Enterprise Smartphone Trending

Apple ကို မေကာင္းေျပာျပီးေနာက္ သူကိုယ္တုိင္ Headphone Jack ျဖဳတ္လိုက္တဲ့ Samsung

Zawgyi Version

Samsung က ေနာက္ထြက္စမတ္ဖုန္းအသစ္အေနနဲ႕ Galaxy A8 ကို ေၾကညာလိုက္ပါျပီ။ အဲဒီဖုန္းေလးကေတာ့ Infinity-O display လို႕ေခၚတဲ့ နည္းပညာကို ပထမဆံုးအသံုးျပဳထားတဲ့ စမတ္ဖုန္းေလးလည္း ျဖစ္ျပန္ပါတယ္။ ဆယ္လ္ဖီကင္မရာအတြက္ အေပါက္ေသးေလးတစ္ခုကိုသာ ဒီဇုိင္းအေနနဲ႕ထည့္သြင္းေပးထားတာလည္း ျဖစ္ပါတယ္။

ေနာက္ျပီး headphonejack မပါတဲ့ Samsung ရဲ႕ ပထမဆံုး စမတ္ဖုန္းတစ္လံုးလို႕လည္း ဆိုႏုိင္ပါတယ္။ iPhone သမားေတြအတြက္ေတာ့အကြက္ေတြ႕သြားျပီေပါ့။ Samsung က Apple ကို ဒီကိစၥနဲ႕ပတ္သတ္ျပီး ဗြီဒီယိုေတြထဲမွာလည္းထည့္သြင္းျပီး ေျပာဆိုထားတာကို စာဖတ္သူအားလံုးအသိပါပဲ။ Apple ဟာ ၂၀၁၆ခုႏွစ္ iPhone7 ကေန ဖယ္ရွားလိုက္တာ အခုဆိုရင္ iPhone XS, iPhone XS Max နဲ႕ iPhone XR တို႕အထိ ေရစီးေၾကာင္းတစ္ခုအေနနဲ႕သံုးသြားႏုိင္ခဲ့ပါတယ္။

၂၀၁၆ခုႏွစ္တုန္းက Galaxy Note7 ကို စင္ေပၚမွာ မိတ္ဆက္တုန္းက Samsung အမႈေဆာင္ Justin Denison က headphone jack နဲ႕အတူ ပြဲထြက္လာတယ္ဆိုတဲ့အေၾကာင္းကို အခုလိုေျပာထားပါတယ္။ “ဘာေလးနဲ႕အတူ ပြဲထြက္လာသလဲဆိုတာ သိခ်င္ပါသလား” လို႕ေမးျပီး “audio jack ေလးပါ”လို႕ေျပာလိုက္ေတာ့ ပရိသတ္ေတြ ပြဲက်သြားခဲ့ဖူးပါတယ္။

ဒီႏွစ္အေစာပိုင္းမွာေတာ့ Samsung ဟာ iPhone X ရဲ႕ headphone jack မပါ၀င္မႈကို Galaxy S9 ရဲ႕ အေရာင္းျမွင့္တင္ေၾကာ္ျငာေတြထဲက တစ္ခုျဖစ္တဲ့ “Ingenius” စီးရီးထဲမွာေတာင္ ထည့္သြင္းရိုက္ကူးခဲ့ပါတယ္။

ေၾကာ္ျငာထဲမွာ Apple Store ကို သံုးစြဲသူတစ္ေယာက္ကလာျပီးေတာ့ iPhone X နဲ႕ ၾကိဳးနားၾကပ္သံုးႏုိင္မလား ေမးျမန္းတဲ့အခါမွာ ၀န္ထမ္းက dongle လိုအပ္မယ္ဆိုတဲ့အေၾကာင္း ရွင္းျပေပးလိုက္ပါတယ္။ အဲဒီေနာက္မွာေတာ့ သံုးစြဲသူက တစ္ျပိဳင္နက္တည္း အားသြင္းျခင္းလုပ္ေဆာင္ႏုိင္မလားဆိုေတာ့ dongle တစ္ခုလိုအပ္မွာပါလို႕ ေျဖလိုက္ပါတယ္။ ဒီေတာ့ dongle ႏွစ္ခုသံုးရမွာေပါ့လို႕ သံုးစြဲသူက ေရရြတ္လိုက္ပါတယ္။

တရုတ္ေစ်းကြက္အတြက္ စြမ္းေဆာင္ရည္သင့္အမ်ိဳးအစားျဖစ္တဲ့ Galaxy A8s မွွာ ၾကိဳးနားၾကပ္သံုးခ်င္တယ္ဆိုရင္ေတာ့ သံုးစြဲသူေတြအေနနဲ႕ USB-C to 3.5mm jack adapter သံုးရပါလိမ့္မယ္။

သတင္းေတြအရေတာ့ လာမယ့္ Galaxy S10 မွာ headphone jack ထည့္သြင္းမယ္ဆိုေတာ့ flagship နဲ႕ အျခားဖုန္းေတြကို ခြဲျခားထားတာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ ေအာက္တုိဘာလတုန္းက ကိုရီးယားသတင္းဌာနတစ္ခုျဖစ္တဲ့ ETNews ကေတာ့ Samsung ဟာ headphone jack ကို ၂၀၁၉ခုႏွစ္မွာ Galaxy Note10 ၊ ၂၀၂၀ခုႏွစ္မွာ Galaxy S11 ထုတ္လုပ္ျပီး ဖယ္ထုတ္ဖို႕ စဥ္းစားေနတယ္လို႕ တင္ျပထားခဲ့ဖူးပါတယ္။

Samsung ကေတာ့ Apple ရဲ႕ headphone jack ဖယ္ထုတ္တဲ့အစီအစဥ္ကို ေလွာင္ခဲ့ရံုသာမက ေနာက္ကေနလိုက္လုပ္ေနေတာ့မွာလား။ သူတစ္ေယာက္တည္းမဟုတ္ပါဘူး။ Google ကလည္း original Pixel smartphone ကို ၂၀၁၆မွာ ျပသတုန္းက မထိခလုတ္ စေနာက္ခဲ့ဖူးပါေသးတယ္။ တစ္ႏွစ္ၾကာျပီးေနာက္ Pixel 2 ထုတ္လုပ္တဲ့အခ်ိန္မွာ သူကိုယ္တုိင္လည္း ျဖဳတ္ထားခဲ့ပါတယ္။ ေကာင္းပါတယ္။ အတံု႕အလွည့္ဆိုတာ အျမဲတမ္းရွိေနတဲ့ေလာကၾကီးတစ္ခုအတြင္းမွာ ေနထိုင္ေနရတယ္ဆိုတာ သေဘာေပါက္သင့္ျပီေလ။

Unicode Version

Samsung က နောက်ထွက်စမတ်ဖုန်းအသစ်အနေနဲ့ Galaxy A8 ကို ကြေညာလိုက်ပါပြီ။ အဲဒီဖုန်းလေးကတော့ Infinity-O display လို့ခေါ်တဲ့ နည်းပညာကို ပထမဆုံးအသုံးပြုထားတဲ့ စမတ်ဖုန်းလေးလည်း ဖြစ်ပြန်ပါတယ်။ ဆယ်လ်ဖီကင်မရာအတွက် အပေါက်သေးလေးတစ်ခုကိုသာ ဒီဇိုင်းအနေနဲ့ထည့်သွင်းပေးထားတာလည်း ဖြစ်ပါတယ်။


နောက်ပြီး headphone jack မပါတဲ့ Samsung ရဲ့ ပထမဆုံး စမတ်ဖုန်းတစ်လုံးလို့လည်း ဆိုနိုင်ပါတယ်။ iPhone သမားတွေအတွက်တော့ အကွက်တွေ့သွားပြီပေါ့။ Samsung က Apple ကို ဒီကိစ္စနဲ့ပတ်သတ်ပြီး ဗွီဒီယိုတွေထဲမှာလည်း ထည့်သွင်းပြီး ပြောဆိုထားတာကို စာဖတ်သူအားလုံးအသိပါပဲ။ Apple ဟာ ၂၀၁၆ခုနှစ် iPhone 7 ကနေ ဖယ်ရှားလိုက်တာ အခုဆိုရင် iPhone XS, iPhone XS Max နဲ့ iPhone XR တို့အထိ ရေစီးကြောင်းတစ်ခုအနေနဲ့သုံးသွားနိုင်ခဲ့ပါတယ်။


၂၀၁၆ခုနှစ်တုန်းက Galaxy Note7 ကို စင်ပေါ်မှာ မိတ်ဆက်တုန်းက Samsung အမှုဆောင် Justin Denison က headphone jack နဲ့အတူ ပွဲထွက်လာတယ်ဆိုတဲ့အကြောင်းကို အခုလိုပြောထားပါတယ်။ “ဘာလေးနဲ့အတူ ပွဲထွက်လာသလဲဆိုတာ သိချင်ပါသလား” လို့မေးပြီး “audio jack လေးပါ”လို့ပြောလိုက်တော့ ပရိသတ်တွေ ပွဲကျသွားခဲ့ဖူးပါတယ်။


ဒီနှစ်အစောပိုင်းမှာတော့ Samsung ဟာ iPhone X ရဲ့ headphone jack မပါဝင်မှုကို Galaxy S9 ရဲ့ အရောင်းမြှင့်တင်ကြော်ငြာတွေထဲက တစ်ခုဖြစ်တဲ့ “Ingenius” စီးရီးထဲမှာတောင် ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။


ကြော်ငြာထဲမှာ Apple Store ကို သုံးစွဲသူတစ်ယောက်ကလာပြီးတော့ iPhone X နဲ့ ကြိုးနားကြပ်သုံးနိုင်မလား မေးမြန်းတဲ့အခါမှာ ဝန်ထမ်းက dongle လိုအပ်မယ်ဆိုတဲ့အကြောင်း ရှင်းပြပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သုံးစွဲသူက တစ်ပြိုင်နက်တည်း အားသွင်းခြင်းလုပ်ဆောင်နိုင်မလားဆိုတော့ dongle တစ်ခုလိုအပ်မှာပါလို့ ဖြေလိုက်ပါတယ်။ ဒီတော့ dongle နှစ်ခုသုံးရမှာပေါ့လို့ သုံးစွဲသူက ရေရွတ်လိုက်ပါတယ်။


တရုတ်ဈေးကွက်အတွက် စွမ်းဆောင်ရည်သင့်အမျိုးအစားဖြစ်တဲ့ Galaxy A8s မှာ ကြိုးနားကြပ်သုံးချင်တယ်ဆိုရင်တော့ သုံးစွဲသူတွေအနေနဲ့ USB-C to 3.5mm jack adapter သုံးရပါလိမ့်မယ်။


သတင်းတွေအရတော့ လာမယ့် Galaxy S10 မှာ headphone jack ထည့်သွင်းမယ်ဆိုတော့ flagship နဲ့ အခြားဖုန်းတွေကို ခွဲခြားထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အောက်တိုဘာလတုန်းက ကိုရီးယားသတင်းဌာနတစ်ခုဖြစ်တဲ့ ETNews ကတော့ Samsung ဟာ headphone jack ကို ၂၀၁၉ခုနှစ်မှာ Galaxy Note10 ၊ ၂၀၂၀ခုနှစ်မှာ Galaxy S11 ထုတ်လုပ်ပြီး ဖယ်ထုတ်ဖို့ စဉ်းစားနေတယ်လို့ တင်ပြထားခဲ့ဖူးပါတယ်။


Samsung ကတော့ Apple ရဲ့ headphone jack ဖယ်ထုတ်တဲ့အစီအစဉ်ကို လှောင်ခဲ့ရုံသာမက နောက်ကနေလိုက်လုပ်နေတော့မှာလား။ သူတစ်ယောက်တည်းမဟုတ်ပါဘူး။ Google ကလည်း original Pixel smartphone ကို ၂၀၁၆မှာ ပြသတုန်းက မထိခလုတ် စနောက်ခဲ့ဖူးပါသေးတယ်။ တစ်နှစ်ကြာပြီးနောက် Pixel 2 ထုတ်လုပ်တဲ့အချိန်မှာ သူကိုယ်တိုင်လည်း ဖြုတ်ထားခဲ့ပါတယ်။ ကောင်းပါတယ်။ အတုံ့အလှည့်ဆိုတာ အမြဲတမ်းရှိနေတဲ့လောကကြီးတစ်ခုအတွင်းမှာ နေထိုင်နေရတယ်ဆိုတာ သဘောပေါက်သင့်ပြီလေ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.