Social Trending

ေနာက္ေယာင္ခံလိုက္လာသူေတြကို ေျခရာခံဖို႕ facial recognition နည္းပညာကို ေတလာဆြစ္အသံုးခ်

Zawgyi Version

ဆြစ္ကေတာ့ သင္လမ္းေလွ်ာက္လာကတည္းက scan လုပ္ေနခဲ့ပါတယ္။

ေတလာရဲ႕ ေဖ်ာ္ေျဖမႈတစ္ခုကို ကယ္လ္ဖိုးနီးယားရဲ႕ Rose Bowl မွာ က်င္းပခဲ့ပါတယ္။ အဲဒီပြဲကို  facial recognition နည္းပညာနဲ႕ ေစာင့္ၾကည့္ေနခဲ့တာပါ။ အဲဒီစနစ္ရဲ႕ပစ္မွတ္က ဘယ္သူေတြမ်ားျဖစ္မလဲ။ ေနာက္ေယာင္ခံသူေပါင္း ရာနဲ႕ခ်ီကိုပါပဲ။

သူ႕ရဲ႕ facial recognition ကို အစမ္းက်င့္ေနတဲ့အခ်ိန္ေတြကို ျပသေပးထားတဲ့ kiosk မွာ ထည့္သြင္းတည္ေဆာက္ထားတာျဖစ္ပါတယ္။ ၾကည့္ရွဳေနတဲ့သူေတြကို တိတ္တဆိတ္မွတ္တမ္းတင္ထားတဲ့ပံုစံပါပဲ။ ေဖ်ာ္ေျဖမႈရဲ႕လံုျခံဳေရးကၽြမ္းက်င္သူေတြနဲ႕စကားေျပာၾကည့္ေတာ့ kiosk ကိုၾကည့္လိုက္တာနဲ႕ ခ်က္ခ်င္း scan ဖတ္လိုက္ျပီးသားဆိုတာ သိလိုက္ရပါတယ္။ အဲဒီေနာက္မွာေတာ့ သူမသိထားတဲ့ ေနာက္ေယာင္ခံသူေတြကို သိမ္းဆည္းထားတဲ့ database ထဲက ဓါတ္ပံုေတြနဲ႕ တုိက္စစ္ဖို႕အတြက္ အခ်က္အလက္ေတြကို ပို႕ေဆာင္ပါတယ္။

ယူအက္စ္အႏုပညာရွင္ေတြကေတာ့ အခုလိုနည္းပညာကို ေဖ်ာ္ေျဖပြဲေတြမွာ အသံုးျပဳေနတယ္ဆိုတဲ့အေၾကာင္း ခ်ျပေလ့မရွိခဲ့ပါဘူး။ ဒါေပမယ့္လည္း အႏုပညာရွင္ဘက္က တရား၀င္လုပ္ခြင့္ရွိပါတယ္။ ဒါက သီးသန္႕ပြဲတစ္ခုျဖစ္တဲ့အတြက္ေၾကာင့္ ပြဲစီစဥ္သူေတြအေနနဲ႕ လာတဲ့သူေတြကို ေစာင့္ၾကည့္ႏုိုင္ပါတယ္။ လံုျခံဳေရးတင္းက်ပ္တဲ့အတြက္ေၾကာင့္ မၾကိဳက္တဲ့သူေတြရွိႏုိင္ေပမယ့္လည္း ဒါက ဒီနည္းပညာအသံုးခ်မႈအတြက္ ပထမဆံုးအၾကိမ္မဟုတ္ဘူးလို႕လည္း ေျပာထားပါတယ္။

ျပီးခဲ့တဲ့ဧျပီလမွာတုန္းက တရုတ္ရဲေတြက Nanchang International Sports Center မွာက်င္းပေနတဲ့ ေဖ်ာ္ေျဖပြဲတစ္ခုမွာ တက္ေရာက္သူ ၆၀ ၀၀၀ ထဲက အသက္၃၁ႏွစ္အရြယ္ သံသယရွိသူတစ္ဦးကို ဖမ္းဆီးခဲ့ပါတယ္။ ဒါကေတာ့ တရုတ္ရဲ႕ “Xue Liang,” or “Sharp Eyes,” စနစ္နဲ႕ ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

ယူအက္စ္မွာလည္း facial recognition နည္းပညာကိုအသံုးခ်ျပီးေတာ့ လူထူထပ္တဲ့ေနရာေတြမွာ ေစာင့္ၾကည့္ေနတာပါ။ ေနာက္ပိုင္း ရုပ္ရွင္သြားၾကည့္ေနရင္းနဲ႕ေတာင္ ကၽြန္ေတာ္တုိ႕ကို ေစာင့္ၾကည့္ေနမလား မသိဘူးေနာ္။

Unicode Version

ဆွစ်ကတော့ သင်လမ်းလျှောက်လာကတည်းက scan လုပ်နေခဲ့ပါတယ်။
တေလာရဲ့ ဖျော်ဖြေမှုတစ်ခုကို ကယ်လ်ဖိုးနီးယားရဲ့ Rose Bowl မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို facial recognition နည်းပညာနဲ့ စောင့်ကြည့်နေခဲ့တာပါ။ အဲဒီစနစ်ရဲ့ပစ်မှတ်က ဘယ်သူတွေများဖြစ်မလဲ။ နောက်ယောင်ခံသူပေါင်း ရာနဲ့ချီကိုပါပဲ။
သူ့ရဲ့ facial recognition ကို အစမ်းကျင့်နေတဲ့အချိန်တွေကို ပြသပေးထားတဲ့ kiosk မှာ ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။ ကြည့်ရှုနေတဲ့သူတွေကို တိတ်တဆိတ်မှတ်တမ်းတင်ထားတဲ့ပုံစံပါပဲ။ ဖျော်ဖြေမှုရဲ့လုံခြုံရေးကျွမ်းကျင်သူတွေနဲ့စကားပြောကြည့်တော့ kiosk ကိုကြည့်လိုက်တာနဲ့ ချက်ချင်း scan ဖတ်လိုက်ပြီးသားဆိုတာ သိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူမသိထားတဲ့ နောက်ယောင်ခံသူတွေကို သိမ်းဆည်းထားတဲ့ database ထဲက ဓါတ်ပုံတွေနဲ့ တိုက်စစ်ဖို့အတွက် အချက်အလက်တွေကို ပို့ဆောင်ပါတယ်။
ယူအက်စ်အနုပညာရှင်တွေကတော့ အခုလိုနည်းပညာကို ဖျော်ဖြေပွဲတွေမှာ အသုံးပြုနေတယ်ဆိုတဲ့အကြောင်း ချပြလေ့မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း အနုပညာရှင်ဘက်က တရားဝင်လုပ်ခွင့်ရှိပါတယ်။ ဒါက သီးသန့်ပွဲတစ်ခုဖြစ်တဲ့အတွက်ကြောင့် ပွဲစီစဉ်သူတွေအနေနဲ့ လာတဲ့သူတွေကို စောင့်ကြည့်နိုင်ပါတယ်။ လုံခြုံရေးတင်းကျပ်တဲ့အတွက်ကြောင့် မကြိုက်တဲ့သူတွေရှိနိုင်ပေမယ့်လည်း ဒါက ဒီနည်းပညာအသုံးချမှုအတွက် ပထမဆုံးအကြိမ်မဟုတ်ဘူးလို့လည်း ပြောထားပါတယ်။
ပြီးခဲ့တဲ့ဧပြီလမှာတုန်းက တရုတ်ရဲတွေက Nanchang International Sports Center မှာကျင်းပနေတဲ့ ဖျော်ဖြေပွဲတစ်ခုမှာ တက်ရောက်သူ ၆၀ ၀၀၀ ထဲက အသက်၃၁နှစ်အရွယ် သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒါကတော့ တရုတ်ရဲ့ “Xue Liang,” or “Sharp Eyes,” စနစ်နဲ့ စောင့်ကြည့်နေတာဖြစ်ပါတယ်။
ယူအက်စ်မှာလည်း facial recognition နည်းပညာကိုအသုံးချပြီးတော့ လူထူထပ်တဲ့နေရာတွေမှာ စောင့်ကြည့်နေတာပါ။ နောက်ပိုင်း ရုပ်ရှင်သွားကြည့်နေရင်းနဲ့တောင် ကျွန်တော်တို့ကို စောင့်ကြည့်နေမလား မသိဘူးနော်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.