Display နည္းပညာနဲ႕အသစ္ေၾကာင့္ iPhone XS ထက္ ေပါ့ပါး၊ပါးလႊာလာႏုိင္တဲ့ ၂၀၁၉ iPhone မ်ား

0
1421

Zawgyi Version

iPhone ေတြကို ပါးလႊာေအာင္ ေပါ့ပါးေအာင္ မလုပ္ေလာက္ေတာ့ဘူးလို႕ Apple ကို ထင္ေၾကးေပးေနၾကတဲ့အခ်ိန္မွာ အဲဒီလိုမျဖစ္လာဘူးနဲ႕တူပါတယ္။ သတင္းတစ္ခုထြက္ေနတာကေတာ့ Apple ရဲ႕ ၂၀၁၉ iPhone ေတြထဲမွာ အနည္းဆံုးတစ္လံုးကေတာ့ iPhone XS ထက္ ေပါ့ပါး၊ ပါးလႊာႏုိင္တယ္လို႕ မွတ္ခ်က္ျပဳထားပါတယ္။ ဒီလိုလုပ္ဖို႕အတြက္လည္း screen နည္းပညာအသစ္ကို အသံုးျပဳရမွာပါ။

သီအိုရီအရေျပာရမယ္ဆိုရင္ေတာ့ျဖင့္ Apple ဟာ touch-integrated flexible OLED panel ေတြကိုအသံုးျပဳသြားမွာျဖစ္ျပီးေတာ့ အဲဒီနည္းပညာေၾကာင့္ ပါးလႊာတဲ့စမတ္ဖုန္းေတြကို ထုတ္လုပ္ႏုိင္ေစမွာပါ။ လက္ရွိ screen ေတြဟာ touch-sensitive layer ကို အသံုးျပဳထားတဲ့အတြက္ေၾကာင့္ display ေပၚမွာ အစိတ္အပိုင္းေတြကို ထည့္သြင္းထားရပါတယ္။ တကယ္လို႕မ်ား Apple ကသာ အဲဒီႏွစ္ပိုင္းကို ေပါင္းစပ္ႏိုင္မယ္ဆိုရင္ သီအိုရီအရေတာ့ အေတာ္ေလး ပါးလႊာ၊ေပ့ါပါးသြားမွာျဖစ္ပါတယ္။

ETNews ရဲ႕ တင္ျပခ်က္အရဆုိရင္ေတာ့ဒီနည္းပညာဟာ Apple ရဲ႕ လက္ရွိ OLED partner တစ္ေယာက္ျဖစ္တဲ့ Samsung က ကူညီေပးမွာပါ။

Samsung Display ေတြကို touch-integrated flexible organic light emitting diode (OLED) panel အျဖစ္နဲ႕ iPhone ေတြမွာ အသံုးျပဳသြားမွာပါ။ Samsung ကေတာ့ ‘Y-OCTA’ လို႕ အမည္ေပးထားပါတယ္။ Apple အေနနဲ႕ ဒါပထမဆံုးအၾကိမ္ျဖစ္ပါလိမ့္မယ္။

Apple နဲ႕ Samsung ႏွစ္ဦးစလံုးဟာ ၂၀၁၉ iPhone ေတြမွာအသံုးျပဳဖို႕အတြက္ နည္းပညာပိုင္းအရ အသင့္ျဖစ္ေနေလာက္ပါျပီ။ ဒီသတင္းအတြက္ စံုစမ္းမႈေတြျပဳလုပ္ထားတာမို႕ အေသးစိတ္ကိုလည္း ထပ္မံတင္ဆက္ေပးသြားဦးမွာပါ။

Unicode Version

iPhone တွေကို ပါးလွှာအောင် ပေါ့ပါးအောင် မလုပ်လောက်တော့ဘူးလို့ Apple ကို ထင်ကြေးပေးနေကြတဲ့အချိန်မှာ အဲဒီလိုမဖြစ်လာဘူးနဲ့တူပါတယ်။ သတင်းတစ်ခုထွက်နေတာကတော့ Apple ရဲ့ ၂၀၁၉ iPhone တွေထဲမှာ အနည်းဆုံးတစ်လုံးကတော့ iPhone XS ထက် ပေါ့ပါး၊ ပါးလွှာနိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။ ဒီလိုလုပ်ဖို့အတွက်လည်း screen နည်းပညာအသစ်ကို အသုံးပြုရမှာပါ။
သီအိုရီအရပြောရမယ်ဆိုရင်တော့ဖြင့် Apple ဟာ touch-integrated flexible OLED panel တွေကိုအသုံးပြုသွားမှာဖြစ်ပြီးတော့ အဲဒီနည်းပညာကြောင့် ပါးလွှာတဲ့စမတ်ဖုန်းတွေကို ထုတ်လုပ်နိုင်စေမှာပါ။ လက်ရှိ screen တွေဟာ touch-sensitive layer ကို အသုံးပြုထားတဲ့အတွက်ကြောင့် display ပေါ်မှာ အစိတ်အပိုင်းတွေကို ထည့်သွင်းထားရပါတယ်။ တကယ်လို့များ Apple ကသာ အဲဒီနှစ်ပိုင်းကို ပေါင်းစပ်နိုင်မယ်ဆိုရင် သီအိုရီအရတော့ အတော်လေး ပါးလွှာ၊ပေ့ါပါးသွားမှာဖြစ်ပါတယ်။
ETNews ရဲ့ တင်ပြချက်အရဆိုရင်တော့ ဒီနည်းပညာဟာ Apple ရဲ့ လက်ရှိ OLED partner တစ်ယောက်ဖြစ်တဲ့ Samsung က ကူညီပေးမှာပါ။


Samsung Display တွေကို touch-integrated flexible organic light emitting diode (OLED) panel အဖြစ်နဲ့ iPhone တွေမှာ အသုံးပြုသွားမှာပါ။ Samsung ကတော့ ‘Y-OCTA’ လို့ အမည်ပေးထားပါတယ်။ Apple အနေနဲ့ ဒါပထမဆုံးအကြိမ်ဖြစ်ပါလိမ့်မယ်။
Apple နဲ့ Samsung နှစ်ဦးစလုံးဟာ ၂၀၁၉ iPhone တွေမှာအသုံးပြုဖို့အတွက် နည်းပညာပိုင်းအရ အသင့်ဖြစ်နေလောက်ပါပြီ။ ဒီသတင်းအတွက် စုံစမ်းမှုတွေပြုလုပ်ထားတာမို့ အသေးစိတ်ကိုလည်း ထပ်မံတင်ဆက်ပေးသွားဦးမှာပါ။

Leave a Reply