Uncategorized

AI FrontCamera ပါတဲ့ Vivo Y93s





unicode


Vivo က တရုတ်မှာ Y93s ကို ကြေညာလိုက်ပါတယ်။ Aurora Blue, Aurora Red, Starry Night Black, နဲ့ Zixia Red အရောင်များ ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်ဟာ ပြောင်လက်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ယွမ် ၁၆၉၈ ( ယူရို ၂၁၅ ) သတ်မှတ်ထားပါတယ်။

သူ့မှာ ၆.၂ လက်မ HD+ Display ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ Waterdrop Notch မှာ ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ Octa-core MediaTek Helio P22 Chipset , 4GB RAM , 128GB Storage များ ထည့်သွင်းထားပါတယ်။ 256GB microSD Card စိုက်နိုင်ပါတယ်။ ဂိမ်းကစားသူများအတွက် E-sports Mode 2.0 ထည့်သွင်းထားပြီး ဂိမ်းကစားတဲ့ အခါမှာ လျှင်မြန်သွက်လက်ပါတယ်။

အနောက်ဘက်မှာ 13+2MP Dual Camera များ ထည့်သွင်းထားပြီး AI Portrait Mode , PDAF လို လုပ်ဆောင်ချက်များ ပါပါတယ်။ အရှေ့ဘက်မှာ 8MP AI Camera ထည့်သွင်းထားပြီး AI Face Wake လုပ်ဆောင်ချက် ပါပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာ မျက်နှာကို အာရုံခံခြင်းဖြင့် ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ AI Beautification နဲ့ AR Stickers လုပ်ဆောင်ချက်များလည်း ပါပါတယ်။ သူ့မှာ လက်ဗွေရာ အာရုံခံ ကိရိယာတော့ မပါပါဘူး။

သူ့မှာ Vivo ရဲ့ Jovi အမည်ရ ကိုယ်ပိုင် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါပါတယ်။ dual-SIM, 4G VoLTE, Wi-Fi, Bluetooth, GPS, OTG စတဲ့ ဆက်သွယ်မှုများ ပါပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.