Knowledge Smartphone Social Trending

Google Photos ရဲ႕ Unlimited video storage ေထာက္ပံ့ေပးမႈကို အနည္းငယ္ျပင္ဆင္လုိက္တဲ့ Google

Zawgyi Version

မၾကာေသးခင္တုန္းက Google Photos ရဲ႕ unlimited free storage feature နဲ႕သက္ဆုိင္တဲ့ support page ေလးကို Google က ျပင္ဆင္ခဲ့ပါတယ္။ အခုဆိုရင္လည္း ဗြီဒီယိုဖိုင္ေတြအတြက္ unlimited storage ဆိုတဲ့ေနရာမွာ ကန္႕သတ္ခ်က္အသစ္ေတြထပ္မံထြက္ေပၚလာျပန္ပါျပီ။

အရင္တုန္းကေတာ့ Google Photos ေပၚကို စမတ္ဖုန္းကေန ဗြီဒီယိုဖိုင္ေတြတင္လိုက္မယ္ဆုိရင္ Google ကေန ခ်ံဳ႕လိုက္မွာျဖစ္ျပီးေတာ့ သင့္ရဲ႕ Google Drive ေပၚကေနရာယူမႈကို တြက္ခ်က္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ အခုလိုကန္႕သတ္ခ်က္ေတြအရ ဘယ္လိုဖိုင္အမ်ိဳးအစားေတြကိုသာ ေထာက္ပံ့ေပးသြားမယ္ဆိုျပီးေတာ့ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေၾကာင့္ အခ်ိဳ႕အမ်ိဳးအစားေတြအတြက္ကေတာ့ အက်ံဳး၀င္မွာမဟုတ္ပါဘူး။

ဒီေပၚလစီအသစ္ရဲ႕သက္ေရာက္မႈကေတာ့ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာ၆ရက္ေန႕က အသက္၀င္ခဲ့တာပါ။

ေထာက္ပံ့ေပးထားတဲ့ ဗြီဒီယိုအမ်ိဳးအစားေတြကေတာ့ .mpg, .mod, .mmv, .tod, .wmv, .asf, .avi, .divx, .mov, .m4v, .3gp, .3g2, .mp4, .m2t, .m2ts, .mts, နဲ႕ .mkv တို႕ျဖစ္ပါတယ္။

ဒါေတြကိုၾကည့္လုိက္မယ္ဆိုရင္ေတာ့ အေတာ္မ်ားမ်ားက အသံုးမ်ားတဲ့အမ်ိဳးအစားေတြျဖစ္ပါတယ္။ ဒါေပမယ့္လည္း ျခြင္းခ်က္ရွိပါတယ္။ RAW ကေတာ့ စာရင္းထဲမွာပါမလာတာကို သတိထားမိမွာပါ။ RAW ဗြီဒီယိုဖိုင္ေတြကို ဖုန္းထဲမွာလည္းသံုးေနၾကတဲ့သူ အနည္းငယ္ရွိတဲ့အတြက္ေၾကာင့္ ေနာင္တစ္ခ်ိန္မွာ RAW အမ်ိဳးအစားကလည္း အသံုးမ်ားလာႏုိင္ပါတယ္။ ဒီအမ်ိဳးအစားမပါ၀င္ဘူးဆိုတဲ့အတြက္ေၾကာင့္ အခေပးသံုးရႏုိင္ေခ်ရွိေနပါတယ္။

ဒါေၾကာင့္လည္း Google က ဒီလိုဆံုးျဖတ္ခ်က္ခ်လိုက္ျပီးေတာ့ unlimited storage ကစားပြဲကို တံု႕ျပန္လုိက္တာျဖစ္ႏုိင္ပါတယ္။ သိပ္မစဥ္းစားတတ္တဲ့သူေတြက ဗြီဒီယိုအခ်ိဳ႕ကို DVD rip အေနနဲ႕ တင္တတ္ၾကတဲ့အတြက္ေၾကာင့္ အရင္တုန္းကေတာ့ သိုေလွာင္မႈထည့္တြက္ျခင္းမရွိတာမို႕ အဆင္ေျပခဲ့ပါတယ္။ အခုအခ်ိန္မွာ အဲဒီလိုလုပ္မယ္ဆိုရင္ေတာ့ အခေပးသံုးရေတာ့မွာပါ။ ဒါကလည္း တရားမွ်တမႈတစ္ခုအေနနဲ႕ ျမင္မိပါတယ္။

ဒါကေတာ့ သီအိုရီေလာက္ပဲ ျဖစ္ပါတယ္။ update လုပ္လိုက္တဲ့အတြက္ေၾကာင့္ ရိုက္ခတ္မႈကေတာ့ ရွိေနမွာပါပဲ။

ေရွ႕ေလွ်ာက္ဒီလိုျဖစ္မယ္ဆိုရင္ေတာ့ စမတ္ဖုန္းကေန အက်ံဳး၀င္တဲ့အမ်ိဳးအစားေတြကို ရိုက္ကူးဖမ္းယူျပီးေတာ့ သိမ္းဆည္းၾကမယ္ဆိုရင္ အေတာ္ေလးကို သိမ္းဆည္းႏုိင္မွာပါ။ မဟုတ္ရင္ေတာ့ ေနရာအလိုက္ ေစ်းႏႈန္းအသီးသီးေပးျပီးေတာ့ ၀ယ္ရမွာျဖစ္ပါတယ္။

Unicode Version

မကြာသေးခင်တုန်းက Google Photos ရဲ့ unlimited free storage feature နဲ့သက်ဆိုင်တဲ့ support page လေးကို Google က ပြင်ဆင်ခဲ့ပါတယ်။ အခုဆိုရင်လည်း ဗွီဒီယိုဖိုင်တွေအတွက် unlimited storage ဆိုတဲ့နေရာမှာ ကန့်သတ်ချက်အသစ်တွေထပ်မံထွက်ပေါ်လာပြန်ပါပြီ။
အရင်တုန်းကတော့ Google Photos ပေါ်ကို စမတ်ဖုန်းကနေ ဗွီဒီယိုဖိုင်တွေတင်လိုက်မယ်ဆိုရင် Google ကနေ ချုံ့လိုက်မှာဖြစ်ပြီးတော့ သင့်ရဲ့ Google Drive ပေါ်ကနေရာယူမှုကို တွက်ချက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အခုလိုကန့်သတ်ချက်တွေအရ ဘယ်လိုဖိုင်အမျိုးအစားတွေကိုသာ ထောက်ပံ့ပေးသွားမယ်ဆိုပြီးတော့ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် အချို့အမျိုးအစားတွေအတွက်ကတော့ အကျုံးဝင်မှာမဟုတ်ပါဘူး။
ဒီပေါ်လစီအသစ်ရဲ့သက်ရောက်မှုကတော့ ၂၀၁၈ခုနှစ် ဒီဇင်ဘာ၆ရက်နေ့က အသက်ဝင်ခဲ့တာပါ။
ထောက်ပံ့ပေးထားတဲ့ ဗွီဒီယိုအမျိုးအစားတွေကတော့ .mpg, .mod, .mmv, .tod, .wmv, .asf, .avi, .divx, .mov, .m4v, .3gp, .3g2, .mp4, .m2t, .m2ts, .mts, နဲ့ .mkv တို့ဖြစ်ပါတယ်။
ဒါတွေကိုကြည့်လိုက်မယ်ဆိုရင်တော့ အတော်များများက အသုံးများတဲ့အမျိုးအစားတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခြွင်းချက်ရှိပါတယ်။ RAW ကတော့ စာရင်းထဲမှာပါမလာတာကို သတိထားမိမှာပါ။ RAW ဗွီဒီယိုဖိုင်တွေကို ဖုန်းထဲမှာလည်းသုံးနေကြတဲ့သူ အနည်းငယ်ရှိတဲ့အတွက်ကြောင့် နောင်တစ်ချိန်မှာ RAW အမျိုးအစားကလည်း အသုံးများလာနိုင်ပါတယ်။ ဒီအမျိုးအစားမပါဝင်ဘူးဆိုတဲ့အတွက်ကြောင့် အခပေးသုံးရနိုင်ချေရှိနေပါတယ်။
ဒါကြောင့်လည်း Google က ဒီလိုဆုံးဖြတ်ချက်ချလိုက်ပြီးတော့ unlimited storage ကစားပွဲကို တုံ့ပြန်လိုက်တာဖြစ်နိုင်ပါတယ်။ သိပ်မစဉ်းစားတတ်တဲ့သူတွေက ဗွီဒီယိုအချို့ကို DVD rip အနေနဲ့ တင်တတ်ကြတဲ့အတွက်ကြောင့် အရင်တုန်းကတော့ သိုလှောင်မှုထည့်တွက်ခြင်းမရှိတာမို့ အဆင်ပြေခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီလိုလုပ်မယ်ဆိုရင်တော့ အခပေးသုံးရတော့မှာပါ။ ဒါကလည်း တရားမျှတမှုတစ်ခုအနေနဲ့ မြင်မိပါတယ်။
ဒါကတော့ သီအိုရီလောက်ပဲ ဖြစ်ပါတယ်။ update လုပ်လိုက်တဲ့အတွက်ကြောင့် ရိုက်ခတ်မှုကတော့ ရှိနေမှာပါပဲ။
ရှေ့လျှောက်ဒီလိုဖြစ်မယ်ဆိုရင်တော့ စမတ်ဖုန်းကနေ အကျုံးဝင်တဲ့အမျိုးအစားတွေကို ရိုက်ကူးဖမ်းယူပြီးတော့ သိမ်းဆည်းကြမယ်ဆိုရင် အတော်လေးကို သိမ်းဆည်းနိုင်မှာပါ။ မဟုတ်ရင်တော့ နေရာအလိုက် ဈေးနှုန်းအသီးသီးပေးပြီးတော့ ဝယ်ရမှာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.