Posted on Leave a comment

မ်က္ႏွာျပင္ေအာက္အေရွ႕ကင္မရာ ျမွပ္ႏွံထားတဲ့ ကမာၻ႕ ပထမဆံုး ဖုန္းကို Samsung ေၾကညာ

မ်က္ႏွာျပင္ေအာက္အေရွ႕ကင္မရာ ျမွပ္ႏွံထားတဲ့ ကမာၻ႕ ပထမဆံုး ဖုန္းကေတာ့ Samsung Galaxy A8s ျဖစ္သြားပါတယ္။အဲဒီအတြက္ Huawie Honor View 20 ကို ေနာက္ေကာက္ခ်လိုက္ပါတယ္။ Galaxy A8s ရဲ႕ အေရွ႕ဘက္စကရင္ရဲ႕ အထက္ ဘယ္ဘက္ေထာင့္မွာ 24MP Camera ကို ျမွပ္ႏွံထားပါတယ္။ အဲဒီမ်က္ႏွာျပင္ဒီဇိုင္းကို Infinity-O လို႔ ဆမ္ေဆာင္းက အမည္ေပးထားပါတယ္။

သူ႔မွာ ၆.၄ လက္မ 1080x2340p 19.5:9 Display ထည့္သြင္းထားပါတယ္။ Samsung က Super AMOLED လို႔ မေျပာသြားတဲ့ အတြက္ ယခင္ထြက္ခဲ့တဲ့ သတင္းအတိုင္း BOE က ထုတ္ေပးထားတဲ့ LCD IPS ျဖစ္ႏုိင္ပါတယ္။ 6 or 8GB RAM မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ 128GB Storage ထည့္သြင္းထားၿပီး 512GB microSD Card စိုက္ႏုိင္ပါတယ္။

Snapdragon 710 Chipset က စြမ္းရည္ျမင့္မားပါတယ္။ အေနာက္ဘက္မွာ 24MP Main Sensor , 10MP Telephoto Sensor နဲ႔ 5MP Depth Sensor မ်ား ထည့္သြင္းထားပါတယ္။ Fingerprint Scanner ကို အေနာက္ဘက္မွာျမွပ္ႏွံထားပါတယ္။ 3400mAh Battery ကို USB-C Port ကေန လွ်င္ျမန္စြာ အားသြင္းႏိုင္ပါတယ္။ Android 8.1 Oreo ကို Samsung UI နဲ႔ ေပါင္းစပ္ထားပါတယ္။

ဆမ္ေဆာင္းကေစ်းႏႈန္းကို မေျပာေသးပါဘူး။ Specs မ်ားအရ သူဟာ စြမ္းရည္သင့္ ဖုန္းမ်ားရဲ႕ ေစ်းထက္အနည္းငယ္ ပိုႏုိင္ပါတယ္။ တရုတ္မွာ ဒီဇင္ဘာလ ၂၁ ရက္ေန႔တြင္ ႀကိဳတင္မွာယူႏုိင္ပါၿပီ။ အျပာ၊ အညိဳနဲ႔ အစိမ္းေရာင္မ်ား ထုတ္လုပ္ထားပါတယ္။

unicode

မျက်နှာပြင်အောက် အရှေ့ကင်မရာ မြှပ်နှံထားတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းကို Samsung ကြေညာ

မျက်နှာပြင်အောက် အရှေ့ကင်မရာ မြှပ်နှံထားတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းကတော့ Samsung Galaxy A8s ဖြစ်သွားပါတယ်။ အဲဒီအတွက် Huawie Honor View 20 ကို နောက်ကောက်ချလိုက်ပါတယ်။ Galaxy A8s ရဲ့ အရှေ့ဘက် စကရင်ရဲ့ အထက် ဘယ်ဘက်ထောင့်မှာ 24MP Camera ကို မြှပ်နှံထားပါတယ်။ အဲဒီမျက်နှာပြင် ဒီဇိုင်းကို Infinity-O လို့ ဆမ်ဆောင်းက အမည်ပေးထားပါတယ်။

သူ့မှာ ၆.၄ လက်မ 1080x2340p 19.5:9 Display ထည့်သွင်းထားပါတယ်။ Samsung က Super AMOLED လို့ မပြောသွားတဲ့ အတွက် ယခင်ထွက်ခဲ့တဲ့ သတင်းအတိုင်း BOE က ထုတ်ပေးထားတဲ့ LCD IPS ဖြစ်နိုင်ပါတယ်။ 6 or 8GB RAM များ ရွေးချယ်နိုင်ပါတယ်။ 128GB Storage ထည့်သွင်းထားပြီး 512GB microSD Card စိုက်နိုင်ပါတယ်။

Snapdragon 710 Chipset က စွမ်းရည်မြင့်မားပါတယ်။ အနောက်ဘက်မှာ 24MP Main Sensor , 10MP Telephoto Sensor နဲ့ 5MP Depth Sensor များ ထည့်သွင်းထားပါတယ်။ Fingerprint Scanner ကို အနောက်ဘက်မှာမြှပ်နှံထားပါတယ်။ 3400mAh Battery ကို USB-C Port ကနေ လျှင်မြန်စွာ အားသွင်းနိုင်ပါတယ်။ Android 8.1 Oreo ကို Samsung UI နဲ့ ပေါင်းစပ်ထားပါတယ်။

ဆမ်ဆောင်းက ဈေးနှုန်းကို မပြောသေးပါဘူး။ Specs များအရ သူဟာ စွမ်းရည်သင့် ဖုန်းများရဲ့ ဈေးထက် အနည်းငယ် ပိုနိုင်ပါတယ်။ တရုတ်မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကြိုတင်မှာယူနိုင်ပါပြီ။ အပြာ၊ အညိုနဲ့ အစိမ်းရောင်များ ထုတ်လုပ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.