
0
796




unicode

Caviar က ရွှေဖြင့် အလှဆင်ထားတဲ့ iPhone XS Max နဲ့ Apple Watch Series 4 ကို ရောင်းချ

ရုရှား ကုမ္ပဏီ Caviar က တန်ဖိုးကြီး ထုတ်ကုန်များကို စိန်၊ ရွှေများဖြင့် အလှဆင်ပြီး ပိုပြီး တန်ဖိုးကြီးအောင် ဖန်တီးလေ့ ရှိပါတယ်။ ယခင်ကလည်း မြန်မာငွေ သိန်း ၆၅၀ ဝန်းကျင် တန်ကြေးရှိတဲ့ Apple Watch Series 4 ကို ရောင်းချပေးထားပါတယ်။ 512GB iPhone XS Max ကို ကာဘွန်၊ တိုက်တေနီယမ်၊ စိန်၊ ရွှေများဖြင့် အလှဆင်ထားတဲ့ မော်ဒယ်ကိုလည်း ရောင်းချပေးခဲ့ဖူးပါတယ်။ သိန်း ၂၄၀ ကျော် တန်ကြေးရှိပါတယ်။

Caviar ရဲ့ ရွှေ Note 9 ရဲ့ ဈေးကတော့ မသေးပါဘူး။ မြန်မာငွေ သိန်း ကိုးရာ တန်ကြေးရှိပါတယ်။ ယူရို ၅၀ ၀၀၀ ( ဒေါ်လာ ၆၀ ၀၀၀ ) သတ်မှတ်ထားပါတယ်။ ဒါဟာ 128GB Model ရဲ့ ဈေးနှုန်း ဖြစ်ပြီး 512GB Model ကတော့ ဒေါ်လာ ၁၀၀၀ ပိုမိုများပြားပါတယ်။

အခုလည်း သိန်း ၃၀၀ ကျော် တန်ကြေးရှိတဲ့ iPhone XS Max နဲ့ Apple Watch Series 4 တို့ကို ရောင်းချပေးလိုက်ပါတယ်။ ဒေါ်လာအားဖြင့် ဒေါ်လာ ၂၁ ၀၅၀ ဖြစ်ပါတယ်။ သူ့ရဲ့ အမည်ဟာ iPhone XS Max “Swiss Dreams Watchphone “ ဖြစ်ပြီး သူ့မှာ ရွှေဖြင့် ပုံဖော်ထားတဲ့ ကမ္ဘာ့မြေပုံတစ်ခု ပါပါတယ်။ သူ့ရဲ့ အနောက်ဘက်မှာ ရွှေဖြင့် အလှဆင်ထားတဲ့ Apple Watch Series 4 ကို ကပ်ထားတာက ထူးခြားချက်ဖြစ်ပါတယ်။ ၂ ခုစလုံးကို ပူးတွဲပြီး ကိုင်ဆောင်ရမှာ ဖြစ်ပါတယ်။

Leave a Reply