Display ၂ခု ပါတဲ့ Vivo NEX Dual Display Edition ကို ေၾကညာၿပီ

0
1487

SlidingSelfie Camera ပါတဲ့ ပထမဆံုး စမတ္ဖုန္းဟာ Vivo Nex ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္မွာOppo Find X ထြက္လာခဲ့ပါတယ္။ ZTE ကေတာ့ Sliding Selfie Camera ကို မသံုးဘဲ အရည္အေသြးျမင့္မားတဲ့Selfie မ်ားကို ရိုက္ကူးႏိုင္တဲ့ မ်က္ႏွာျပင္ ၂ ခု ပါတဲ့ Nubia X ကို ဖန္တီးခဲ့ပါတယ္။အဲဒီဖုန္းမွာ ဆဲလ္ဖီး ကင္မရာ မပါဘဲ အေနာက္ ကင္မရာမ်ားသာ ပါပါတယ္။ အေနာက္ဘက္မွ မ်က္ႏွာျပင္နဲ႔အေနာက္ကင္မရာမ်ားကို သံုးၿပီး ဆဲလ္ဖီး ရိုက္ရမွာပါ။

Vivo ကလည္းအဲဒီ အိုင္ဒီယာကို သေဘာက်တဲ့ ပံုေပၚပါတယ္။ အခုေတာ့ မ်က္ႏွာျပင္ ၂ ခု ပါတဲ့ VivoNEX Dual Display Edition ကို ေၾကညာလိုက္ပါၿပီ။ သူ႔မွာ အေရွ႕ ကင္မရာမ်ား မပါဘဲ အေနာက္ကင္မရာမ်ားသာ ပါပါတယ္။ အေနာက္ ကင္မရာမ်ားကေန ဆဲလ္ဖီးမ်ား ရိုက္ကူးရမွာ ျဖစ္ပါတယ္။ အေနာက္ကင္မရာမ်ားကေနပဲFace Unlock ကုို  အသံုးျပဳရမွာပါ။ FaceUnlock မသံုးခ်င္ရင္ အေရွ႕ မ်က္ႏွာျပင္ေအာက္မွာ ျမွပ္ႏွံထားတဲ့ လက္ေဗြရာ ကိရိယာကိုအသံုးျပဳႏုိင္ပါတယ္။

သူ႔ရဲ႕ အေရွ႕ဘက္မွာ ၆.၃၉ လက္မ 1080x2340p Super AMOLED Display ထည့္သြင္းထားပါတယ္။ Screen-to-body Ratio ဟာ ၉၁.၆၃ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။ 19.5:9 အခ်ိဳးကို သံုးထားပါတယ္။ အေနာက္ဘက္မွ မ်က္ႏွာျပင္ဟာ Super AMOLED ျဖစ္ၿပီး ၅.၄၉ လက္မ ျဖစ္ပါတယ္။ 1080x1920p Resolution ျဖစ္ၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 16:9 ျဖစ္ပါတယ္။

သူ႔မွာ 10GB RAM , 128GB Storage မ်ား ပါပါတယ္။ Qualcomm Snapdragon 845 Chipset ေမာင္းႏွင္ထားပါတယ္။ အေနာက္ဘက္မွာ 12MP Main Camera နဲ႔အတူ 2MP Depth Sensing Camera ပါပါတယ္။ တတိယ တစ္လံုးက အကြာအေ၀းကို တိုင္းတာျခင္းနဲ႔ Face Unlock ကို ပိုမိုလွ်င္ျမန္ေစဖို႔ အတြက္ Time of Flight (ToF) ကို ထည့္သြင္းထားပါတယ္။ Main Camera မွာ OIS ပါပါတယ္။

AI SceneRecognition နဲ႔ Body & Face Shaping တုိ႔ အပါအ၀င္ ကင္မရာ လုပ္ေဆာင္ခ်က္မ်ားစြာပါပါတယ္။ လွ်င္ျမန္စြာ အားသြင္းစနစ္ပါတဲ့ 3500mAh Battery ထည့္သြင္းထားပါတယ္။ Android9.0 Pie အေျချပဳ Funtouch OS 4.5 ပါပါတယ္။ တရုတ္မွာ ယြမ္ ၄၉၉၈ ( ၇၂၀ ေဒၚလာ) ျဖင့္ ယခုလ၂၉ ရက္ေန႔မွာ ေရာင္းခ်မွာပါ။

unicode

Display ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ

Sliding Selfie Camera ပါတဲ့ ပထမဆုံး စမတ်ဖုန်းဟာ Vivo Nex ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ Oppo Find X ထွက်လာခဲ့ပါတယ်။ ZTE ကတော့ Sliding Selfie Camera ကို မသုံးဘဲ အရည်အသွေးမြင့်မားတဲ့ Selfie များကို ရိုက်ကူးနိုင်တဲ့ မျက်နှာပြင် ၂ ခု ပါတဲ့ Nubia X ကို ဖန်တီးခဲ့ပါတယ်။ အဲဒီဖုန်းမှာ ဆဲလ်ဖီး ကင်မရာ မပါဘဲ အနောက် ကင်မရာများသာ ပါပါတယ်။ အနောက်ဘက်မှ မျက်နှာပြင်နဲ့ အနောက်ကင်မရာများကို သုံးပြီး ဆဲလ်ဖီး ရိုက်ရမှာပါ။

Vivo ကလည်း အဲဒီ အိုင်ဒီယာကို သဘောကျတဲ့ ပုံပေါ်ပါတယ်။ အခုတော့ မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာလိုက်ပါပြီ။ သူ့မှာ အရှေ့ ကင်မရာများ မပါဘဲ အနောက် ကင်မရာများသာ ပါပါတယ်။ အနောက် ကင်မရာများကနေ ဆဲလ်ဖီးများ ရိုက်ကူးရမှာ ဖြစ်ပါတယ်။ အနောက်ကင်မရာများကနေပဲ Face Unlock ကို အသုံးပြုရမှာပါ။ Face Unlock မသုံးချင်ရင် အရှေ့ မျက်နှာပြင်အောက်မှာ မြှပ်နှံထားတဲ့ လက်ဗွေရာ ကိရိယာကို အသုံးပြုနိုင်ပါတယ်။

သူ့ရဲ့ အရှေ့ဘက်မှာ ၆.၃၉ လက်မ 1080x2340p Super AMOLED Display ထည့်သွင်းထားပါတယ်။ Screen-to-body Ratio ဟာ ၉၁.၆၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ 19.5:9 အချိုးကို သုံးထားပါတယ်။ အနောက်ဘက်မှ မျက်နှာပြင်ဟာ Super AMOLED ဖြစ်ပြီး ၅.၄၉ လက်မ ဖြစ်ပါတယ်။ 1080x1920p Resolution ဖြစ်ပြီး မျက်နှာပြင် အချိုးမှာ 16:9 ဖြစ်ပါတယ်။

သူ့မှာ 10GB RAM , 128GB Storage များ ပါပါတယ်။ Qualcomm Snapdragon 845 Chipset မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 12MP Main Camera နဲ့အတူ 2MP Depth Sensing Camera ပါပါတယ်။ တတိယ တစ်လုံးက အကွာအဝေးကို တိုင်းတာခြင်းနဲ့ Face Unlock ကို ပိုမိုလျှင်မြန်စေဖို့ အတွက် Time of Flight (ToF) ကို ထည့်သွင်းထားပါတယ်။ Main Camera မှာ OIS ပါပါတယ်။

AI Scene Recognition နဲ့ Body & Face Shaping တို့ အပါအဝင် ကင်မရာ လုပ်ဆောင်ချက်များစွာ ပါပါတယ်။ လျှင်မြန်စွာ အားသွင်းစနစ်ပါတဲ့ 3500mAh Battery ထည့်သွင်းထားပါတယ်။ Android 9.0 Pie အခြေပြု Funtouch OS 4.5 ပါပါတယ်။ တရုတ်မှာ ယွမ် ၄၉၉၈ ( ၇၂၀ ဒေါ်လာ) ဖြင့် ယခုလ ၂၉ ရက်နေ့မှာ ရောင်းချမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.