Posted on Leave a comment

ယွဥ္ျပိဳင္မႈေတြမ်ားလာတဲ့အတြက္ေၾကာင့္ တရုတ္စက္ရံုတစ္ခုပိတ္သိမ္းလိုက္တဲ့ Samsung

Zawgyi Version

Samsung ဟာ တရုတ္ျပည္က သူ႕ရဲ႕ကုန္ထုတ္စက္ရံုတစ္ရံုကို ပိတ္သိမ္းေတာ့မယ့္အေၾကာင္း Reuters ဆီကေန ဖတ္လိုက္ရပါတယ္။ Tianjin စက္ရံုကေတာ့ လက္ရွိမွာ Samsung mobile ထုတ္ကုန္ေတြကို တရုတ္ေစ်းကြက္ထဲ ျဖန္႕ခ်ိေပးေနတာျဖစ္ပါတယ္။

ပိတ္သိမ္းမႈနဲ႕ပတ္သတ္ျပီးေတာ့ Samsung ေျပာခဲ့တာကေတာ့ “ထုတ္ကုန္စြမ္းရည္ကို အက်ိဳးရွိရွိျမွင့္တင္ဖို႕အတြက္လုပ္လိုက္တာဆိုေပမယ့္လည္း Samsung Electronics အေနနဲ႕ Tianjin Samsung Electronics Telecommunication ရဲ႕ လည္ပတ္မႈေတြကို ရပ္တံ့ဖို႕အတြက္ ခက္ခက္ခဲခဲ စဥ္းစားခဲ့ရပါတယ္”တဲ့။ တရုတ္ေစ်းကြက္မွာ Samsung ရဲ႕ေနရာေတြကို Huawei နဲ႕ Xiaomi တို႕က ယွဥ္ျပိဳင္ေနၾကတာလည္း သိသာေနတဲ့အေနအထားတစ္ခုပါ။

အဲဒီစက္ရံုမွာ ၀န္ထမ္းေပါင္း ၂၆၀၀ ေလာက္ရွိေနျပီးေတာ့ ဒီႏွစ္အကုန္မွာလည္ပတ္မႈအားလံုးကို ရပ္နားေတာ့မွာ ျဖစ္ပါတယ္။ အဲဒီ၀န္ထမ္းေတြကိုေတာ့ အျခားSamsung လုပ္ငန္းေတြဆီကို ေရႊ႕ေျပာင္းႏုိင္မယ့္အခြင့္အေရးလည္း ရရွိၾကမွာပါ။

Samsung အတြက္ တရုတ္ႏုိင္ငံ Huizhou မွာလည္း လည္ပတ္ေနတဲ့စက္ရံုၾကီး ရွိပါေသးတယ္။အဲဒီစက္ရံုကေတာ့ လည္ပတ္ေနဦးမွာ ျဖစ္ပါတယ္။

လက္ရွိမွာ တရုတ္ႏုိင္ငံဟာ ကမာၻစမတ္ဖုန္းေစ်းကြက္ထဲမွာ အၾကီးဆံုးတစ္ခုျဖစ္ျပီး အိႏၵိယနဲ႕ ယူအက္စ္တို႕ကို လိုက္ေနပါတယ္။ Samsung က ကမာၻ႕အၾကီးဆံုးစမတ္ဖုန္းထုတ္လုပ္သူျဖစ္ေနတယ္ဆိုေပမယ့္လည္း သူ႕ရဲ႕ေစ်းကြက္ရွယ္ယာေတြကေတာ့ တရုတ္ျပိဳင္ဘက္ေတြကို ဖဲ့ေပးေနရပါတယ္။ တကယ္လို႕ Samsung က ထိပ္ကိုျပန္ေရာက္ခ်င္တယ္ဆိုရင္ေတာ့ တရုတ္နဲ႕ အိႏၵိယအတြက္ နည္းဗ်ဴဟာကို ျမန္ျမန္ဆန္ဆန္ေလး ခ်မွတ္သင့္ေနပါျပီ။

Unicode Version

Samsung ဟာ တရုတ်ပြည်က သူ့ရဲ့ကုန်ထုတ်စက်ရုံတစ်ရုံကို ပိတ်သိမ်းတော့မယ့်အကြောင်း Reuters ဆီကနေ ဖတ်လိုက်ရပါတယ်။ Tianjin စက်ရုံကတော့ လက်ရှိမှာ Samsung mobile ထုတ်ကုန်တွေကို တရုတ်ဈေးကွက်ထဲ ဖြန့်ချိပေးနေတာဖြစ်ပါတယ်။
ပိတ်သိမ်းမှုနဲ့ပတ်သတ်ပြီးတော့ Samsung ပြောခဲ့တာကတော့ “ထုတ်ကုန်စွမ်းရည်ကို အကျိုးရှိရှိမြှင့်တင်ဖို့အတွက်လုပ်လိုက်တာဆိုပေမယ့်လည်း Samsung Electronics အနေနဲ့ Tianjin Samsung Electronics Telecommunication ရဲ့ လည်ပတ်မှုတွေကို ရပ်တံ့ဖို့အတွက် ခက်ခက်ခဲခဲ စဉ်းစားခဲ့ရပါတယ်”တဲ့။ တရုတ်ဈေးကွက်မှာ Samsung ရဲ့နေရာတွေကို Huawei နဲ့ Xiaomi တို့က ယှဉ်ပြိုင်နေကြတာလည်း သိသာနေတဲ့အနေအထားတစ်ခုပါ။
အဲဒီစက်ရုံမှာ ဝန်ထမ်းပေါင်း ၂၆၀၀ လောက်ရှိနေပြီးတော့ ဒီနှစ်အကုန်မှာလည်ပတ်မှုအားလုံးကို ရပ်နားတော့မှာ ဖြစ်ပါတယ်။ အဲဒီဝန်ထမ်းတွေကိုတော့ အခြားSamsung လုပ်ငန်းတွေဆီကို ရွှေ့ပြောင်းနိုင်မယ့်အခွင့်အရေးလည်း ရရှိကြမှာပါ။
Samsung အတွက် တရုတ်နိုင်ငံ Huizhou မှာလည်း လည်ပတ်နေတဲ့စက်ရုံကြီး ရှိပါသေးတယ်။အဲဒီစက်ရုံကတော့ လည်ပတ်နေဦးမှာ ဖြစ်ပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံဟာ ကမ္ဘာစမတ်ဖုန်းဈေးကွက်ထဲမှာ အကြီးဆုံးတစ်ခုဖြစ်ပြီး အိန္ဒိယနဲ့ ယူအက်စ်တို့ကို လိုက်နေပါတယ်။ Samsung က ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူဖြစ်နေတယ်ဆိုပေမယ့်လည်း သူ့ရဲ့ဈေးကွက်ရှယ်ယာတွေကတော့ တရုတ်ပြိုင်ဘက်တွေကို ဖဲ့ပေးနေရပါတယ်။ တကယ်လို့ Samsung က ထိပ်ကိုပြန်ရောက်ချင်တယ်ဆိုရင်တော့ တရုတ်နဲ့ အိန္ဒိယအတွက် နည်းဗျူဟာကို မြန်မြန်ဆန်ဆန်လေး ချမှတ်သင့်နေပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.