Posted on Leave a comment

View 20 ရဲ႕အေရွ႕ဘက္ ဒီဇိုင္းကို ျပသလိုက္တဲ့ Honor

Honor က မၾကာခင္မွာ ေၾကညာေတာ့မယ့္ စြမ္းေဆာင္ရည္ျမင့္ View 20 ရဲ႕ အေရွ႕ဘက္ ဒီဇိုင္းကို ျပသထားတဲ့ ဓါတ္ပံု ၃ ခုကို တရုတ္ လူမႈကြန္ယက္ ၀ီဘိုမွာ ျပသလိုက္ပါတယ္။ ကုမၸဏီမ်ားဟာ Full Screen Smartphone မ်ားကို ဖန္တီးဖို႔ အတြက္ Notch နဲ႔ Pop Up Camera မ်ားကို ဖန္တီးလာၾကပါတယ္။ အခုေတာ့ မ်က္ႏွာျပင္ေအာက္မွာ အေရွ႕ ကင္မရာကို ျမွပ္ႏွံထားတဲ့ ဒီဇိုင္းကို ဖန္တီးလာၾကပါတယ္။

အဲဒီ ဒီဇိုင္းကို အသံုးျပဳထားတဲ့ စမတ္ဖုန္း တစ္လံုးက Honor View 20 ျဖစ္ပါတယ္။ ၀ီဘိုမွ ဓါတ္ပံုမွာ မ်က္ႏွာျပင္ေအာက္ ကင္မရာကို ျမင္ရပါတယ္။ မ်က္ႏွာျပင္ရဲ႕ ပတ္လည္မွ ေဘာင္မ်ားဟာ မရွိသေလာက္ ပါးလႊာပါတယ္။ ေအာက္မွ ေဘာင္ကေတာ့ မဆိုစေလာက္ ထူပါတယ္။ ပါ၀ါနဲ႔ အသံခလုတ္မ်ားကို ညာဘက္မွာ ထည့္သြင္းထားပါတယ္။

အဲဒီ စမတ္ဖုန္းရဲ႕ အေရာင္မ်ားကိုလည္း ဓါတ္ပံု ၃ ခုမွာ အရိပ္အျမြက္ ျပသထားပါတယ္။ အညိဳ၊ အနီနဲ႔ အျပာေရာင္မ်ား ျဖစ္ပါတယ္။ အခုေနာက္ပိုင္း ေခတ္စားလာတဲ့ Gradient အေရာင္ကို ထုတ္လုပ္ေရာင္းခ်မလားဆိုတာကို မသိရေသးပါဘူး။ သူ႔ရဲ႕ သတင္းအခ်က္အလက္ အခ်ိဳ႕ကိုလည္း ကုမၸဏီက ယခင္က ေျပာခဲ့ဖူးပါတယ္။

သူ႔ရဲ႕ အဓိကစြမ္းရည္ ၃ ခုက မ်က္ႏွာျပင္ေအာက္ အေရွ႕ ကင္မရာ ၊ အေနာက္ဘက္ 48MP Sony IMX586Sensor နဲ႔ WiFi နဲ႔ 4G ဆက္သြယ္မႈကို တစ္ၿပိဳင္နက္ သံုးႏုိင္တဲ့ Link Turbo နည္းပညာမ်ားျဖစ္ၾကပါတယ္။ သူ႔ကို တရုတ္မွာ ယခုလ ၂၆ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ပါတယ္။

View 20 ရဲ့ အရှေ့ဘက် ဒီဇိုင်းကို ပြသလိုက်တဲ့ Honor

Honor က မကြာခင်မှာ ကြေညာတော့မယ့် စွမ်းဆောင်ရည်မြင့် View 20 ရဲ့ အရှေ့ဘက် ဒီဇိုင်းကို ပြသထားတဲ့ ဓါတ်ပုံ ၃ ခုကို တရုတ် လူမှုကွန်ယက် ဝီဘိုမှာ ပြသလိုက်ပါတယ်။ ကုမ္ပဏီများဟာ Full Screen Smartphone များကို ဖန်တီးဖို့ အတွက် Notch နဲ့ Pop Up Camera များကို ဖန်တီးလာကြပါတယ်။ အခုတော့ မျက်နှာပြင်အောက်မှာ အရှေ့ ကင်မရာကို မြှပ်နှံထားတဲ့ ဒီဇိုင်းကို ဖန်တီးလာကြပါတယ်။

အဲဒီ ဒီဇိုင်းကို အသုံးပြုထားတဲ့ စမတ်ဖုန်း တစ်လုံးက Honor View 20 ဖြစ်ပါတယ်။ ဝီဘိုမှ ဓါတ်ပုံမှာ မျက်နှာပြင်အောက် ကင်မရာကို မြင်ရပါတယ်။ မျက်နှာပြင်ရဲ့ ပတ်လည်မှ ဘောင်များဟာ မရှိသလောက် ပါးလွှာပါတယ်။ အောက်မှ ဘောင်ကတော့ မဆိုစလောက် ထူပါတယ်။ ပါဝါနဲ့ အသံခလုတ်များကို ညာဘက်မှာ ထည့်သွင်းထားပါတယ်။

အဲဒီ စမတ်ဖုန်းရဲ့ အရောင်များကိုလည်း ဓါတ်ပုံ ၃ ခုမှာ အရိပ်အမြွက် ပြသထားပါတယ်။ အညို၊ အနီနဲ့ အပြာရောင်များ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ခေတ်စားလာတဲ့ Gradient အရောင်ကို ထုတ်လုပ်ရောင်းချမလားဆိုတာကို မသိရသေးပါဘူး။ သူ့ရဲ့ သတင်းအချက်အလက် အချို့ကိုလည်း ကုမ္ပဏီက ယခင်က ပြောခဲ့ဖူးပါတယ်။

သူ့ရဲ့ အဓိက စွမ်းရည် ၃ ခုက မျက်နှာပြင်အောက် အရှေ့ ကင်မရာ ၊ အနောက်ဘက် 48MP Sony IMX586 Sensor နဲ့ WiFi နဲ့ 4G ဆက်သွယ်မှုကို တစ်ပြိုင်နက် သုံးနိုင်တဲ့ Link Turbo နည်းပညာများ ဖြစ်ကြပါတယ်။ သူ့ကို တရုတ်မှာ ယခုလ ၂၆ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.