၆.၁၈လက္မမ်က္ႏွာျပင္နဲ႕အတူ အဟိုက္ၾကီးၾကီးထည့္သြင္းထားတဲ့ Nokia 8.1 ထြက္ေပၚလာ

0
925

Zawgyi Version

HMD Global ကေတာ့ flagship စမတ္ဖုန္းအသစ္အေနနဲ႕ Nokia 8.1 ကို မိတ္ဆက္လိုက္ပါျပီ။ အဲဒီဖုန္းမွာ ၆.၁၈လက္မမ်က္ႏွာျပင္၊ သတၱဳဖရိန္အမိုက္စား၊ Zeiss optics နဲ႕ပြဲထြက္ထားတဲ့ အဆင့္ျမင့္ကင္မရာ၊ တမူထူးျခားေနတဲ့ ဆယ္လ္ဖီကင္မရာမွာ 20 MP sensor ထည့္သြင္းေပးထားျခင္းတို႕ ပါ၀င္ပါတယ္။ Nokia 8.1 ကို Nokia 8 brand နဲ႕ဘာမ်ားျခားနားေစတာလဲ။ SoC ေရြးခ်ယ္မႈနဲ႕ အျမင့္စားစမတ္ဖုန္းေတြရဲ႕ feature ေတြပဲေပ့ါ။ Nokia 8.1 ဟာ ဒီႏွစ္အေစာပိုင္းက တရုတ္ႏုိင္ငံမွာမိတ္ဆက္ခဲ့တဲ့ Nokia X7 ကို ျပန္လည္ျပင္ဆင္ထားပံုေပါက္ပါတယ္။

ဒီဇိုင္းကာလာဘာညာအေနအထား

ဒီေတာ့ဖုန္းရဲ႕သြင္ျပင္အေနအထားကိုအရင္ေျပာၾကည့္ရေအာင္။ Nokia 8 စီးရီးကေတာ့ ပရီမီယမ္ဘက္ကိုသြားထားျပီးေတာ့ ဒီဇုိင္းပိုင္းမွာလည္း ျခားနားသြားေအာင္လုပ္ေဆာင္ထားပါတယ္။

HMD ကေတာ့ Nokia 8.1 ကို၂၀၁၇ခုႏွစ္မွာထုတ္ခဲ့တဲ့ Nokia 8 နဲ႕ ျပီးခဲ့တဲ့ေဆာင္းရာသီမွာထုတ္ခဲ့တဲ့ Nokia 8Sirocco ၾကားမွာ ေနရာခ်ထားပါတယ္။ Nokia 8 Sirocco ကေတာ့ ထိပ္တန္းပိုင္းမွာ ထားထားပါတယ္။တစ္ခ်ိန္တည္းမွာပဲ Nokia 8.1 ေလးကေတာ့ Nokia 7 Plus ရဲ႕ ေနာက္လိုက္လို႕ေျပာရမွာပါ။Nokia 8 ရဲ႕ ေနာက္လုိက္လို႕ ေျပာလို႕မရပါဘူး။

Nokia 8.1 မွာ ပံုမွန္ GorillaGlass ကို အေရွ႕ပိုင္းမွာအသံုးျပဳထားျပီးေတာ့ အလူမီနီယမ္ဖရိန္ကို သံုးထားပါေသးတယ္။Nokia 8 နဲ႕ Nokia 8 Sirocco မွာတုန္းကေတာ့ aluminum unibody နဲ႕ Gorilla Glass 5 ကိုသံုးေပးထားပါတယ္။ ဖရိန္ကေတာ့ stainless steel ကို သံုးထားတာပါ။ ဖုန္းအသစ္ေလးကေတာ့ အျခားNokia 8 ဖုန္းေတြထက္ အနည္းငယ္ပိုၾကီးပါတယ္။ notch ပါ၀င္တဲ့ မ်က္ႏွာျပင္က်ယ္အမ်ိဳးအစားလည္းျဖစ္ပါတယ္။ အေရာင္ေတြအေနနဲ႕ကေတာ့ Nokia 8.1 အသစ္ေလးဟာ Blue/Silver, Steel/Copper နဲ႕Iron/Steel စသျဖင့္ ေရြးခ်ယ္၀ယ္ယူႏုိင္မွာပါ။

မ်က္ႏွာျပင္ပိုင္းကို ကၽြန္ေတာ္တို႕သြားၾကည့္ရေအာင္။ Nokia 8.1 မွာ ၆.၁၈လက္မ IPS display ကိုသံုးထားျပီး 2280×1080 resolution ၊ 2280×1080 resolution ျဖစ္ပါတယ္။ ဒါေၾကာင့္ pixel density 408 PPI အထိ ရရွိမွာပါ။ HMD ရဲ႕ေျပာၾကားခ်က္အရေတာ့ PureDisplay hardware နဲ႕ software နည္းပညာေတြကို HDR10 နဲ႕ပူးေပါင္းျပီးထည့္သြင္းထားတာမို႕ SDR content ကေန HDR အထိ ျမွင့္တင္ႏုိင္ျခင္း၊ brightness ခ်ိန္ညွိႏုိင္ျခင္း indoor, outdoor အလိုက္ contrast ခ်က္ခ်င္းေျပာင္းေပးႏုိင္ျခင္းေတြလည္း ပါ၀င္ပါတယ္။ Nokia ဟာ Nokia 7.1 စမတ္ဖုန္းနဲ႕အတူ သူ႕ရဲ႕ PureDisplay နည္းပညာကို ေအာက္တိုဘာလတုန္းက မိတ္ဆက္ေပးခဲ့တာျဖစ္ပါတယ္။ Nokia 8 Sirocco မွာသံုးခဲ့တဲ့ POLED ေလာက္ေတာ့ အဆင့္မျမင့္ဘူးဆိုေပမယ့္လည္း video media playback ကေတာ့ ေကာင္းေကာင္းၾကည့္လို႕ရပါတယ္။

အတြင္းပိုင္းကို တစ္ခ်က္ၾကည့္ရေအာင္

အတြင္းပုိင္းကိုၾကည့္မယ္ဆိုရင္ေတာ့Nokia 8.1 ဟာ Qualcomm ရဲ႕ Snapdragon 710 processor ကို LPDDR4X DRAM 4 GB နဲ႕ပူးေပါင္းဖန္တီးထားပါတယ္။eMMC 5.1 NAND flash storage ကေတာ့ 64 GB ပါ။ SoC ေရြးခ်ယ္မႈကေတာ့ အမို္က္စားပါပဲ။Snapdragon 710 ဟာ Kryo 360 core ၈ခုနဲ႕ေပါင္းစပ္ထားသလို Adreno 616 GPU ၊ X15 LTEmodem ေတြနဲ႕လည္း ထြက္ေပၚလာတာျဖစ္ပါတယ္။

ဘတ္ထရီပိုင္းမွာေတာ့ 3500-mAhသံုးထားပါတယ္။ Nokia စမတ္ဖုန္းေတြထဲမွာ ပမာဏမ်ားတဲ့ စမတ္ဖုန္းတစ္လံုးလည္း ျဖစ္ပါတယ္။18 W fast charging support နဲ႕ဆိုေတာ့ သံုးေပ်ာ္ပါတယ္။ OS ပိုင္းအရေတာ့ Android 9Pie ကိုအသံုးျပဳထားပါတယ္။ သူ႕မွာ ဘတ္ထရီသက္တမ္းကို ခ်ိန္ညွိေပးႏုိင္တဲ့ feature ေတြပါ၀င္ေနပါတယ္။ဘတ္ထရီၾကီးနဲ႕ SoC မ်ိဳးဆက္သစ္ကို သံုးထားတဲ့အတြက္ေၾကာင့္ HMD/Nokia ေလးကို တစ္ခါအားသြင္းလိုက္တာနဲ႕အသံုးခံေစမွာပါ။

General Specifications of the Nokia 8.1
Nokia 8.1
DisplaySize6.18″
Resolution2280×1080 (18.7:9)
PPI408 PPI
CoverGorilla Glass
ProcessorPixelWorks
SoCSnapdragon 710
8 × Kryo 360 @ 1.7 – 2.2 GHz
2x semi-custom Cortex-A75 cores
6x semi-custom Cortex-A55 cores
GPUAdreno 616
RAM4 GB LPDDR4X
Storage64 GB + microSD
NetworksGSM GPRS (2G), UMTS HSPA (3G), LTE (4G)
SIM SizeNano SIM
SIM OptionsDual SIM, second SIM slot is used by microSD card
Local Connectivity802.11ac Wi-Fi, BT 5.0,
3.5mm jack,
USB 2.0 Type-C
Front Camera20 MP
Rear CameraMain: 12 MP, f/1.8, 1.4µm, Dual Pixel PDAF
Depth: 13 MP, f/2.0, 0.9µm
Flash: dual-LED
Battery3,500 mAh
DimensionsHeight154.8 mm | 6.09 inches
Width75.8 mm | 2.98 inches
Thickness8 mm | 0.31 inches
Weight180 grams | 6.35 ounces
Launch OSAndroid 9.0 Pie

ကင္မရာနဲ႕ Interface

Nokia စမတ္ဖုန္းေတြရဲ႕ အဓိကေရာင္းအားတက္ေစတဲ့feature ေတြကေတာ့ ဓါတ္ပံုအရည္အေသြးပါပဲ။ X7/8.1 ေလးမွာလည္း အဆင့္ျမင့္ကင္မရာေတြနဲ႕ပူးေပါင္းျပီးေတာ့ ထြက္ေပၚလာခဲ့တာပါ။ main ကင္မရာကေတာ့ Zeiss နဲ႕ပူးေပါင္းျပီးေတာ့12MP sensor ၊ f/1.8 aperture ၊ 13MP B&W sensor ၊ dual-tone flash စတာေတြကို ဖန္တီးထားပါတယ္။selfie camera ကေတာ့ 20MP f/2.0 sensor ထည့္သြင္းထားျပီးေတာ့ “AI-enhanced” faceunlock သံုးထားပါတယ္။ Nokia 8 Sirocco နဲ႕ယွဥ္လိုက္ရင္ေတာင္ ပိုေကာင္းလာတာကို ေတြ႕ျမင္ရမွာပါ။

အျမဲတမ္းလိုလိုပါပဲ။Nokia ကင္မရာ software ေတြကေတာ့ ပိုမိုေကာင္းမြန္မႈေတြနဲ႕ exclusive feature ေတြပါ၀င္ေနက်ျဖစ္ပါတယ္။အခုလည္း Pro Camera Mode က white balance, ISO, aperture နဲ႕ shutter speed ေတြ ထိန္းခ်ဳပ္ႏုိင္ေစမွာပါ။“bothie” mode ကေတာ့ ဗြီဒီယို ဒါမွမဟုတ္ ဓါတ္ပံုရိုက္ကူးျခင္းကို အေရွ႕ကင္မရာ၊ အေနာက္ကင္မရာတို႕ကိုတစ္ျပိဳင္နက္တည္းအသံုးျပဳႏုိင္ေစမွာပါ။

Nokia 8.1 ရဲ႕ အားသာခ်က္ေတြကို ေျပာၾကည့္ရေအာင္။ 802.11ac Wi-Fi, Bluetooth 5.0 နဲ႕ GPS/AGPS+GLONASS+Beidou ေတြ ပါ၀င္မွာပါ။ USB 2.0 Type-C connector ကေတာ့ အားသြင္းျခင္းနဲ႕ ေဒတာကူးျခင္းအတြက္ အသံုးျပဳႏုိင္ပါတယ္။ 3.5-mm TRRS audio jack ၊ စပီကာ၊  မိုက္ စတာေတြလည္း ေတြ႕ျမင္ရမွာပါ။

ေစ်းႏႈန္းနဲ႕ ရရွိႏုိင္မယ့္ေဒသမ်ား

HMD ကေတာ့ December 15 – December 21 လို႕ သတ္မွတ္ျပီး ႏုိင္ငံအလိုက္ ျဖန္႕ခ်ိေပးသြားမွာပါ။ ေစ်းႏႈန္းကေတာ့ ဥေရာပမွာ €399 သတ္မွတ္ထားပါတယ္။ Nokia 8 Sirocco ကေတာ့ €550 နဲ႕ ေရာင္းခ်ခဲ့တာပါ။ ယူအက္စ္မွာဘယ္ေလာက္က်သင့္မလဲဆိုတာကေတာ့ မသိရေသးပါဘူး။

တရုတ္မွာတုန္းက Nokia X7 ကို $307 – $380 ေစ်းနဲ႕ ရခဲ့တာျဖစ္ျပီး 4GB/64GB model အတြက္ျဖစ္ပါတယ္။ ပရီမီယမ္ဗားရွင္း 6 GB RAM နဲ႕ 128 GB storage ကေတာ့ $370 – $440 ျဖစ္ပါတယ္။

Unicode Version

HMD Global ကတော့ flagship စမတ်ဖုန်းအသစ်အနေနဲ့ Nokia 8.1 ကို မိတ်ဆက်လိုက်ပါပြီ။ အဲဒီဖုန်းမှာ ၆.၁၈လက်မမျက်နှာပြင်၊ သတ္တုဖရိန်အမိုက်စား၊ Zeiss optics နဲ့ပွဲထွက်ထားတဲ့ အဆင့်မြင့်ကင်မရာ၊ တမူထူးခြားနေတဲ့ ဆယ်လ်ဖီကင်မရာမှာ 20 MP sensor ထည့်သွင်းပေးထားခြင်းတို့ ပါဝင်ပါတယ်။ Nokia 8.1 ကို Nokia 8 brand နဲ့ဘာများခြားနားစေတာလဲ။ SoC ရွေးချယ်မှုနဲ့ အမြင့်စားစမတ်ဖုန်းတွေရဲ့ feature တွေပဲပေ့ါ။ Nokia 8.1 ဟာ ဒီနှစ်အစောပိုင်းက တရုတ်နိုင်ငံမှာမိတ်ဆက်ခဲ့တဲ့ Nokia X7 ကို ပြန်လည်ပြင်ဆင်ထားပုံပေါက်ပါတယ်။
ဒီဇိုင်းကာလာဘာညာအနေအထား
ဒီတော့ဖုန်းရဲ့သွင်ပြင်အနေအထားကိုအရင်ပြောကြည့်ရအောင်။ Nokia 8 စီးရီးကတော့ ပရီမီယမ်ဘက်ကိုသွားထားပြီးတော့ ဒီဇိုင်းပိုင်းမှာလည်း ခြားနားသွားအောင်လုပ်ဆောင်ထားပါတယ်။
HMD ကတော့ Nokia 8.1 ကို ၂၀၁၇ခုနှစ်မှာထုတ်ခဲ့တဲ့ Nokia 8 နဲ့ ပြီးခဲ့တဲ့ဆောင်းရာသီမှာထုတ်ခဲ့တဲ့ Nokia 8 Sirocco ကြားမှာ နေရာချထားပါတယ်။ Nokia 8 Sirocco ကတော့ ထိပ်တန်းပိုင်းမှာ ထားထားပါတယ်။ တစ်ချိန်တည်းမှာပဲ Nokia 8.1 လေးကတော့ Nokia 7 Plus ရဲ့ နောက်လိုက်လို့ပြောရမှာပါ။ Nokia 8 ရဲ့ နောက်လိုက်လို့ ပြောလို့မရပါဘူး။


Nokia 8.1 မှာ ပုံမှန် Gorilla Glass ကို အရှေ့ပိုင်းမှာအသုံးပြုထားပြီးတော့ အလူမီနီယမ်ဖရိန်ကို သုံးထားပါသေးတယ်။ Nokia 8 နဲ့ Nokia 8 Sirocco မှာတုန်းကတော့ aluminum unibody နဲ့ Gorilla Glass 5 ကို သုံးပေးထားပါတယ်။ ဖရိန်ကတော့ stainless steel ကို သုံးထားတာပါ။ ဖုန်းအသစ်လေးကတော့ အခြား Nokia 8 ဖုန်းတွေထက် အနည်းငယ်ပိုကြီးပါတယ်။ notch ပါဝင်တဲ့ မျက်နှာပြင်ကျယ်အမျိုးအစားလည်း ဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ Nokia 8.1 အသစ်လေးဟာ Blue/Silver, Steel/Copper နဲ့ Iron/Steel စသဖြင့် ရွေးချယ်ဝယ်ယူနိုင်မှာပါ။


မျက်နှာပြင်ပိုင်းကို ကျွန်တော်တို့သွားကြည့်ရအောင်။ Nokia 8.1 မှာ ၆.၁၈လက်မ IPS display ကိုသုံးထားပြီး 2280×1080 resolution ၊ 2280×1080 resolution ဖြစ်ပါတယ်။ ဒါကြောင့် pixel density 408 PPI အထိ ရရှိမှာပါ။ HMD ရဲ့ပြောကြားချက်အရတော့ PureDisplay hardware နဲ့ software နည်းပညာတွေကို HDR10 နဲ့ပူးပေါင်းပြီးထည့်သွင်းထားတာမို့ SDR content ကနေ HDR အထိ မြှင့်တင်နိုင်ခြင်း၊ brightness ချိန်ညှိနိုင်ခြင်း indoor, outdoor အလိုက် contrast ချက်ချင်းပြောင်းပေးနိုင်ခြင်းတွေလည်း ပါဝင်ပါတယ်။ Nokia ဟာ Nokia 7.1 စမတ်ဖုန်းနဲ့အတူ သူ့ရဲ့ PureDisplay နည်းပညာကို အောက်တိုဘာလတုန်းက မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ Nokia 8 Sirocco မှာသုံးခဲ့တဲ့ POLED လောက်တော့ အဆင့်မမြင့်ဘူးဆိုပေမယ့်လည်း video media playback ကတော့ ကောင်းကောင်းကြည့်လို့ရပါတယ်။
အတွင်းပိုင်းကို တစ်ချက်ကြည့်ရအောင်
အတွင်းပိုင်းကိုကြည့်မယ်ဆိုရင်တော့ Nokia 8.1 ဟာ Qualcomm ရဲ့ Snapdragon 710 processor ကို LPDDR4X DRAM 4 GB နဲ့ပူးပေါင်းဖန်တီးထားပါတယ်။ eMMC 5.1 NAND flash storage ကတော့ 64 GB ပါ။ SoC ရွေးချယ်မှုကတော့ အမိုက်စားပါပဲ။ Snapdragon 710 ဟာ Kryo 360 core ၈ခုနဲ့ပေါင်းစပ်ထားသလို Adreno 616 GPU ၊ X15 LTE modem တွေနဲ့လည်း ထွက်ပေါ်လာတာဖြစ်ပါတယ်။


ဘတ်ထရီပိုင်းမှာတော့ 3500-mAh သုံးထားပါတယ်။ Nokia စမတ်ဖုန်းတွေထဲမှာ ပမာဏများတဲ့ စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ 18 W fast charging support နဲ့ဆိုတော့ သုံးပျော်ပါတယ်။ OS ပိုင်းအရတော့ Android 9 Pie ကိုအသုံးပြုထားပါတယ်။ သူ့မှာ ဘတ်ထရီသက်တမ်းကို ချိန်ညှိပေးနိုင်တဲ့ feature တွေပါဝင်နေပါတယ်။ ဘတ်ထရီကြီးနဲ့ SoC မျိုးဆက်သစ်ကို သုံးထားတဲ့အတွက်ကြောင့် HMD/Nokia လေးကို တစ်ခါအားသွင်းလိုက်တာနဲ့ အသုံးခံစေမှာပါ။

General Specifications of the Nokia 8.1
Nokia 8.1
DisplaySize6.18″
Resolution2280×1080 (18.7:9)
PPI408 PPI
CoverGorilla Glass
ProcessorPixelWorks
SoCSnapdragon 710
8 × Kryo 360 @ 1.7 – 2.2 GHz
2x semi-custom Cortex-A75 cores
6x semi-custom Cortex-A55 cores
GPUAdreno 616
RAM4 GB LPDDR4X
Storage64 GB + microSD
NetworksGSM GPRS (2G), UMTS HSPA (3G), LTE (4G)
SIM SizeNano SIM
SIM OptionsDual SIM, second SIM slot is used by microSD card
Local Connectivity802.11ac Wi-Fi, BT 5.0,
3.5mm jack,
USB 2.0 Type-C
Front Camera20 MP
Rear CameraMain: 12 MP, f/1.8, 1.4µm, Dual Pixel PDAF
Depth: 13 MP, f/2.0, 0.9µm
Flash: dual-LED
Battery3,500 mAh
DimensionsHeight154.8 mm | 6.09 inches
Width75.8 mm | 2.98 inches
Thickness8 mm | 0.31 inches
Weight180 grams | 6.35 ounces
Launch OSAndroid 9.0 Pie


ကင်မရာနဲ့ Interface
Nokia စမတ်ဖုန်းတွေရဲ့ အဓိကရောင်းအားတက်စေတဲ့ feature တွေကတော့ ဓါတ်ပုံအရည်အသွေးပါပဲ။ X7/8.1 လေးမှာလည်း အဆင့်မြင့်ကင်မရာတွေနဲ့ ပူးပေါင်းပြီးတော့ ထွက်ပေါ်လာခဲ့တာပါ။ main ကင်မရာကတော့ Zeiss နဲ့ပူးပေါင်းပြီးတော့ 12MP sensor ၊ f/1.8 aperture ၊ 13MP B&W sensor ၊ dual-tone flash စတာတွေကို ဖန်တီးထားပါတယ်။ selfie camera ကတော့ 20MP f/2.0 sensor ထည့်သွင်းထားပြီးတော့ “AI-enhanced” face unlock သုံးထားပါတယ်။ Nokia 8 Sirocco နဲ့ယှဉ်လိုက်ရင်တောင် ပိုကောင်းလာတာကို တွေ့မြင်ရမှာပါ။


အမြဲတမ်းလိုလိုပါပဲ။ Nokia ကင်မရာ software တွေကတော့ ပိုမိုကောင်းမွန်မှုတွေနဲ့ exclusive feature တွေပါဝင်နေကျဖြစ်ပါတယ်။ အခုလည်း Pro Camera Mode က white balance, ISO, aperture နဲ့ shutter speed တွေ ထိန်းချုပ်နိုင်စေမှာပါ။ “bothie” mode ကတော့ ဗွီဒီယို ဒါမှမဟုတ် ဓါတ်ပုံရိုက်ကူးခြင်းကို အရှေ့ကင်မရာ၊ အနောက်ကင်မရာတို့ကို တစ်ပြိုင်နက်တည်းအသုံးပြုနိုင်စေမှာပါ။


Nokia 8.1 ရဲ့ အားသာချက်တွေကို ပြောကြည့်ရအောင်။ 802.11ac Wi-Fi, Bluetooth 5.0 နဲ့ GPS/AGPS+GLONASS+Beidou တွေ ပါဝင်မှာပါ။ USB 2.0 Type-C connector ကတော့ အားသွင်းခြင်းနဲ့ ဒေတာကူးခြင်းအတွက် အသုံးပြုနိုင်ပါတယ်။ 3.5-mm TRRS audio jack ၊ စပီကာ၊ မိုက် စတာတွေလည်း တွေ့မြင်ရမှာပါ။
ဈေးနှုန်းနဲ့ ရရှိနိုင်မယ့်ဒေသများ
HMD ကတော့ December 15 – December 21 လို့ သတ်မှတ်ပြီး နိုင်ငံအလိုက် ဖြန့်ချိပေးသွားမှာပါ။ ဈေးနှုန်းကတော့ ဥရောပမှာ €399 သတ်မှတ်ထားပါတယ်။ Nokia 8 Sirocco ကတော့ €550 နဲ့ ရောင်းချခဲ့တာပါ။ ယူအက်စ်မှာဘယ်လောက်ကျသင့်မလဲဆိုတာကတော့ မသိရသေးပါဘူး။
တရုတ်မှာတုန်းက Nokia X7 ကို $307 – $380 ဈေးနဲ့ ရခဲ့တာဖြစ်ပြီး 4GB/64GB model အတွက်ဖြစ်ပါတယ်။ ပရီမီယမ်ဗားရှင်း 6 GB RAM နဲ့ 128 GB storage ကတော့ $370 – $440 ဖြစ်ပါတယ်။

ace
Nokia စမတ်ဖုန်းတွေရဲ့ အဓိကရောင်းအားတက်စေတဲ့ feature တွေကတော့ ဓါတ်ပုံအရည်အသွေးပါပဲ။ X7/8.1 လေးမှာလည်း အဆင့်မြင့်ကင်မရာတွေနဲ့ ပူးပေါင်းပြီးတော့ ထွက်ပေါ်လာခဲ့တာပါ။ main ကင်မရာကတော့ Zeiss နဲ့ပူးပေါင်းပြီးတော့ 12MP sensor ၊ f/1.8 aperture ၊ 13MP B&W sensor ၊ dual-tone flash စတာတွေကို ဖန်တီးထားပါတယ်။ selfie camera ကတော့ 20MP f/2.0 sensor ထည့်သွင်းထားပြီးတော့ “AI-enhanced” face unlock သုံးထားပါတယ်။ Nokia 8 Sirocco နဲ့ယှဉ်လိုက်ရင်တောင် ပိုကောင်းလာတာကို တွေ့မြင်ရမှာပါ။
အမြဲတမ်းလိုလိုပါပဲ။ Nokia ကင်မရာ software တွေကတော့ ပိုမိုကောင်းမွန်မှုတွေနဲ့ exclusive feature တွေပါဝင်နေကျဖြစ်ပါတယ်။ အခုလည်း Pro Camera Mode က white balance, ISO, aperture နဲ့ shutter speed တွေ ထိန်းချုပ်နိုင်စေမှာပါ။ “bothie” mode ကတော့ ဗွီဒီယို ဒါမှမဟုတ် ဓါတ်ပုံရိုက်ကူးခြင်းကို အရှေ့ကင်မရာ၊ အနောက်ကင်မရာတို့ကို တစ်ပြိုင်နက်တည်းအသုံးပြုနိုင်စေမှာပါ။
Nokia 8.1 ရဲ့ အားသာချက်တွေကို ပြောကြည့်ရအောင်။ 802.11ac Wi-Fi, Bluetooth 5.0 နဲ့ GPS/AGPS+GLONASS+Beidou တွေ ပါဝင်မှာပါ။ USB 2.0 Type-C connector ကတော့ အားသွင်းခြင်းနဲ့ ဒေတာကူးခြင်းအတွက် အသုံးပြုနိုင်ပါတယ်။ 3.5-mm TRRS audio jack ၊ စပီကာ၊ မိုက် စတာတွေလည်း တွေ့မြင်ရမှာပါ။
ဈေးနှုန်းနဲ့ ရရှိနိုင်မယ့်ဒေသများ
HMD ကတော့ December 15 – December 21 လို့ သတ်မှတ်ပြီး နိုင်ငံအလိုက် ဖြန့်ချိပေးသွားမှာပါ။ ဈေးနှုန်းကတော့ ဥရောပမှာ €399 သတ်မှတ်ထားပါတယ်။ Nokia 8 Sirocco ကတော့ €550 နဲ့ ရောင်းချခဲ့တာပါ။ ယူအက်စ်မှာဘယ်လောက်ကျသင့်မလဲဆိုတာကတော့ မသိရသေးပါဘူး။
တရုတ်မှာတုန်းက Nokia X7 ကို $307 – $380 ဈေးနဲ့ ရခဲ့တာဖြစ်ပြီး 4GB/64GB model အတွက်ဖြစ်ပါတယ်။ ပရီမီယမ်ဗားရှင်း 6 GB RAM နဲ့ 128 GB storage ကတော့ $370 – $440 ဖြစ်ပါတယ်။

Leave a Reply