Posted on Leave a comment

Influencer တွေအတွက် အထူးfeature တွေနဲ့ ‘creator’ account များကိုစမ်းသပ်နေတဲ့ Instagram

Zawgyi Version




Unicode Version

Facebook ပိုင်ဆိုင်ထားတဲ့ Instagram ဟာ သူ့ရဲ့ platform ပေါ်မှာ ပရိသတ်များတဲ့ content creator တွေအတွက် အကောင့်သစ်တစ်မျိုးကို စမ်းသပ်နေတယ်လို့ Hollywood Reporter က တင်ပြပေးထားပါတယ်။
အကောင့်အသစ်တစ်မျိုးမှာဆိုရင် follow, unfollow ဘယ်သူတွေလုပ်သလဲဆိုတာကို သိရှိနိုင်မယ့် feature မျိုး၊ follower အမျိုးအစားပေါင်းများစွာဆီကရလာတဲ့ direct message တွေကို စစ်ထုတ်နိုင်မှာမျိုးတွေ ပါဝင်မှာဖြစ်ပါတယ်။ နောက်ပြီး သူတို့နဲ့ထိတွေ့နိုင်မယ့်နည်းလမ်းတွေကိုလည်း အသစ်အဆန်းတွေအဖြစ်နဲ့ မိတ်ဆက်ပေးမှာပါ။ Instagram ဟာ content creator တွေ၊ အနုပညာရှင်တွေ၊ influencer တွေအတွက် ဆွဲဆောင်မှုရှိတဲ့ platform လေးဖြစ်လာမယ့် အလားအလာရှိနေပါတယ်။ Snapchat ကို ယှဉ်ပြိုင်တော့မှာပါ။ featuring product တွေကို ဈေးနှုန်းနဲ့အတူ ထည့်သွင်းနိုင်မယ့် business account တွေကိုလည်း ပေးစွမ်းထားပြီးသား ဖြစ်ပါတယ်။ ephemeral Stories တွေကိုလည်း လင့်ထည့်လို့ရအောင် လုပ်ပေးထားပါတယ်။
အကောင့်အသစ်အမျိုးအစားကတော့ သုံးစွဲသူတွေဆီကို မကြာခင်မှာရောက်လာတော့မှာပါ။ တကယ်လို့ Instagram မှာ သင့်ပရိသတ်တွေရှိမယ်ဆိုရင်တော့ မျက်ခြည်အပြတ်မခံချင်လောက်ပါဘူး။ အကြောင်းစုံကိုတော့ ဆက်သွယ်မေးမြန်းနေပါတယ်။ ထပ်မံတင်ဆက်ပေးသွားဦးမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါဦး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.