားပြီးတော့ ငွေပေးချေရမယ့်အရာတစ်ခုကို ဒေါင်းလုတ်ဆွဲချင်တယ်ဆိုရင်တော့ ဘာမှဝယ်လို့ရမှာမဟုတ်တဲ့အတွက် ဒါက အခက်အခဲတစ်ခုဖြစ်ပါတယ်။ jailbreak မလုပ်ဘဲနဲ့ ဘယ်လိုတွေလုပ်နိုင်သလဲဆိုတဲ့မေးခွန်းကို ဦးတည်လာနိုင်တဲ့အနေအထားပါ။ jailbreak မလုပ်ထားဘူးဆိုရင်တော့ ဒီကိစ္စနဲ့ သက်ဆိုင်မှာကိုမဟုတ်တော့တာပါ။
ပြောရမယ်ဆိုရင်တော့ ဒီယိုပေါက်က ဒေတာတွေပေါက်ကြားကုန်တာမဟုတ်ပါဘူး။ PayPal အကောင့်တစ်ခုတည်းနဲ့သာ သက်ဆိုင်တာမျိုးပါ။ Cydia ကို မသုံးဘူးဆိုရင်တော့ token တွေကိုလည်း disable လုပ်ထားစရာမလိုတော့ပါဘူး။ လက်ရှိ Cydia မှာ log in ဝင်ထားပြီးတော့ ဝယ်ယူမှုအတွက်ကြိုးပမ်းနေတဲ့သူတွေအတွက်ဆိုရင်တော့ သက်ဆိုင်တယ်ဆိုပေမယ့်လည်း Cydia အကောင့်ထဲက အချက်အလက်တွေအတွက် စိတ်ပူစရာလည်းမလိုအပ်သေးဘူးလို့ ပြောချင်ပါတယ်။
ဒီနှစ်မကုန်ခင်မှာ Cydia Store ကို ပိတ်သိမ်းချင်ရတဲ့အကြောင်းရင်းကတော့ ယိုပေါက်အကြောင်းကြားလိုက်ပြီးတဲ့အချိန်မှာ ကျွန်တော့အတွက် ဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်ဆိုတာ တွေ့မြင်လိုက်ရတယ်။ ဒါက ကျွန်တော်အလွယ်တကူထိန်းချုပ်နိုင်တဲ့အနေအထားမဟုတ်ပါဘူး။ ecosystem တစ်ခုတည်မြဲနေဖို့အတွက်ဆိုရင် ecosystem ကို ထိန်းသိမ်းဖို့လိုအပ်နေပါတယ်။ တချို့လူတွေက အမြတ်အစွန်းနဲ့ဝင်ငွေတွေ ဘယ်လိုရသလဲဆိုတာကို နားလည်မှုလွဲပြီး ကျွန်တော့ကို မုန်းချင်မုန်းနေနိုင်ပါတယ်။
ဒါပေမယ့်လည်း Nullpixel နဲ့ Andy Wiik တို့က တခုခုလုပ်မှရတော့မယ်လို့ တွန်းအားပေးတဲ့အတွက်ကြောင့် အချိန်အခါကိုစဉ်းစားလိုက်တဲ့အချိန်မှာ Cydia အတွင်းကဝယ်ယူမှုတွေကို ပိတ်ထားဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။ Cydia မှာလည်း အကျိုးအကြောင်းသင့်တဲ့ပို့စ်တစ်ခုကို နောက်တစ်ပတ်မှာ တင်သွားပေးမှာပါ။
ရှိပြီးသား package တွေကို ဒေါင်းလုတ်ဆွဲနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ Freeman က အဓိကအချက်တစ်ချို့အကြောင်း ရှင်းလင်းအောင်ဖော်ပြထားပြီးတော့ ဒေတာယိုပေါက်မသွားကြောင်းပြောခဲ့ပါတယ်။ ဒါကလည်း လူအများစုစိတ်ပူနေမယ့်အကြောင်းရင်းတွေ ဖြစ်ပါတယ်။ Cydia Store ကို ပိတ်သိမ်းရခြင်းကတော့ ဖြစ်လာနိုင်တဲ့ ကုန်ကျစရိတ်တွေနဲ့ bandwidth အခက်အခဲတွေဖြစ်လာနိုင်လို့ပါ။

Leave a Reply