Xiaomi က 48MP Camera ပါတဲ့ ဖုန္းကို ဖန္တီးေန

0
672

ေရွာင္မီက 48MP Rear Camera ပါတဲ့ ဖုန္းကို လာမယ့္ႏွစ္မွာ မိတ္ဆက္ျခင္းျဖင့္ စံခ်ိန္သစ္တင္ႏုိင္ေအာင္ ႀကိဳးစားေနပါတယ္။ ေရွာင္မီရဲ႕ ပူးတြဲ တည္ေထာင္သူ လင္ဘင္က အဲဒီ ဖုန္းရဲ႕ 48MP Camera ကို ရိုက္ထားတဲ့ ပံုကို  ၀ီဘိုမွာ မွ်ေ၀ထားပါတယ္။

ေရွာင္မီသာ အဲဒီဖုန္းကိုသာ အေစာဆံုး ေရာင္းခ်ႏုိင္မယ္ဆိုရင္ Megapixel ပမာဏ အမ်ားဆံုး ပါတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္လာမွာပါ။ လက္ရွိစံခ်ိန္ကို တင္ထားတာက 41MP ပါတဲ့ Nokia 1020 ျဖစ္ၿပီး ၂၀၁၃ ခုႏွစ္မွာ ေၾကညာထားတာပါ။ သူဟာ အဲဒီ သရဖူကို ႏွစ္မ်ားစြာၾကာ ထိန္းသိမ္းထားတာပါ။ Huawei Mate 20 Pro နဲ႔ P20 Pro မ်ားမွာ 40MP Camera မ်ား ထည့္သြင္းထားပါတယ္။ ဒါေပမယ့္ သူတို႔ဟာ ႏိုကီယာရဲ႕ စံခ်ိန္ကို မခ်ိဳးႏုိင္ေသးပါဘူး။ အခုေတာ့ ေရွာင္မီက ႏိုကီယာရဲ႕ စံခ်ိန္ကို ခ်ိဳးေတာ့မွာ ျဖစ္ပါတယ္။

ယခင္က အဲဒီ စမတ္ဖုန္းဟာ Mi 9 ျဖစ္တယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ အခုေတာ့ သူဟာ Redmi Series ျဖစ္ႏုိင္တယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီအတြက္ ေစ်းသက္သာမွာ ျဖစ္ပါတယ္။ အေနာက္ဘက္မွာ 48MP Camera အျပင္ အျခား ကင္မရာ ၂ လံုး ထည့္သြင္းထားမွာပါ။ ျမင္ကြင္းက်ယ္ ကင္မရာတစ္လံုး ပါလာမွာပါ။ Qualcomm Snapdragon 675 Chipset ထည့္သြင္းထားႏုိင္ပါတယ္။

ဒါ့အျပင္ သူဟာမ်က္ႏွာျပင္ေအာက္မွာ အေရွ႕ ကင္မရာ ျမွပ္ႏွံထားတဲ့ ေရွာင္မီရဲ႕ ပထမဆံုး ဖုန္း ျဖစ္လာမွာပါ။ကင္မရာ အေပါက္ကို မ်က္ႏွာျပင္ရဲ႕ အထက္ ဘယ္ဘက္မွာ ထည့္သြင္းထားတာပါ။ သူဟာ အေနာက္ဘက္ကိုဖန္ျဖင့္ ဖံုးအုပ္ထားတဲ့ ပထမဆံုး Redmi Phone ျဖစ္လာမွာပါ။ လာမယ့္လမွာ သူ႔ကို တရား၀င္ေၾကညာမွာပါ။ သူ႔ရဲ႕ တန္ေၾကးဟာ ယြမ္ ၂၀၀၀ ( ၂၅၄ ယူရို)  ေလာက္ ရွိႏုိင္ပါတယ္။

unicode

Xiaomi က 48MP Camera ပါတဲ့ ဖုန်းကို ဖန်တီးနေ

ရှောင်မီက 48MP Rear Camera ပါတဲ့ ဖုန်းကို လာမယ့်နှစ်မှာ မိတ်ဆက်ခြင်းဖြင့် စံချိန်သစ်တင်နိုင်အောင် ကြိုးစားနေပါတယ်။ ရှောင်မီရဲ့ ပူးတွဲ တည်ထောင်သူ လင်ဘင်က အဲဒီ ဖုန်းရဲ့ 48MP Camera ကို ရိုက်ထားတဲ့ ပုံကို ဝီဘိုမှာ မျှဝေထားပါတယ်။

ရှောင်မီသာ အဲဒီဖုန်းကိုသာ အစောဆုံး ရောင်းချနိုင်မယ်ဆိုရင် Megapixel ပမာဏ အများဆုံး ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ လက်ရှိစံချိန်ကို တင်ထားတာက 41MP ပါတဲ့ Nokia 1020 ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ကြေညာထားတာပါ။ သူဟာ အဲဒီ သရဖူကို နှစ်များစွာကြာ ထိန်းသိမ်းထားတာပါ။ Huawei Mate 20 Pro နဲ့ P20 Pro များမှာ 40MP Camera များ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် သူတို့ဟာ နိုကီယာရဲ့ စံချိန်ကို မချိုးနိုင်သေးပါဘူး။ အခုတော့ ရှောင်မီက နိုကီယာရဲ့ စံချိန်ကို ချိုးတော့မှာ ဖြစ်ပါတယ်။

ယခင်က အဲဒီ စမတ်ဖုန်းဟာ Mi 9 ဖြစ်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခုတော့ သူဟာ Redmi Series ဖြစ်နိုင်တယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီအတွက် ဈေးသက်သာမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 48MP Camera အပြင် အခြား ကင်မရာ ၂ လုံး ထည့်သွင်းထားမှာပါ။ မြင်ကွင်းကျယ် ကင်မရာတစ်လုံး ပါလာမှာပါ။ Qualcomm Snapdragon 675 Chipset ထည့်သွင်းထားနိုင်ပါတယ်။

ဒါ့အပြင် သူဟာ မျက်နှာပြင်အောက်မှာ အရှေ့ ကင်မရာ မြှပ်နှံထားတဲ့ ရှောင်မီရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ ကင်မရာ အပေါက်ကို မျက်နှာပြင်ရဲ့ အထက် ဘယ်ဘက်မှာ ထည့်သွင်းထားတာပါ။ သူဟာ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားတဲ့ ပထမဆုံး Redmi Phone ဖြစ်လာမှာပါ။ လာမယ့်လမှာ သူ့ကို တရားဝင် ကြေညာမှာပါ။ သူ့ရဲ့ တန်ကြေးဟာ ယွမ် ၂၀၀၀ ( ၂၅၄ ယူရို) လောက် ရှိနိုင်ပါတယ်။

Leave a Reply