Posted on Leave a comment

တရုတ္မွာ iPhone ေရာင္းခ်မႈကို ပိတ္ပင္

Apple နဲ႔ Qualcomm တို႔ဟာ တရုတ္မွာ မူပိုင္ခြင့္ ဆိုင္ရာ အမႈတစ္ခုကို ရင္ဆိုင္ေနၾကပါတယ္။  အခုေတာ့ အဲဒီ အမႈမွာ တရုတ္ တရားရံုးက Qualcomm အား အႏိုင္ေပးလိုက္ပါတယ္။ Qualcomm က iOS မွ ေဆာ့ဖ္၀ဲ လုပ္ေဆာင္ အနည္းငယ္ဟာ သူ႔ရဲ႕ Patents မ်ားကေန ယူသံုးထားတယ္လို႔ တရားစြဲခဲ့တာ ျဖစ္ပါတယ္။

တရားရံုးက တရုတ္မွာ iPhone X, 8 , 8 Plus နဲ႔ iPhone 6s အထိ ေမာ္ဒယ္ အေဟာင္းမ်ားအား တင္သြင္း ေရာင္းခ်ျခင္းကို ယာယီ ပိတ္ပင္လိုက္ပါတယ္။ အဲဒီ Patent မ်ားဟာ iOS မွာ ဓါတ္ပံု အရြယ္အစားမ်ားကို ခ်ိန္ညွိျခင္း၊ ေဖာ္မက္ခ်ျခင္းနဲ႔ Apps မ်ားကို ေျပာင္းလဲ အသံုးျပဳျခင္းမ်ားနဲ႔ သက္ဆိုင္ေနပါတယ္။ တရုတ္မွာ ပိတ္ပင္လိုက္တဲ့ အထဲမွာ ၂၀၁၈ ခုႏွစ္ထုတ္ အိုင္ဖုန္းမ်ား ျဖစ္တဲ့ iPhone XS, XS Max နဲ႔ XR မ်ား မပါ၀င္ပါဘူး။

Apple က ေနာက္ဆံုးထုတ္ iOS Version မွာ Qualcomm ရဲ႕ ေဆာ့ဖ္၀ဲ လုပ္ေဆာင္ခ်က္မ်ား မပါဘူးလို႔ ေျပာပါတယ္။ Apple က တရုတ္မွာ အိုင္ဖုန္း ေရာင္းခ်ျခင္းကို ပိတ္ပင္ထားတဲ့ တရားရံုးရဲ႕ ဆံုးျဖတ္ခ်က္ကို အယူခံ၀င္ထားပါတယ္။ Qualcomm က အေမရိကန္မွာလည္း တရုတ္မွာလို ပိတ္ပင္ဖို႔ ေတာင္းဆိုထားပါတယ္။

Qualcomm ကသူ႔ရဲ႕ Patent မ်ားကို ယူသံုးျခင္းနဲ႔ လိုင္စင္ေၾကး အျဖစ္ ေဒၚလာ ၇ ဘီလီယမ္ကိုApple ထံကေန အလိုရွိေနပါတယ္။ ယခင္ကေတာ့ Apple ဟာ သူ႔ရဲ႕ ထုတ္ကုန္ တစ္ခု ေရာင္းခ်ရတိုင္းQualcomm ရဲ႕ နည္းပညာအတြက္ လိုင္စင္ေၾကးေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကမွ Qualcomm ရဲ႕Patent မ်ားဟာ တရားမ၀င္ဘူးလို႔ ေျပာၿပီး လိုင္စင္ေၾကးေပးျခင္းကို ရပ္နားခဲ့ပါတယ္။

တရုတ်မှာ iPhone ရောင်းချမှုကို ပိတ်ပင်

Apple နဲ့ Qualcomm တို့ဟာ တရုတ်မှာ မူပိုင်ခွင့် ဆိုင်ရာ အမှုတစ်ခုကို ရင်ဆိုင်နေကြပါတယ်။ အခုတော့ အဲဒီ အမှုမှာ တရုတ် တရားရုံးက Qualcomm အား အနိုင်ပေးလိုက်ပါတယ်။ Qualcomm က iOS မှ ဆော့ဖ်ဝဲ လုပ်ဆောင် အနည်းငယ်ဟာ သူ့ရဲ့ Patents များကနေ ယူသုံးထားတယ်လို့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

တရားရုံးက တရုတ်မှာ iPhone X, 8 , 8 Plus နဲ့ iPhone 6s အထိ မော်ဒယ် အဟောင်းများအား တင်သွင်း ရောင်းချခြင်းကို ယာယီ ပိတ်ပင်လိုက်ပါတယ်။ အဲဒီ Patent များဟာ iOS မှာ ဓါတ်ပုံ အရွယ်အစားများကို ချိန်ညှိခြင်း၊ ဖော်မက်ချခြင်းနဲ့ Apps များကို ပြောင်းလဲ အသုံးပြုခြင်းများနဲ့ သက်ဆိုင်နေပါတယ်။ တရုတ်မှာ ပိတ်ပင်လိုက်တဲ့ အထဲမှာ ၂၀၁၈ ခုနှစ်ထုတ် အိုင်ဖုန်းများ ဖြစ်တဲ့ iPhone XS, XS Max နဲ့ XR များ မပါဝင်ပါဘူး။

Apple က နောက်ဆုံးထုတ် iOS Version မှာ Qualcomm ရဲ့ ဆော့ဖ်ဝဲ လုပ်ဆောင်ချက်များ မပါဘူးလို့ ပြောပါတယ်။ Apple က တရုတ်မှာ အိုင်ဖုန်း ရောင်းချခြင်းကို ပိတ်ပင်ထားတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ထားပါတယ်။ Qualcomm က အမေရိကန်မှာလည်း တရုတ်မှာလို ပိတ်ပင်ဖို့ တောင်းဆိုထားပါတယ်။

Qualcomm က သူ့ရဲ့ Patent များကို ယူသုံးခြင်းနဲ့ လိုင်စင်ကြေး အဖြစ် ဒေါ်လာ ၇ ဘီလီယမ်ကို Apple ထံကနေ အလိုရှိနေပါတယ်။ ယခင်ကတော့ Apple ဟာ သူ့ရဲ့ ထုတ်ကုန် တစ်ခု ရောင်းချရတိုင်း Qualcomm ရဲ့ နည်းပညာအတွက် လိုင်စင်ကြေးပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကမှ Qualcomm ရဲ့ Patent များဟာ တရားမဝင်ဘူးလို့ ပြောပြီး လိုင်စင်ကြေးပေးခြင်းကို ရပ်နားခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.